Wednesday, January 28, 2026

TNLA တပ်သားများ နမ့်ခမ်းမြို့မစျေးထဲ အခွန်ကောက်ကဒ် လိုက်ဝေနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ခေါင် သို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားများ ရောက်ရှိလာသဖြင့် အခွန်ကောက်ခံသည့် ကဒ်များ လိုက်ဝေနေကြောင်း စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ (၄) ရက် မနက် (၉) နာရီခန့်က (TNLA) တပ်သားများသည် နမ့်ခမ်းမြို့ လယ်ခေါင်ရှိ မြို့မစျေး ပတ်ဝန်းကျင် တွင် အင်အားအများအပြား ရောက်ရှိလာပြီး TNLA တံဆိပ်ပါပြီး၊ မိုင်းကိုအောင် အခွန်များဦးစီးဌာန ဆိုသည့် စာသားပါကဒ် လိုက်လံဝေနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စျေးနားက သူတို့ အခွန်ကဒ်တွေကို လိုက်ဝေပေးနေတယ်။ သူတို့က မြို့ထဲထိ ဘယ်လို ဝင်လာတာလဲ။ စကစ တပ်တွေ ရှိတယ်။ စျေးအနီးနားလည်း ရဲစခန်းရှိတယ်။ပြည်သူတွေအတွက်တော့ လုံးဝလုံခြုံမှု မရှိတော့ဘူး” ဟု နမ့်ခမ်းဒေသခံ လူငယ် တစ်ဦး ကပြောသည်။

TNLA တပ်သား (၅၀)ခန့်သည် စစ်ဝတ်စုံအပြည့် လက်နက်များကိုင်ဆောင်လာပြီး စျေးအတွင်းသို့ ရောက်ရှိလာသည့် အတွက် ဆိုင်များလည်း ရုတ်တရက် ပိတ်ကာ ထွက်ပြေးနေရကြောင်းသိရသည်။

“စျေးပေါက်အကုန်လုံးပဲ စောင့်နေကြတယ်။တစ်ချို့လည်းဆိုင်တွေ ထားပြီး ပြေးကြတယ်။ တစ်ချို့လည်း အလျင်အမြန် သိမ်းကြတယ်။ ဝရုန်းသုန်းကား ဖြစ်ကုန်ကြတယ်။ပြည်သူတွေ ထိတ်လန့်ကုန်ကြတယ်” ဟု နမ့်ခမ်းဒေသခံ စျေးသည်အမျိုးသမီး တစ်ဦး ကပြောသည်

ထိုကိစ္စ နှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက် နေ့လည် (၁) နာရီဝန်းကျင်က မြို့မစျေးထဲ အခွန်လာကောက်သည့် (TNLA) တပ်သားများ ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား (၂) ဦးသေဆုံးသွားပြီးနောက် ဇန်နဝါရီ (၅) ရက်မှာ ဝတ်စုံအပြည့်ဖြင့် နမ့်ခမ်းမြို့မစျေးထဲ ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။

လက်ရှိ နမ့်ခမ်းမြို့နေ ပြည်သူများသည် လုံခြုံမှု မရှိသည့်အပြင် အားကိုးရမည့် စစ်တပ်များလည်း မရှိတော့သည့်အတွက် ဒေသခံများ နေ့စဉ်နှင့် အမျှ စိုးရိမ်ထိတ်လန့်နေကြကြောင်း နမ့်ခမ်းမြို့ခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...