ဖယ်ခုံ- ညောင်ရွှေလမ်း ကို စစ်ကောင်စီက ပိတ်ထား

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် သျှမ်းတောင်ဖယ်ခုံမြို့သို့ သွားမည့် ဖယ်ခုံ-ညောင်ရွှေလမ်းမကို စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပအို၀်းအမျိုးသားတပ်မတော် (PNA)တို့က ပိတ်ထားကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေလ ၁၈) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်ရှိ ပင်လောင်း- တောင်ကြီး-ကျောက်တလုံး-ဆိုက်ခေါက် နှင့် ဖယ်ခုံမြို့နယ်တို့ ဆက်သွယ်ထားသည့် မှော်ဘီတံတားဂိတ်ကို စစ်ကောင်စီ နှင့် PNA တို့က ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ သံဆူးကာဖြင့် ကားလမ်းမ ပိတ်ထား

“ဟုတ်ပါတယ်၊ အဲ့လမ်းကို မှော်ဘီတံတားကနေ စပိတ်လိုက်တာ၊ သံဆူးကာတွေနဲ့ စစ်သား အစောင့်တွေချထား တယ်၊ ဆိုင်ကယ်ဆို ဆင်းတွန်းရတယ်၊ ကားတွေတော့ အနီးနားရွာက မဟုတ်ရင် ပေးမဖြတ်ဘူး” ဟုဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မှော်ဘီတံတားမှ လမ်းကြောင်းတွေကိုပိတ်လိုက်သည့်အတွက် ဒေသတွင်းမှ ထွက်ကုန်/ ကုန်စိမ်းများ ရောင်းချနိုင်ရန်အတွက် အခက်အခဲရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းသို့ ဆက်သွယ်ထားသည့် ကုန်းလမ်းရေလမ်း များ အားလုံးကို စစ်ကောင်စီတို့ဘက်မှ ပိတ်ပင်တားဆီးနေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေ ကြသည်။

စစ်ကောင်စီမှ သံဆူးကာဖြင့် ကားလမ်းမကို ပိတ်ထား

“ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီနဲ့ PNA တွေ မီးရှို့တိုက်ခိုက်ခဲ့တဲ့နေ့ကစပြီး ဖယ်ခုံအရှေ့ကမ်းကို လာတဲ့ ရေကြောင်းလမ်းကို စစ်ကောင်စီတွေ ပိတ်လိုက်ပြီလေ၊ အခုလည်း ညောင်ရွှေမြို့ကနေ ဖယ်ခုံဘက်ကို လာတဲ့ ကုန်းလမ်းမှာ မှော်ဘီတံတားကနေ ပိတ်လိုက်ပြီဆိုတော့ လမ်းကြောင်းအားလုံးကို လိုက်ပိတ်နေတဲ့သဘောပဲ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိပိတ်ထားသည့် မှော်ဘီတံတားလမ်းကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်း နှင့် အချိန်ကြာမြင့်စွာ ပိတ်ထားပါက ပြည်သူများ၏ ဒေသထွက်ကုန်စည် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်ရေး အတွက် အခက်အခဲရှိလာနိုင်ကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့မှ မြို့ရွာများတွင် စစ်ကောင်စီတို့ဘက်မှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တင့်ကားများ  လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ရွာသားများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခြင်းများရှိ နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...