အောင်ပန်းမြို့ ပန်းပဲလုပ် အိမ်ရှင်ကိုရှာမတွေ့ ဘေးအိမ်မှ အမျိုးသမီးကို စစ်ကောင်စီ မှ ပါးရိုက်သွား/ရာအိမ်မှူးတစ်ယောက် အဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ပန်းပဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦး နှင့် ၎င်း၏ညီမကို ဖမ်းဆီးရန် စစ်ကောင်စီမှ အကြိမ်ကြိမ်လာရှာသော်လည်း ရှာမတွေ့သဖြင့် ဘေးအိမ်မှ ချောင်းကြည့်သည့် အမျိုးသမီးတစ်ဦးကို ရိုက်နှက်သွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့  ည ၁၀ နာရီကျော် ဝန်းကျင်တွင် အောင်ပန်းမြို့  ရွာငံစု ရပ်ကွက်ရှိ ပန်းပဲလုပ်ငန်း လုပ်ကိုင်သည့် အိမ်ရှင်အမျိုးသားနှင့် ညီမဖြစ်သူကို ဖမ်းဆီးရန်လာသည့် စစ်ကောင်စီသည် ဘေးအိမ်မှ အမျိုးသမီးကို ရိုက်နှက်သွားပြီး အပြန်လမ်းတွင် ရာအိမ်မှူးကိုလည်း ဖမ်းသွားကြောင်း ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီအိမ်ကို စစ်ကောင်စီတွေလာရှာတာ ငါးကြိမ်လောက်ရှိနေပြီ၊ အိမ်ရှင်တွေက ရှောင်နေကြတာလေ၊ အဲ့ဒါ မနေ့ကလည်း လာရှာတယ်၊ ဘေးအိမ်က အမျိုးသမီးက ချောင်းကြည့်နေတာ တွေ့သွားပြီး အဲ့အမျိုးသမီးကို ပါးရိုက်သွားတယ်၊ ပြီးတော့ သူတို့အပြန်လမ်းမှာတွေ့တဲ့ ရာအိမ်မှူးကိုလည်း ညအပြင်ထွက်လို့ ဆိုပြီး ဖမ်းသွားတယ်” ဟု ရွာငံစုရပ်ကွက်မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောင်ပန်းမြို့ ပန်းပဲလုပ် အိမ်လမ်း

စစ်ကောင်စီတပ်သားတို့ ဖမ်းဆီးရန်လာရှာသည့် ပန်းပဲလုပ်ငန်းမှ အမျိုးသားနှင့် ညီမဖြစ်သူတို့သည် ပြီးခဲ့သည့် အောင်ပန်းမြို့တွင်း ဆန္ဒပြမှုများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူငယ်များ လိုအပ်သည့် ပန်းပဲဆိုင်ရာ equipment များကို ကူညီထောက်ပံ့ပေးခဲ့သဖြင့် အပူတပြင်း ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။


“သူတို့က အဲ့လိုမျိုးတွေကူညီဖူးတာရှိတော့ အခုလည်း ဒီလက်လုပ်သေနတ်တွေ လက်လုပ်မှိုင်းတွေကို သူတို့လုပ် ပေးနေတယ်လို့ ဒီက စကစတွေထင်နေကြတာ၊ အဲ့ကြောင့်သူတို့အိမ်ကို အခါခါလာရှာတယ်၊ ဒါပေမဲ့ သူတို့ရှောင် သွားတာကြာနေပြီ” ဟု ၎င်းတို့နှင့် ရင်းနှီးသည့် အမည်မဖော်လိုသူ အောင်ပန်းဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။


ထို့အပြင် ညနက်ချိန် အပြင်ထွက်သဖြင့် ဖမ်းဆီးခံထားရသည့် အောင်ပန်းမြို့  ရွာငံစုရပ်ကွက်မှ ရာအိမ်မှူးကို လည်း ပိုက်ဆံဖြင့် လာရောက်ရွေးထုတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် စစ်ကောင်စီ တပ်သားတို့ ပြောဆိုကြောင်း သိရသည်။

လက်ရှိအချိန်တွင် အောင်ပန်းမြို့ အတွင်း၌ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုများ မရှိသော်လည်း စစ်တပ်ထောက်ခံသူများနှင့် ဆက်စပ်ပက်သက်သည့် ဌာနများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သတိပေး တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတို့မှ လမ်းသွားလမ်းလာ ပြည်သူများနှင့် ရပ်ကွက်နေ ပြည်သူလူထု များကို စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ သံသယမှုဖြင့် ဖမ်းဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များဖြင့် ပြည်သူ များကို ဆက်ဆံနေကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...