Friday, April 26, 2024

ကျိုင်းတုံမြို့  ဈေးဖွင့်သည့်နေရာ လောင်းကစားဝိုင်းလာရောက်ဖွင့်လှစ်

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ နယ် မိုင်းလန်းကျေးရွာအုပ်စုအတွင်းရှိ ဝမ်ဝိုးကျေးရွာစျေးထဲတွင် ညနေတိုင်း လောင်းကစား၀ိုင်းများ လာရောက်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ လောင်းကစား၀ိုင်းသည် ကျေးရွာစျေးပိတ်ချိန် ညနေပိုင်းတွင် လာရောက်ဖွင့်လှစ်သည်မှာ တလနီးပါး ကြာပြီဖြစ်ကြောင်း၊ ထိုနေရာတွင် လူသွားလူလာများသည့်နေရာ ဖြစ်သဖြင့် အမျိုးသမီးများအတွက် ခက်ခဲကြောင်း အသက် ၃၀ အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“မနက်ပိုင်းဆိုရင် ဈေးတန်းလေးပေ့ါ၊ ညနေဆိုရင် ဝိုင်းပေါ့၊ ပြီးတော့ အဲ့ဘက် ဖြတ်သွားဖြတ်လာလုပ်ဖို့ တော်ရုံဆို မရဲတော့ဘူး၊ အဓိကက မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေပေါ့၊ တခါတလေ လောင်းကစား လာဆော့တဲ့ သူတွေက မူးတာသောက်တာလည်းရှိတော့ အော်ဟစ်နေတာတွေရှိတယ်၊ ဘယ်လူကြီးမှလည်း လာပိတ်တာ တားဆီးတာ မရှိဘူး”ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျိုင်းတုံမြို့

အဆိုပါ လောင်းကစားဝိုင်းပြုလုပ်နေသည့် နေရာသည် မနက်ပိုင်း ဈေးတန်းငယ်/ ဈေးရောင်းရာနေရာဖြစ်ပြီး  ညဘက်တွင် လောင်းကစားဝိုင်းသို့ လာသူများ သောက်စားထားသည့် အမှိုက်သရိုက်များကို ဈေးသည်များက လာရောက်ရှင်းလင်းရသည့်အခါများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ညဘက် လောင်းကစားဝိုင်းလုပ်ရင်း သောက်စားထားတာတွေ ပြီးတော့ စီးကရက်ဗူးခွံတွေကို ဈေးသည် တွေ လာသိမ်းရတဲ့ အခါရှိတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့် ပက်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများကို တိုင်တန်းပြောဆိုထားသော်လည်း ၎င်းတို့က မည်သည့် တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

လောင်းကစားဝိုင်းသည် ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ ည ၉ နာရီအထိ လုပ်လေ့ရှိကြောင်းနှင့် အများအားဖြင့် ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်းနှင့် တခြား လောင်းကစားဝိုင်းများရှိနေကာ သက်ဆိုင်ရာ အာဏာပိုင်များမှ လာရောက်ပြောဆို တားမြစ်ခြင်းမရှိပေ။

Leave a Comments

- Advertisement -spot_img

Latest article