Wednesday, January 28, 2026

ရန်ကုန်မှ မိုင်းဆတ်မြို့သို့ ပြန်လာသူထံ ကိုဗစ် -၁၉ ပိုးတွေ့ရှိ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့အတွင်းသို့ ရန်ကုန်မှ လေကြောင်းခရီးဖြင့် ပြန်လာသည့်််သူ( ၃) ဦးတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိပြီးနောက် နောက်တစ်နေ့တွင်လည်း (၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ (၉) ရက်တွင် ရန်ကုန်လေဆိပ်မှ မိုင်းဆတ်မြို့သို့ မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသည့်သူထံတွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။ နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် လေယာဉ်အတူစီးလာသူ (၂) ဦးထံ တွင်လည်း ကိုဗစ် -၁၉ ပိုးထပ်တွေ့ရှိခဲ့ကြောင်းသိရသည်။

ထိုကိုဗစ် -၁၉ ပိုးတွေ့ရှိသူများသည် ကိုဗစ်- ၁၉ ကာကွယ်ဆေးများထိုးပြီးထားသူများဖြစ်ကြောင်းသိရသည်။

မိုင်းဆတ်မြို့တွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ Covid-19 ပိုးတွေ့ရှိရသူ စုစုပေါင်း (၁၈၉၄)ဦးရှိနေပြီး သေဆုံးသူမှာ (၁၂)ဦးနဲ့ လက်ရှိမှာ ပိုးတွေ့ထားသူ (၁၂)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့နယ် ရာအိမ်မှူးကို ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် အစည်းဝေးလုပ်ရန် လူမစုပေးသည့်အတွက် ရာအိမ်မှူးတစ်ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းဆတ်မြို့နယ်တွင် ဝိုင်းနေရပ်ကွင်တွင် ဧပြီလ ၁၁ ရက်အတွက် အစည်းဝေးလုပ်ရန် လူမစု ပေးသည့် အတွက်ကြောင့် ရာအိမ်မှုးတစ်ဦးကို ယမန့် ( ဧပြီ ၁၁)ရက်တွင် ရဲ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မိုင်းဆတ်မြို့နယ် အွန်လိုင်းငွေလိမ်ဂိုဏ်း အများအပြား “ဝ” တပ်ဖွဲ့ ဝင်ရောက် စီးနင်းဖမ်း

0
သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းယွင်း ကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများနေထိုင် အလုပ်လုပ်သည့် နေရာကို “ ဝ”တပ်ဖွဲ့ က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဥ်သည် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီဝန်းကျင်တွင် မိုင်းဆတ်မြို့နယ် မိုင်းယွင်းကျေးရွာအုပ်စု ပိန်းခမ်းရွာအတွင်း အွန်လိုင်းဖြင့်...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...