TNLA ဖမ်းဆီးသွားသည့် နမ့်ခမ်းသူတဦး အမြန်ဆုံးပြန်လွှတ်ပေးရန် လူငယ်များစုပေါင်းတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ဒေသခံ အမျိုးသမီးတဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဖမ်းဆီးသွားသည့် TNLA လက်နက်ကိုင်တပ်ဖွဲ့အား နမ့်ခမ်းမြို့ခံလူငယ်များက စုပေါင်း တောင်းဆိုကြသည်။

၂၀၁၈ ဩဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်း ဒေသခံ လူငယ်အဖွဲ့အစည်းပေါင်း ၂၀ ကျော် စုပေါင်း ထားသည့် နမ့်ခမ်းမြို့လူငယ်များကွန်ယက်က – TNLA မှ လူအင်အားသုံးက အပစ်မဲ့ မြို့ခံတဦးအား ဖမ်းဆီးခြင်း၊ ဆိုင်အတွင်းတပ်ဆင်ထားသည့် စီစီတီဗွီအား ရိုက်နှက်ဖျက်ဆီးကာ ဟတ်ဒစ်အားဖြုတ် ယူသွားခြင်း အပေါ် ကန့်ကွက်ကြောင်း၊ လူမျိုးစုပဋိပက္ခဖြစ်ပေါ်လာစေနိုင်သောကြောင့် ဖမ်းဆီးသွား သည့် နန်းမိုဟွမ်အား အမြန်ဆုံး ပြန်လွှတ်ပေးပါရန် စုပေါင်းတောင်းဆိုကြသည်။

“အခု ဖမ်းသွားတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ ၊ ပြန်လွှတ်မလာသေးဘူး။ ကောင်းမွန်စွာနဲ့ ပြန်လွှတ်မြောက် လာဖို့ ကျနော်တို့ စုပေါင်းတောင်းဆိုရတာဖြစ်တယ်။ ဒီလုပ်ရပ်က မသင့်လျော်ဘူး။ အကြာကြီးဖမ်းဆီး သွားရင် ဒေသခံတွေ ဆူပူလာမှာကိုလဲ စိုးရိမ်တယ်။ လူမျိုးရေးအသွင်ဆောင်သွားမှာကိုလဲ စိုးရိမ်တယ်” – ဟု ပြောခွင့်ရ စိုင်းသိန်းရွှေက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ TNLA ထံ ဖုန်းဖြင့်ဆက်သွယ်သော်လည်းဆက်သွယ်၍မရပေ။

သို့သော် – TNLA က ဖမ်းသွားတာမှန်တယ်။ သူမ ဟာ TNLA ရဲ့ ဥပဒေ ကိုချိုးဖောက်လို့ ဖမ်းတာ – ဟု TNLA ဘက်က ပြောကြောင်း နန်းမိုဟွမ်နှင့်အမျိုးတော်စပ်သူ နမ့်ခမ်းဒေသခံ တဦးက ပြောသည်။ မည်သည့်ဥပဒေ ဆိုသည်ကိုမူ ဖော်ပြခြင်းမရှိပေ။

TNLA မှ ဖမ်းဆီးသွားသည့် နန်းမိုဟွမ် လွှတ်မြောက်ရေးအတွက် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့်နေ့ တွင်ပင်၄င်းတို့မဟာမိတ်ဖြစ်သည့် သျှမ်းပြည်တပ်မတော်မှကူညီတောင်းဆိုပေးရန် ဒေသခံများ စာရေးအကူအညီတောင်းခံထားသည်။

ထိုကိစ္စအပေါ် ဝမ့်ဟိုင်းပြန်ကြားရေးအရာရှိကြီးတဦးက – ‘‘ TNLA ဖမ်းသွားတာဟုတ်တယ်။ နန်းမိုဟွမ် ပြန်လွှတ်လာဖို့ ကျနော်တို့လဲ TNLA ထံ အဲဒီ့နေ့မှာဘဲ စာရေးတယ်။ အမြန်ဆုံးလွှတ်လာဖို့ ကျနာ်တို့ ဝိုင်းဝန်းဆောင်ရွက်ပေးနေပါတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နန်းမိုဟွမ်ဖမ်းဆီးခံရမှုသည် ယမန်နှစ် ၂၀၁၇ နှစ်လယ်ပိုင်းက TNLA တပ်ဖွဲ့ဝင်နှစ်ဦးက နန်းမိုဟွမ်တို့ အိမ်ဆိုင် (ဆောက်လုပ်ရေးပစ္စည်း) အား ငွေကျပ် ၁၁ သိန်းလာရောက်ကောက်ခံကြောင်း၊ ပိုက်ဆံ ကောက် ယူပြီးအပြန်တွင် တပ်မ ၈၈ က လမ်းတွင်စောင့်ဆိုင်း ပစ်ခတ်ရာ တယောက်သေဆုံးပြီး တယောက် အရှင်ဖမ်းမိကြောင်း၊ အဆိုပါဖြစ်ရပ်သည် နန်းမိုဟွမ် မှ အစိုးရတပ်အား သတင်းပေး သည်ဟု TNLA မှ ဖုန်းဖြင့် စွပ်စွဲပြောဆိုခဲ့သေးကြောင်း၊ ထိုစဉ် နန်းမိုဟွမ်မှ သူမ ငွေ ၁၁ သိန်းထက် အသက်အန္တရယ်က ပိုအရေးကြီးသဖြင့် တခြားသို့သတင်းပေးရန်လုံးဝ မရှိကြောင်း ဖုန်းဖြင့်ဖြေကြား ခဲ့သည်ဟု ဆို နီးစပ်သည့်အသိုင်းအဝိုင်းပြောပြချက်အရသိရသည်။

“၂၀၁၇ ခုက ကျနော်တို့ ကျပ်ငွေ ၁၁ သိန်းပေးရတယ်။ ၂၀၁၆ က ကျပ်ငွေ ၃ သိန်းပေးရတယ်။ ကျနော်တို့ ဆိုင်အနေနဲ့။ ဒီနှစ်တော့လာမကောက်သေးဘဲ ကျနော်ကမ္မဌာန်းကျောင်း ဝင်ပြီး တရားအားထုတ် နေ ချိန် ကျနော့်မိန်းမ ကိုလာဖမ်းသွားတာ။ ကျနော်တို့ မိသားစုက ဘယ်အဖွဲ့အစည်း နဲ့ မှ မပတ်သက်ဘူး။ နိုင်ငံရေးစစ်ရေး ကိစ္စဆို ဝေးလာဝေးဘဲ၊ ကျောင်းနေအရွယ် ခလေးရှိနေတော့ အမြန်ဆုံး ပြန်လွှတ် ပေးပါ လို့တောင်းဆိုချင်ပါတယ်” – ဟု ဖမ်းဆီးခံထားရသည့် နန်းမိုဟွမ်၏ အမျိုးသားက ပြောသည်။

နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ကျေငြာချက် ထုတ်ပြန်သည့် နမ်းခမ်းမြို့ လူငယ်များ ကွန်ယက်သည် ၂၀၁၈ နှစ်ဦးက လူငယ်အဖွဲ့အစည်း ၂၀ ခန့် ဖြင့် စုပေါင်း ဖွဲ့စည်းထား သည့်အဖွဲ့ဖြစ် သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...