တောင်ကြီးမှာ ဆိုင်ပိတ်ထားသည့် ကုန်စုံဆိုင် ပိုင်ရှင် ၂ ဦး စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ဌားရမ်းဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်ခန်းပိုင်ရှင် ၂ ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

တောင်ကြီးမြို့ ဟော်ကုန်းရပ်ကွက်တွင် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) နေ့လည် ၁၂ နာရီခွဲအချိန်က စစ်ကောင်စီတပ်သားနှင့် အရပ်ဝတ်လူတစ်စုတို့က ကားဖြင့် ရောက်လာပြီး ဆိုင်ပိတ်ထားသည့် ကုန်စုံဆိုင်နှင့် မုန့်ဆိုင် ဆိုင်ခန်းပိုင်ရှင်များကို ဖုန်းဆက်ခေါ် ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၁၂ နာရီခွဲဝန်းကျင်လောက်မှာပါ။ သေနတ်ပါတဲ့ ရဲနဲ့ စစ်သားက ၁၀ ယောက်လောက်ရှိတယ်၊ ပြီးတော့ အရပ်ဝတ်နဲ့ လူတွေလည်းပါတယ်၊ အိမ်စီးကား ၄ စီး၊ စစ်စိမ်းရောင် ဂျစ်ကားတစ်စီးနဲ့ လာတာ၊ ဒီဆိုင်တွေ ဘာလို့ ပိတ်ထားသလဲ၊ ပိုင်ရှင်က ဘယ်မှာနေလဲ ဆိုပြီး ဖုန်းတွေခေါ်လိုက်တာ၊ ပိုင်ရှင်နှစ်ယောက်ရောက်လာတော့ ဖမ်းခေါ်သွားတယ်” ဟု မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဆိုင်ခန်းပိုင်ရှင်များသည် ရိုးရိုးပြည်သူများသာဖြစ်ပြီး ယနေ့မှ ဆိုင်ပိတ်ထားခြင်း မဟုတ်ဘဲ သုံးလေးရက်ကတည်းက ဆိုင်များ ပိတ်ထားကြောင်းလည်း ၎င်းက ပြောသည်။

“ဒီနေ့က Silent Strike မို့လို့ ဆိုင်ပိတ်တာလည်း ဟုတ်ချင်မှ ဟုတ်ပါမယ်လေ၊ ဘာကြောင့်ဖမ်းသွားလဲ ဘယ်ကို ဖမ်းသွားမလဲ ဆိုတာ မပြောသွားဘူး၊ ဒီလို ဆိုင်ပိတ်တိုင်းသာ ဖမ်းမယ်ဆိုရင်တော့ ဒီနေ့ တောင်ကြီးက ၉၀ % က ဆိုင်တွေပိတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နှင့် အာဏာရှင်ကို ဆန့်ကျင်သည့် အနေဖြင့် ပြည်သူများက အသံတိတ် သပိတ် Silent Strike ကို ပြုလုပ်ပြီး အပြင်မထွက်၊ ဆိုင်ခန်းမဖွင့် ခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းကဲ့သို့ အသံတိတ်သပိတ် Silent Strike နှင့် အပြင်မထွက်ပဲ နေအိမ်ထဲ နေထိုင်ခြင်းဖြင့် ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို အပြင်ထွက်လာစေရန်နှင့် ဆိုင်ခန်းများ ဖွင့်လှစ်ရန် အမျိုးမျိုး ဖိအားပေး ဆော်သြခဲ့တာလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...