မူဆယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရပ်ကွက်အလိုက် အလှူငွေ (၁၀)သိန်း အထက် မဖြစ်မနေ ပေးလှူရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ သံဃာတော်များ ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် မူဆယ်မြို့တွင်းရှိ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်များအလိုက် အလှူငွေ (၁၀)သိန်းအထက် ထည့်လှူရကြောင်း စုံစမ်းသိရှိရသည်။

မူဆယ် ဆွမ်းဆန်စိမ်းလှူ

စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် မူဆယ်မြို့နယ်ရှိ ရပ်ကွက်များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပြည်သူ့စစ်များ၊ ကျေးရွာအုပ်စုများနှင့် အစိုးရဌာနများသည် ကော်မတီရန်ပုံငွေအဖြစ် ငွေကျပ် (၁၀)သိန်းအထက် ထည့်လှူနေရကြောင်း မူဆယ်ဒေသခံတစ်ဦး က ပြောသည်။

“ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖြစ်လာဖို့အတွက် ခရိုင်ကနေတဆင့် ညွှန်ကြားလာတာကတော့ ရပ်ကွက်အလိုက် ငွေ (၁၀)သိန်း အထက် မဖြစ်မနေ ထည့်ရတယ်။ မူဆယ်မြို့နယ်ထဲတော့ အကုန်ကောက်တယ်။ တစ်ခြားမြို့နယ်တွေတော့ ကျနော်တို့လဲ မသိရဘူး” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ကျင်းပပြုလုပ်သည့် သံဃာတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသည် စစ်ကောင်စီ၏ ယတြာချေသည့် အလှူသာ ဖြစ်ကြောင်း မူဆယ်ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

မူဆယ် ဆွမ်းဆန်စိမ်းအလှူ

“ဒေသတွင်း ရိုးရာ ဆွမ်းဆန်စိမ်းလောင်းတဲ့ရာသီက ဒီရာသီမဟုတ်သေးဘူး။ နိုင်ငံရေးရှုပ်ထွေးနေချိန်မှာ သူတို့လုပ်တာ သူတို့အတွက် ယတြာချေဖို့ သပ်သပ်ပဲ လို့ ကျနော်တို့ မြင်တယ်” ဟု မူဆယ်ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကျင်းပသည့် သံဃာတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသည် ဧပြီ (၉)ရက်နေ့က မူဆယ်လေယာဉ်ကွင်းဟောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုန်းကြီးကျောင်း (၁၀၂)ကျောင်း ပင့်ဆောင်ပြီး သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၀၀၀)ကျော် လာရောက်ဆွမ်းခံခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ထို လာရောက် ဆွမ်းခံသည့် ကျောင်းများသည် မူဆယ်ခရိုင်အတွင်း မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်၊ မုံးကိုး၊ မန့်ဟျှိုး(မန့်ဟီးရိုး)၊ ပန်ဆိုင်း၊ မုံးပေါ် စသည့် ကျောင်းများမှ ပင့်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...