Wednesday, January 28, 2026

မူဆယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရပ်ကွက်အလိုက် အလှူငွေ (၁၀)သိန်း အထက် မဖြစ်မနေ ပေးလှူရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ သံဃာတော်များ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် မူဆယ်မြို့တွင်းရှိ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်များအလိုက် အလှူငွေ (၁၀)သိန်းအထက် ထည့်လှူရကြောင်း စုံစမ်းသိရှိရသည်။

မူဆယ် ဆွမ်းဆန်စိမ်းလှူ

စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မူဆယ်မြို့နယ်ရှိ ရပ်ကွက်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်သူ့စစ်များ၊ ကျေးရွာအုပ်စုများနှင့် အစိုးရဌာနများသည် ကော်မတီရန်ပုံငွေအဖြစ် ငွေကျပ် (၁၀)သိန်းအထက် ထည့်လှူနေရကြောင်း မူဆယ်ဒေသခံတစ်ဦး က ပြောသည်။

“ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖြစ်လာဖို့အတွက် ခရိုင်ကနေတဆင့် ညွှန်ကြားလာတာကတော့ ရပ်ကွက်အလိုက် ငွေ (၁၀)သိန်း အထက် မဖြစ်မနေ ထည့်ရတယ်။ မူဆယ်မြို့နယ်ထဲတော့ အကုန်ကောက်တယ်။ တစ်ခြားမြို့နယ်တွေတော့ ကျနော်တို့လဲ မသိရဘူး” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ကျင်းပပြုလုပ်သည့် သံဃာတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသည် စစ်ကောင်စီ၏ ယတြာချေသည့် အလှူသာ ဖြစ်ကြောင်း မူဆယ်ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

မူဆယ် ဆွမ်းဆန်စိမ်းအလှူ

“ဒေသတွင်း ရိုးရာ ဆွမ်းဆန်စိမ်းလောင်းတဲ့ရာသီက ဒီရာသီမဟုတ်သေးဘူး။ နိုင်ငံရေးရှုပ်ထွေးနေချိန်မှာ သူတို့လုပ်တာ သူတို့အတွက် ယတြာချေဖို့ သပ်သပ်ပဲ လို့ ကျနော်တို့ မြင်တယ်” ဟု မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကျင်းပသည့် သံဃာတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသည် ဧပြီ (၉)ရက်နေ့က မူဆယ်လေယာဉ်ကွင်းဟောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုန်းကြီးကျောင်း (၁၀၂)ကျောင်း ပင့်ဆောင်ပြီး သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၀၀၀)ကျော် လာရောက်ဆွမ်းခံခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထို လာရောက် ဆွမ်းခံသည့် ကျောင်းများသည် မူဆယ်ခရိုင်အတွင်း မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်၊ မုံးကိုး၊ မန့်ဟျှိုး(မန့်ဟီးရိုး)၊ ပန်ဆိုင်း၊ မုံးပေါ် စသည့် ကျောင်းများမှ ပင့်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...