SSPP/SSA ယာယီတပ်စခန်းအနီး စစ်ကောင်စီတပ်အင်အား တိုးချဲ့ စခန်းချနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ယာယီစခန်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အင်းတိုးချဲ့ကာ စခန်းလာချနေကြောင်း သတင်းသိရသည်။

SSPP

စစ်ကောင်စီတပ်ဖွဲ့တို့သည် လဲချားမြို့နယ်နှင့် ထိစပ်နေသည့် နမ့်စန်မြို့နယ်မှ နောင်ဟီးကျေးရွာအုပ်စု နမ့်မိုကျေးရွာအတွင်းတွင် လာရောက်စခန်းချ တပ်စွဲထားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတပ်သားတွေက နမ့်မိုကျေးရွာမှာ တပ်စွဲထားပါတယ်၊ အဲ့ကျေးရွာကနေ လဲချားမြို့နယ်ဘက်ကို သွားလို့လည်း ရတယ်၊ ပြီးတော့ စစ်ကောင်စီတွေ နေရာယူထားတဲ့ နမ့်မိုကျေးရွာဟာ SSPP/SSA တပ် စခန်းရှိတဲ့ နေရာနဲ့လည်း မဝေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် အင်အား ၈၀ မှ ၁၀၀ ဝန်းကျင်ခန့်ရှိနေပြီး စရောက်ကာစတွင် နမ့်မိုကျေးရွာမှ ဘုန်းကြီးကျောင်းဝန်းအတွင်းတည်းခိုပြီးနောက် ရွာသားများကို ကတုတ်ကျင်းတူးလုပ်အားပေးရန် ဆင့်ခေါ် ကြောင်းလည်း သတင်းသိရသည်။

“နမ့်မိုရွာထဲမှာ အရင်တုန်းက ဘယ်တပ်မှ စခန်းချဖူးတာ မရှိဖူးပါဘူး၊ ဒါပေမဲ့စစ်ကောင်စီတွေရောက်လာတော့ ရွာအရှေ့ဘက် (ရွာဦး) ဘက်မှာ သူတို့တပ်စခန်းအတွက် မြေကျင်းတူတာတွေကို လုပ်အားပေးခိုင်းတယ်” ဟု ဖြစ်စဥ်များကိုသိရသည့် ဒေသခံအမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်မိုကျေးရွာသည် နမ့်စနမြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်းတွင် တည်ရှိပြီး အိမ်ခြေ ၇၀ နီးပါးရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် နမ့်မိုကျေးရွာနှင် သိပ်မကွာဝေးသည့် လဲချားမြို့နယ်မှ ဟိုင်းဆိုင်ကျေးရွာဘက်တွင်လည်း SSPP/SSA တို့၏ ယာယီတပ်စခန်းလည်း ရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် SSPP/SSA တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်တပ်ဖွဲ့တို့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးရာ သျှမ်းတောင်ရှိ SSPP/SSA တပ်ချို့ကို အာဏာသိမ်းစစ်တပ်က တပ်ဆုတ်ခိုင်းသည့် ညှိနှိင်းမှု အဆင် မပြေ ခဲ့ရာမှ ယခုလို အင်အားတိုးချဲ့ စခန်းချမှုဖြစ်လာကြောင်းလည်း နမ့်စန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲမဖြစ်စေချင်ရင် ဆုတ်ပေးဖို့ဆိုပြီး စစ်ကောင်စီက နေပြည်တော်မှာ ပြောခဲ့တယ်လေ၊ ဆုတ်တာ မဆုတ်တာ က သူတို့ (SSPP/SSA) အပိုင်းပေါ့၊ နေပြည်တော်မှာ ဆွေးနွေးညှိနှိုင်းမှုအဆင်မပြေလို့ နှစ်ဖက်က စစ်အင်အားတွေ တိုးချဲ့နေတယ်လို့ မြင်မိပါတယ်” ဟု နမ့်စန်မြို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ကာ SSPP/ SSA သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်များကို သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့အထိ ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ထုတ်ခဲ့သည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က SSPP/SSA တပ်များအား သျှမ်းမြောက်ဘက်သို့ ပြန်ဆုတ်ရန် နေပြည်တော်သို့ ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဥ်များနှင့် ပက်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိ သူများကို ဖုန်းဖြင့် အကြိမ်ကြိမ်ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိနိုင်ခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...