Wednesday, May 1, 2024

ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား အစိုးရတပ်မတော် ထိုးစစ်ဆင်

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်အစိုးရတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေကြောင်းသိရသည်။

Photo Credit to Kutkai Facebook

ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများ နေစဉ်ဖြစ်ပွါးနေခြင်းဖြစ်ပြီး လက်ရှိတွင် အစိုးရစစ်တပ်မှ စစ်အင်အားများဆက်တိုက်ဖြည့်တင်းနေကြောင်းသိရသည်။

“ဒီဘက်မှာ သျှမ်းတပ်တွေသိပ်မရောက်ဘူး။ ဝမ့်ဟိုင်းတပ်တော့ မကြာမကြာရောက်တတ်ပါတယ်။ အများဆုံးက ကချင်တပ်ဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဘဲရှိတယ်။ အခုတိုက်ပွဲပြင်းထန်နေတာက မုံးဝင်း၊ တာမိုးညဲ ဘက်ကပေါ့။ အခု ကွတ်ခိုင်ကနေ အစိုးရစစ်အင်အားထပ်တက်သွားတယ် – ဟု ဒေသအတွင်း နေထိုင်သည့် သျှမ်းလူငယ် စိုင်းလှ ကပြောသည်။

တာမိုးညဲဘက်တွင် ဖြစ်ပွါးနေသောတိုက်ပွဲတွင် အစိုးရဘက်မှ တပ်မ ၁၁ ၊ တပ်မ ၆၆ နှင့် ဒေသအတွင်းနေထိုင်လှုပ်ရှားသည့်တပ်ရင်းများဖြစ်ပြီး မြောက်ပိုင်းမဟာ မိတ်တပ်ဖွဲ့ဘက်ကမူ ကချင် KIA  ကိုးကန့် MNDAA နှင့် တအာင်း TNLA  တို့ ဖြစ်ကြောင်းသိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း နမ္မတူဘက်တွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြားမကြာခန ဖြစ်ပွါးသောတိုက်ပွဲကြောင့် ဒေသခံလူထုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမလုပ်နိုင်ဘဲ အခက်တွေ့နေရသည်ဟု ကျားခေါင်းပါတီဝင် စိုင်းလောဝ်ဆိုင် က ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article