သို့- သျှမ်းသံတော်ဆင့်

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း၌ ဌာနေပြည်သူ့စစ်များ၏ တပ်သားသစ်စုဆောင်းနေမှုများကြောင့် ဒေသခံပြည် သူလူထုမှာ အခက်အခဲနှင့်ကြုံတွေ့နေရပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန််းမြို့နယ် နှင့် မိုင်းရယ်မြို့နယ်ကြား နမ့်ပေါင်ကျေးရွာအုပ်စုအပါအဝင် အဆိုပါဒေသကျေးရွာအုပ်စုများဘက်တွင် လှုပ်ရှားနေသည့် ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေပြည် သူ့စစ်တပ်ဖွဲ့မှာ တဖန်ပြန်ပြီး တပ်သားသစ်တွေ ကောက်ယူစုဆောင်း နေသဖြင့် ဒေသခံများ အခက် တွေ့နေပါသည်။

အထက်မှညွန်ကြားချက်အရဟုဆိုကာ မန်ပန်ဌာနေပြည်သူ့စစ်၏ နိုင်ငံရေးရုံးခွဲအရာရှိများက ရုံးခွဲတခုမှာ တပ်သားသစ် ၃၀ ကနေ ၄၀ အထိ တောင်းလာတယ်လို့ဆိုပါတယ်။ အခုလိုတောင်းခံခြင်းခံရတဲ့ ရွာတွေက တော့ နမ့်ပေါင်အုပ်စု ပိန်းညောင်အုပ်စု ၊ နားနန်းအုပ်စု၊ မုံးပိုင်အုပ်စု၊ ဟိုနား၊ ကုန်းဆာ၊ နားနန်း၊ပန်ဟုန်း အစရှိ အုပ်စုများဖြစ် ပါတယ်။

တအုပ်စုစီအတွက် ပါလာတဲ့အမည်စာရင်းတွေထဲမှာ သင်္ကန်းဝတ်နေဆဲ ကိုယ်တော်တွေအမည် တွေ၊ နိုင်ငံခြားသွားအလုပ်လုပ်နေသူတွေ၊ အသက် ၅၀ ကျော် ၆၀ ကျော်သူတွေရဲ့ အမည်တွေပါ ပါရှိပြီး အမည်စာရင်းပါသူအားလုံးမလာမနေရ ပို့ပေးရမယ်လို့ ဆိုပါတယ်။

ပန်ဟုန်းအုပ်စုမှာ လူသစ်အရေအတွက် ၃၀ ပြည့်အောင်ကောက်ဖို့ တာဝန်ကျတဲ့ အရာရှိကတော့ ပိန်းခန်တပ်စခန်းက ဗိုလ်ကြီး အိုက်လွန်း။ မုံးပိုင်၊ တွန်းနေ၊ နားနန်း၊ ဟိုနား-ကုန်းဆာ မှာတပ်သားသစ် ၄၀ ပြည့်အောင်ကောက်ဖို့တာဝန်ကျသူကတော့ ၀မ့်နောင်တပ်စခန်းက ဗိုလ်ကြီးစိုင်းညွန့်ဖြစ်ပါသည်။ မေလ ၂၀ ရက်မှာ စာရင်းအရ လူအပြည့် ပို့ပေးဖို့ ဌာနချုပ်က မှာကြားထားကြောင်းလည်း ပြောဆိုလာပါသည်။

ဒေသခံများအနေဖြင့် စိုးရိမ်မိတာတခုက – ယခင်၄င်းတို့လုပ်နေကျထုံးစံအတိုင်း တပ်သားသစ်ကောက်ပြီး ရင် အစိုးရ တပ်မတော်ထံ ပို့ဆောင်မည်ဆိုသည့်သတင်းက ပျံ့နေသည့်အတွက် အရမ်းကို စိုးရိမ်နေရ ပါသည်။ ကျနော်တို့ဒေသခံပြည်သူလူထုမှာ မကြာသေးခင်ကဘဲ သူတို့အဖွဲ့ ရံပုံငွေလာကောက်လို့ တအုပ်စု ကျပ်သိန်း သိန်းပေါင်းများစွာ ပို့ပေးခဲ့ရသေးသည်။ စီးပွါးရေးကျပ်တည်းသော ယနေ့ခေတ်အဖို့ ထိုအတွက်ပင်လျှင် ကျနော်တို့အတွက်ကြီးမားသောဝန်ထုပ်ဝန်ပိုးတခုဖြစ်နေပါပြီ။ အခုပိုက်ဆံ၊ ဆန် သာမက လူကိုပါ ထပ်တောင်းလာတော့ ကျနော်တို့ရွာသားတွေအတွက် ဘာမှအကျိုးမရှိသော အဆိုပါအဖွဲ့ထံ တပ်သားသွား မလုပ်လိုပါ။ ထို့ကြောင့် ကျနော်တို့ ဒေသခံရွာသားတွေကို မည်သူ ကယ်တင်နိုင်မည်နည်း။

မွေးရပ်မြေကိုချစ်တဲ့
မြောက်ပိုင်းသား
စိုင်းအိုက်လျဲန်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...