ဖယ်ခုံမြို့နယ် စစ်ရှောင် ၆၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်များ ၆၀၀၀ ကျော်ရှိပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

စားဝတ်နေရေးခက်ခဲနေသည့် စစ်ရှောင်များသည် အများစုမှာ ကရင်နီပြည် (ကယား)မှ လာသည့် စစ်ရှောင်များဖြစ်ပြီး၊ အဆင်ပြေသည့်နေရာများတွင် တဲထိုးပြီး နေထိုင်နေရကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ စစ်တမ်းအရဆိုရင် ဖယ်ခုံမြို့နယ်ထဲမှာက စစ်ရှောင်တွေ ၆၀၀၀ လောက်ရှိတယ်။ အကုန်လုံးက တစ်ယောက်တစ်နေရာစီရှိနေကြတာပါ။ တချို့လည်း တဲထိုးပြီးတော့နေကြတယ်။ အကုန်တော့ လိုက်မကြည့်ရဘူး။ အခုလည်း စစ်ရှောင်တွေ တချို့က ဆန်၊ ဆီတွေ ကုန်နေပြီလို့ သိရတယ်။ စားဖို့သောက်ဖို့လည်း လိုလာပြီလေ” ဟု ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ရှောင်များသည် ဘုန်ကြီးကျောင်းများ၊ ဈေးအတွင်းနှင့် တချို့ တောထဲတွင် တဲထိုးကာ နေထိုင်ကြပြီး တချို့ မှာ ဆွေမျိုးအိမ်များတွင် နေထိုင်လျက်ရှိကြောင်း၊ စစ်ရှောင်များအတွက် မိုးကာ၊ ဖျာ၊ ဆေးဝါးများ၊ စားဝတ်နေရေးအတွက် ဆန်၊ ဆီ များ လိုအပ်နေကြောင်း သိရသည်။

“တချို့က တောထဲမှာနေတော့ မိုးကာ၊ ဖျာ၊ ဆေးဝါးတွေလိုနေသေးတယ်။ တဲထိုးပြီး နေကြတဲ့သူတွေလည်း ရှိတယ်။ တချို့က ဆွေမျိုးအိမ်မှာ သွားနေတာ။ ဘုန်းကြီးကျောင်းတို့၊ ရွာအပြင်မှာတို့ သွားနေကြတာ။ စားဝတ်နေရေးအတွက်လည်း ခက်ခဲနေကြတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် KRC က ပြောသည်။

လက်ရှိ စစ်ရှောင်များထဲတွင် ကလေးများလည်း အများအပြားရှိနေသည်။ ဖယ်ခုံ အရှေ့ဘက်ကမ်းတွင် PDF တပ်ဖွဲ့ဝင်များ ကူညီစောင့်ရှောက်ပေးထားသည့် စစ်ရှောင် ၃၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

“ကျနော်တို့ PDF အနေနဲ့ ကူညီစောင့်ရှောက်ပေးနေတာတော့ ၃၀၀ ဝန်းကျင်ရှိတယ်။ ကျနော်တို့နားမှာ ကလေးတွေလည်းများတယ်။ သူတို့အတွက်က စာသင်ပေးဖို့ အထောက်ကူတွေလိုအပ်နေတယ်။ ကျနော်တို့လည်း စာသွားသင်ပေးတာရှိတယ်” ဟု ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် သျှမ်းပြည်အတွင်းရှိ ဖယ်ခုံ၊ မိုးဗြဲတို့တွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ နေ့တိုင်းနီးပါး တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်းက စပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် ပြည်သူများကို ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...