TNLA တပ်သားများ နမ့်ခမ်းမြို့မစျေးထဲ အခွန်ကောက်ကဒ် လိုက်ဝေနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ခေါင် သို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားများ ရောက်ရှိလာသဖြင့် အခွန်ကောက်ခံသည့် ကဒ်များ လိုက်ဝေနေကြောင်း စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ (၄) ရက် မနက် (၉) နာရီခန့်က (TNLA) တပ်သားများသည် နမ့်ခမ်းမြို့ လယ်ခေါင်ရှိ မြို့မစျေး ပတ်ဝန်းကျင် တွင် အင်အားအများအပြား ရောက်ရှိလာပြီး TNLA တံဆိပ်ပါပြီး၊ မိုင်းကိုအောင် အခွန်များဦးစီးဌာန ဆိုသည့် စာသားပါကဒ် လိုက်လံဝေနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စျေးနားက သူတို့ အခွန်ကဒ်တွေကို လိုက်ဝေပေးနေတယ်။ သူတို့က မြို့ထဲထိ ဘယ်လို ဝင်လာတာလဲ။ စကစ တပ်တွေ ရှိတယ်။ စျေးအနီးနားလည်း ရဲစခန်းရှိတယ်။ပြည်သူတွေအတွက်တော့ လုံးဝလုံခြုံမှု မရှိတော့ဘူး” ဟု နမ့်ခမ်းဒေသခံ လူငယ် တစ်ဦး ကပြောသည်။

TNLA တပ်သား (၅၀)ခန့်သည် စစ်ဝတ်စုံအပြည့် လက်နက်များကိုင်ဆောင်လာပြီး စျေးအတွင်းသို့ ရောက်ရှိလာသည့် အတွက် ဆိုင်များလည်း ရုတ်တရက် ပိတ်ကာ ထွက်ပြေးနေရကြောင်းသိရသည်။

“စျေးပေါက်အကုန်လုံးပဲ စောင့်နေကြတယ်။တစ်ချို့လည်းဆိုင်တွေ ထားပြီး ပြေးကြတယ်။ တစ်ချို့လည်း အလျင်အမြန် သိမ်းကြတယ်။ ဝရုန်းသုန်းကား ဖြစ်ကုန်ကြတယ်။ပြည်သူတွေ ထိတ်လန့်ကုန်ကြတယ်” ဟု နမ့်ခမ်းဒေသခံ စျေးသည်အမျိုးသမီး တစ်ဦး ကပြောသည်

ထိုကိစ္စ နှင့် ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက် နေ့လည် (၁) နာရီဝန်းကျင်က မြို့မစျေးထဲ အခွန်လာကောက်သည့် (TNLA) တပ်သားများ ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား (၂) ဦးသေဆုံးသွားပြီးနောက် ဇန်နဝါရီ (၅) ရက်မှာ ဝတ်စုံအပြည့်ဖြင့် နမ့်ခမ်းမြို့မစျေးထဲ ပြန်လည်ရောက်ရှိလာကြောင်း သိရှိရသည်။

လက်ရှိ နမ့်ခမ်းမြို့နေ ပြည်သူများသည် လုံခြုံမှု မရှိသည့်အပြင် အားကိုးရမည့် စစ်တပ်များလည်း မရှိတော့သည့်အတွက် ဒေသခံများ နေ့စဉ်နှင့် အမျှ စိုးရိမ်ထိတ်လန့်နေကြကြောင်း နမ့်ခမ်းမြို့ခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...