ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည်မှ စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်နေကြောင်း သတင်းရရှိသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဆိုက်ခေါင်စံပြကျေးရွာ၊ ရေဖြူကျေးရွာ၊ နောင်မွန်၊ ဘန်းယဉ်နှင့် အခြားနေရာတို့တွင် ကရင်နီပြည်မှ စစ်ဘေးရှောင်များ ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး နေ့စဉ်စားသောက်ရန် ဟင်းသီးဟင်းရွက်များ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“အဓိကတော့ နေ့တိုင်းစားသောက်ဖို့ ဟင်းသီးဟင်းရွက်တွေ လိုတယ်။ ဆန်ကတော့ ဒီလကုန်လောက်အထိ ရှိထားတယ်။ တစ်ရက်ကို ထမင်း ၃ နပ် ကျွေးတာဆိုတော့ နေ့တိုင်း စားသောက်ဖို့ ဟင်းကတော့ အခက်ခဲဖြစ်တယ်။ သူတို့တွေက ဘယ်လောက် ကြာကြာ နေကြရဦးမလဲ မသိဘူး။ စစ်ရှောင်တွေက သက်ကြီးရွယ်အိုတွေ အများစုပဲ” ဟု ဆိုက်ခေါင်စံပြကျေးရွာမှ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ရှောင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကရင်နီပြည်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း ယမန်နေ့ (ဖေဖော်ဝါရီ ၉)ရက်နေ့အထိ ဆီဆိုင်မြို့နယ်အတွင်း ကရင်နီပြည်မှ စစ်ရှောင်လာသူ တစ်သောင်းဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီတစ်ပတ်အတွင်း တစ်ရက်နည်းနည်း ပြန်သွားကြတယ်။ ဦးဇင်းတို့ စောင့်ရှောက်ထားတဲ့ စခန်း ၃ ခု ကနေလည်း ထက်ဝက်လောက်ကို ပြန်သွားပြီ။ အများစု ကျန်တာက ရေဖြူရွာတို့၊ တခြားနေရာတွေ ကျန်တယ်။ တချို့ကလည်း အသိမိတ်ဆွေအိမ်နဲ့ အိမ်ငှားနေကြတာလည်း ရှိနေသေးတယ်” ဟု ဆီဆိုင်မြို့မှ ဦးဇင်းတစ်ပါးမှ မိန့်ကြားသည်။

ထို ဆီဆိုင်မြို့နယ်တွင် ကရင်နီပြည်မှ စစ်ဘေးရှောင်များအပြင် သျှမ်းပြည် တောင်ပိုင်းနှင့် ကရင်နီပြည် နယ်စပ်ရှိ ဖယ်ခုံမြို့မှ စစ်ဘေးရှောင်တချို့လည်း လာရောက်ခိုလှုံနေကြကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းတွင်လည်း စစ်ဘေးရှောင် ၅ ထောင်ဝန်းကျင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...