တောင်ကြီးမြို့ ၈ လေးလုံးပုလဲရတုအခမ်းအနား ၈ လေးလုံးအရေးတော်ပုံအကြောင်းပြန်လည်ဟောပြောဆွေးနွေး

၈ လေးလုံး အရေးတော်ပုံ နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနား တောင်ကြီးမြို့ မြို့တော်ခန်းမ နှင့် ဗိုလ်ချုပ်ပန်းခြံ တွင်ကျင်းပ ခဲ့ကြောင်းသိရသည်။


သြဂုတ်လ ၈ ရက်နေ့တွင်ကျရောက် သော ၈ လေးလုံး အရေးတော်ပုံ နှစ်(၃၀) ပြည့် ပုလဲရတု အခမ်းအနားက်ို နံနက် ၆းဝဝ နာရီတွင် မင်းကျောင်းတိုက်၌ အရုဏ်ဆွမ်းနှင့် ၀ါဆိုသင်္ကန်း ကပ် လှူ ရေစက်ချအမျှဝေခဲ့ ပြီး မင်းကျောင်းမှ ၈ လေးလုံး ကျောက်တိုင် သို့ ချီတက်ခြင်း၊ ၈ လေးလုံးကျောက်တိုင်အား ဂါရဝ အလေးပြုခြင်း၊ ၈ လေးလုံးအရေးတော်ပုံနှင့်ပတ်သက်သည့် ဆွေးနွေးခြင်းစသည့် အစီအစဉ်များရှိခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲကို ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ NLD အဖွဲ့ SNLD အဖွဲ့ သျှမ်းပြည်နိုင်ငံရေး အဖွဲ့ကျောင်းသားသမဂ္ဂအဖွဲသျှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းများတက်ရောက်ခဲ့ကြောင်းသိရသည်။

“၂၁ ပင်လုံဟာကျနော်တို့နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေးညီလာခံမှာ တကယ်တော့ ဒီမိုကရေစီသမားဆိုတာတွေဟာ အာဃာတအမုန်းတရားနဲ့ သွားရမဲ့ ကိစ္စမဟုတ်ပါဘူး ။ ဒီမိုကရေစီသမားဆိုတွေဟာ ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရားကိုအခြေခံပြီး တိုင်းပြည်ကို တည်ဆောက်ခြင်း ဖြစ်ပါတယ်” ဟုငြိမ်းချမ်းရေးနှင့် လူ့ အဖွဲ့အစည်းမှ ဦးဂျင်မီကပြောကြားခဲ့ပါသည်။

အဆိုပါအခန်းအနားတွင် နှစ်ပေါင်း ၃၀ အကြာ ( သြဂုတ် ၈ ရက် ၁၉၈၈ ) ကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့်အတွေ့အကြုံများ ၊ နိုင်ငံရေးအကြောင်းများ၊ အခမ်းအနားပြုလုပ်ရခြင်းရည်ချက်များ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

တိုင်ကြားစာစစ်ဆေးကော်မတီဥက္ကဌ စိုင်းမျိုးမြင့်မှ “လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ဒီနေ့ဒီချိန် ဒါမျိုး ကိစ္စ နဲ့ ပတ်သတ်ပြီးတော့ သွေးစတေးခဲ့ သောရဲဘော်နှင့်ကျောင်းသားများ အားလုံးကိုလည်း သတိရဂုဏ်ယူ ပါတယ်။ ဒါပေမဲ့သူတို့ရဲ့ဆန္ဒမှတ်ချက်ပန်းတိုင် တွေက ဒီနေ့ပြည့်မြှောက်ပြီလားလို့မေးရင် မပြည့်မြှောက်သေး ဘူးလို့ ရဲရဲကြီးပြောရဲပါတယ်။ ကျနော်တို့ထင်ထား တာကတော့ ၈၈ အရေးအခင်းပြီးရင် နိုင်ငံရေးအခြေအနေ ဟာသိပ်ပြီး အခက်ခဲမရှိတော့ဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ထင်ထားသလိုမဖြစ်လာပါဘူး” ဟု ပြောကြားခဲ့ ပါသည်။

၄င်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီ ၊ ရှေးဟောင်းသုတေသနပညာရှင် မန္တလေးတက္ကသိုလ်မှ ဒေါက်တာ ပြည့်ဖြိုးကျော်၊ အရှေ့တောင် အာရှရေးရာကျွမ်းကျင်သူ ဦးခင်လေးမောင် တို့မှ မြို့တော်ခန်းမတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တော် ခန်းမ နှင့် ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပလျက်ရှိရာ တက်ရောက်လာကြသူများမှ ပြသ ထား သော သမိုင်းမှတ်တမ်း ဓာတ်ပုံများ ၊ ပန်းချီ နှင့် ကာတွန်းများ ကို ကြည့်ရှုကြပြီးနောက် ၊ တက်ရောက် ဧည့် သည်တော် မှတ်တမ်း တွင် အမှတ်တရစကားနှင့် လက်မှတ်များ ရေးထိုးခဲ့ကြသည်။ ၈၈၈၈ အရေးခင်းတွင် တောင်ကြီးမြို့ရှိကျောင်းသားပေါင်း ၂၀ကျော်သေဆုံးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...