ကျေးလက်လူထုကို စစ်ဆေး၊ ရိုက်နှက်၊ ပိုက်ဆံကောက်ယူတဲ့ သျှမ်းပြည်အရှေ့ပိုင်းက မိုင်းခတ် – မိုင်းနုံး – မိုင်းကာကြား ဂိတ်စခန်း အမြန်ဆုံး ဖြုတ်ပေးသိမ်းပေးပါရန် တောင်းခံခြင်း

မင်္ဂလာပါရှင်

ကျမဟာ မိုင်းနုံး ကျေးလက်ဒေသခံ သား သမီး ၅ ယောက် မိခင်တဦးဖြစ်ပါတယ်။ မိုင်းနုံး ဆိုတာ ကတော့ မိုင်းခတ်မြို့ အနောက် – မြောက်ဘက် မိုင် ၂၀ လောက် ဝေးတဲ့ ကျေးရွာလေးတခု ဖြစ်ပါတယ်။

လက်ရှိမှာ အ စိုးရ တပ်မတော်က မိုင်းနုံး နဲ့ မိုင်းကာ ကြား ဂိတ်စခန်း ထောင်ပြီး ကျမ တို့ ကျေးလက် လူထု ထံ ပိုက်ဆံ ကောက်ယူနေပါတယ်။ ဂိတ်စခန်းက တခုတင်မဟုတ်ဘဲ ၁၂ မိုင်လောက် ဝေး တဲ့ ခရီး ကို ဂိတ် နှစ်ခု ထောင်ထားပါတယ်။ မိုင်းနုံးအထွက် နမ့်ပုံဂိတ် နဲ့ နမ့်မွဲအားခါဂိတ် ဖြစ်ပါတယ်။ မိုင်းခတ်မြို့မှာ လာရောက် နေထိုင် တဲ့ အစိုးရ တပ်မတော်ကနေ ဂိတ်စခန်းလာထောင်ပြီး ပိုက်ဆံကောက် ယူနေတာပါ။

ဆိုင်ကယ် တစီး ၁၀၀၀ ကျပ် ၊ ကားတစီး ၅၀၀၀ ကျပ်နှုန်း နဲ့ ဒေသ အတွင်း ခရီးသွားလူထု ထံ ကောက်ယူနေတဲ့ အတွက်ြဖတ်သန်းသွားလာတိုင်း ပိုက်ဆံ ပေးနေရ တဲ့ အပြင် ဗမာစကားမပြောတတ် တဲ့ ကျမ တို့ ရွာသူ ရွာသား တွေ အနေနဲ့ အရမ်းကို အခက်အခဲ ဖြစ်နေပါတယ်။

ပြီးခဲ့ တဲ့ ၃-၄ ရက် (မတ် ၆ ရက်) က ကျမတို့ရွာက စိုင်းယီ ဆိုတဲ့သူက ကိုယ်ကပ် ပိုက်ဆံမရှိပါဘူး။ မိုင်းကာ မှာ ခြံထွက် သီးနှံလေး သွားရောင်းဖို့ သွားပါတယ်။ ဗိုလ်ကြီးစည်သူ ဆိုတဲ့ နမ့်မွဲအားခါဂိတ် စောင့် ဗမာတပ်စစ်ဗိုလ်က စစ်ဆေးမေးမြန်းတယ်။ စကားမပေါက်လို့ ရိုက်နှက်ထိုးကြိတ်တာ မိုင်းခတ် ဆေးရုံကို ပို့ဆောင် ကုသ လိုက်ရပါတယ်။

အခု ဒေသခံ တွေ ခရီး မသွားရဲလောက်အောင် ဖြစ်နေပါတယ်။ တဘက်ကလဲ ဒီအချိန် မိုင်းနုံး တပေါင်းဘုရားပွဲ တော် ဖြစ်နေတဲ့ ဒေသအတွင်းရှိတဲ့ကျေးလက်ရွာသူ ရွာသားတွေအတွက် ဓါတ်တော်မွေတော်ဘုရား အလှူအဒါန်း သွားလာဖို့ ခက်ခဲနေပါတယ်ရှင်။ ကျမတို့တွေဟာ အိမ်တွင်းမှုန့်လေးတွေ လုပ်ပြီး ဘုရားပွဲမှာ ဝင်ငွေ ရအောင် သွားရောင်းရပါတယ်။

အခု လို စစ်သားတွေ ဂိတ်နှစ်ခုသုံးခု ထောင်ပြီး ပိုက်ဆံကောက်ယူနေ တာမသင့်တော်ဘူးလို့ မြင်မိတဲ့ အတွက် ဒီဂိတ်စခန်းတွေ အမြန်ဆုံး ဖြုတ်သိမ်းပေးပါရန် တာဝန်ရှိလူကြီးမင်းများထံ တောင်းခံအပ် ပါတယ်ရှင်။

လေးစားစွာဖြင့်
မိုင်းနုံးဒေသခံ ၊ နန်းအွေ့ကျိန်ခမ်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...