Friday, May 17, 2024

တောင်ကြီး နယ်ထိန်းရဲ နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် နယ်ထိန်းရဲ နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နေအိမ် အနည်းငယ် ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

Photo by Sai Moe/ တောင်ကြီးမြို့ အပေါ်မြင်ကွင်း

ယမန်နေ့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည (၆) နာရီ ဝန်းကျင်ခန့်က ၎င်းတို့နေအိမ်တွင် ဗုံး နှစ်လုံး လာရောက်ပစ်ရာ တစ်လုံးကွဲသွားပြီး အိမ်အဖီ နဲ့ မီးဖိုဆောင်ခေါင်မိုးပွင့်ထွက်သွားကြောင်း တောင်ကြီးဒေသခံ တစ်ဦး ကပြောသည်။

“Click ဘီးတစ်စီးပျက်စီးသွားတယ်။ မီးဖိုးခန်း ပျက်စီးတယ်။ ဘယ်သူပစ်လဲတော့ မသိရဘူး။ နှစ်လုံးပစ်တယ်။ တစ်လုံးကွဲပြီး အသံအကျယ်ပဲ။ လူထိခိုက်မှုတော့ မရှိဘူး”လို့ စဝ်စံထွန်းရပ်ကွက်နေ အမျိုးသားတစ်ဦး ကပြောသည်။

အဆိုပါ အိမ်သည် နှစ်ထပ်အိမ်ဖြစ်ပြီး စဝ်စံထွန်းစျေး၏ တောင်ဘက်စျေးဘေးကပ်ရက်မှာ ရှိထားပြီး နယ်ထိန်းရဲ၏ အမျိုးသမီးမှာ စည်ပင်ဝန်ထမ်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“နယ်ထိန်းရဲ အိမ်ပစ်ခံရတာပါ။ သူ့မိန်းမက စည်ပင်က အဲ့ကြောင့် အဲ့မှာနေတာ။ အိမ်က နှစ်ထပ်ဖြစ်တယ်။ စျေးဘေးကပ်ရက် နေရာကောင်း။ စဝ်စံထွန်းစျေးတောင်ဘက် ဖုန်းတာဝါတိုင် နဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်” ဟုတောင်ကြီး ဒေသခံ တစ်ဦးကပြောသည်။.

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တောင်ကြီးမြို့ပေါ်မှာ စစ်ဆေးရှာဖွေမှုများ တင်းကြပ်စွာ ပြုလုပ်သော်လည်း ဖောက်ခွဲမှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ (၂၈) ရက်တွင်လည်း သျှမ်းပြည် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး၏ နေအိမ်မှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article