သို့- သျှမ်းသံတော်ဆင့်သတင်းဌာန

နတ်တော်လဆန်း ၁ ရက်နေ့ဟာ ရှမ်းလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ် ။

မိမိတို့လူမျိုး၏ အထွတ်အမြတ်ထားရာ ယဉ်ကျေးမှုအရ နှစ်သစ်တွင် လယ်ယာခြံမြေမှရလာသော ကောက်ပဲသီးနှံသစ်များကို ဘုရားတရား ရည်စူးပြီး သံဃာတော်တွေကိုလှူဒါန်းပါတယ် ။

လာမယ့်နှစ်မှာ ရာသီဥတုကောင်းမွန်အောင်၊ သီးနှံအထွက်တိုးအောင်၊ ရပ်ရေး ရွာရေးအေးချမ်းပြီး ကောင်းမွန်စွာ လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်အောင် ဆုတောင်းပါတယ် ။

လာမယ့်နှစ်မှာ မင်္ဂလာရှိအောင်ဆိုပြီး နှစ်သစ်ကူးညမှာ ပျော်ပွဲရွှင်ပွဲကျင်းပ ကခုန်ပျော်မြူးစွာနဲ့ နှစ်သစ်ကိုကြိုဆိုပါတယ် ။

ဒါပေမယ့် … ဒီနှစ်တွေအတောအတွင်းမှာ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် …
ရှမ်းနှစ်သစ်ကူးကို ကောင်းစွာမကြိုဆိုရလေအောင်၊
ကောက်သစ် ၀ါးသစ်တွေ ကောင်းစွာမလှူနိုင်လေအောင် ၊
အဖျက်အမှောင့် အနှောင့်အယှက်တွေက များပြားလွန်းလှပါဘိ ။
ဟော …တိုက်ပွဲတဲ့ ဖြစ်ရပြန်ပြီ။ ဟော … ကောက်တောင်မရိတ်ရသေးဘူး ဟိုရွာကလူတွေ ရွာကနေထွက်ပြေးရပြီ။
ဟော .. နင်းမိပြီတဲ့ ဗုံး ။

ကျနော်တို့ရှမ်းနှစ်သစ်ကူးနဲ့ တိုက်ဆိုင်အောင်ဘဲ တမင်သက်သက် ကြံရွယ်လုပ်ယူတာလားအောင့်မေ့ရတယ် ။

နှစ်သစ်မှာ မင်္ဂလာယူဖို့ဆိုခါမှ … တကတဲဗျာ… သူတို့ရဲ့ရိုးရာနှစ်သစ်ကူးကို အဲလိုသွားဖျက်ရင် ကြိုက်ကြပါ့မလား ။။

အရိပ်နေနေ အခက်ချိုးချိုး ၊ ကိုယ်သာအာဏာရှိဖို့ ၊ ကိုယ်သာ ကြီးမြတ်သူဖြစ်ဖို့ ၊ ကိုယ်ကျိုးကိုသာကြည့်တဲ့ လူဆိုးတွေ …
အေးချမ်းတဲ့မြေမှာ ယမ်းငွေ့ဝေအောင်ဖန်တီးကြတယ်။ အေးချမ်းတဲ့ဘဝကို ငိုသံလွှမ်းအောင်ဖန်တီးကြတယ်။ အေးချမ်းတဲ့လူနေမှုကို မိသားစုကွဲအောင် လုပ်နေကြတယ် ။

ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံမှာနေပြီး .. ကိုယ်ချင်းစာတရားလေးတွေတောင်မရှိကြဘူး ။

မိစ္ဆာတွေထက်တောင်ဆိုးနေကြတယ် ။

သူတို့ပြောပြောနေတဲ့ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ ဘယ်လောက်ထိ စတေးရဦးမှာလဲ။ ကျနော်တို့ လူထုကို ချမ်းသာပေးပါလို့ တောင်းဆိုပါရစေ။ မင်္ဂလာရှိအောင် နှစ်သစ်ကိုမင်္ဂလာရှိရှိ ကြိုဆိုပါရစေ .. ဆရာ့ ဆရာကြီးများတို့ခင်ဗျား ။။

နမ့်ခမ်းမြို့ခံ

စိုင်းအိုက်စံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...