Tuesday, January 27, 2026

သျှမ်းပြည်တောင်ပိုင်း ကျေးလက်ဒေသခံ ၂ ဦးအား RCSS တပ်ဖွဲ့ဝင်ဟုဆိုကာ အစိုးရတပ်မတော်မှ ညလုံးပေါက်ဖမ်းဆီးစစ်ဆေး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် လယ်ကွင်းအတွင်းအလုပ်လုပ်နေသည့် ကျေးလက်ဒေသခံ နှစ်ဦးအား သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်ဟု ဆိုကာ အစိုးရတပ်မတော် မှ ပြီးခဲ့သည့် သောကြာနေ့က ညလုံးပေါက် ဖမ်းဆီးစစ်ဆေးသည်ဟု သတင်းရရှိသည်။


လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်လွမ် ရွာသား စိုင်းစိတ္တ အသက် ၂၀ နှစ် နှင့် စိုင်းစိန္န အသက် ၄၀ တို့ လယ်ကွင်းအတွင်း အလုပ်လုပ်နေစဉ်အစိုးရတပ်မတော် ခလရ ၂၉၆ က လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ သြဂုတ် လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်လ ၄ ရက်နေ့မှ ပြန်လွတ်ပေးကြောင်း ရွာသူ ကြီး အသိုင်းအဝိုင်းပြောပြချက်အရသိရသည်။

“ဒီဘက်က ဖုန်းလိုင်းသိပ်မကောင်းဘူးလေ ၊ စကားပြောစက် ခေတ်စားနေကြတာ။ ဖုန်းဖိုးလဲ မကုန်ဘူးဆိုတော့ လေ။ ရပ်ရွာအတွင်းဝိုင်းဝန်းကူညီဖို့အုပ်စုလိုက် အဲ့လက်ကိုင်စကားပြောစက်တွေသုံးကြတာ။ သူတို့နှစ်ယောက်လဲ ကိုင်တယ်။ ဒါကိုတပ်မတော် က RCSS ရဲ့ လူဆိုပြီး တိုက်ရိုက်သွားဖမ်းတာ သူတို့နှစ်ယောက်ကို။ လယ်ထဲဝင်လာတာနဲ့ သေနတ် ထောက်ပြီး ဖမ်းချုပ်တော့တာဘဲ။ ရွာသူကြီး သွားထောက်ခံမှ နောက်တရက် ပြန်လွှတ်ပေးတာ”- ဟု ပြောသည်။

၄င်း ၂ ဦးအား ခေါင်းစွပ်အမည်းဖြင့်စွပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိုးလင်းချိန်အထိ စစ်ဆေးသော်လည်း တစုံတရာ ရိုက်နှက်သည်ဆိုသည့် အချက်၊ တစုံတရာ ၀န်ခံကတိပေးချက် ပေးရသည် ဆိုသည့် အကြောင်းများ မကြားသိရပေ။

ရွာသားနှစ်ဦးအား ဖမ်းဆီးသွားသည့် အစိုးရတပ်မတော် ခလရ ၂၉၆ သည် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲတွင် အခြေစိုက်ကြောင်း၊ အဆိုပါ တပ်သည် ခိုလမ်အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ အမှတ် ၁၇ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် ၏ လက်အောက်ခံတပ်ရင်းတခုဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA မှာမူ နေပြည်တော် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်မတော် တခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Happy Water ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးအမှု ငွေကြေးဖြင့် ကြေအေး

0
သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် Happy Water စိတ်ကြွဆေးရည်ကြောင့် သေဆုံးသွားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ အမှုကို ငွေကြေးဖြင့် ကြေအေးလိုက်ကြောင်း ဒေသခံများက ပြောသည်။  ဇွန်လ ၂၁ ရက်နေ့တွင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုက်ညရွာ၌ ဖွင့်လှစ်ထားသော X3 KTV ဆိုင်တွင် အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် Happy...

ခိုလမ်မြို့ အမျိုးသားတစ်ဦး သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ ခြံထဲ ပစ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇူလိုင် (၅) ရက် မနက် (၅) နာရီအချိန်တွင် ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦး သတ်ခံထားရပြီး ရုပ်အလောင်းကို ၎င်း၏ ခြံထဲတွင် ပြန်ရှာတွေ့...

မိုင်းပန်မြို့နယ် ပြည်သူနေအိမ်တချို့ စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် ၃ မိုင်အကွာရှိ ဝိုးလိုင်း ကျေးရွာတွင် နေထိုင်သည့် ပြည်သူနေအိမ်တချို့ ကို စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ် ၃ မိုင်အကွာရှိ ဝိုးလိုင်းကျေးရွာရှိ နေအိမ် တချို့ကို မတ် (၁၄)ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ်(၁၇) က...

မိုင်းပန်တွင် အရပ်သား တဦး ကျည်ထိမှန်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း အစိုးရတပ်မတော် မှ တဖက်သတ် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ )ရက် ဥပုသ်နေ့ ဖြစ်သည့်အလျောက် မိုင်းပန်မြို့နယ်အတွင်းရှိ မိုက်ပုံကျေးရွာ နှင့်ဝမ်မုတ်ကျေးရွာကြားရှိ လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား ရွာသူရွာသားများက သွားရောက်ပူဇော်စဉ် အမျိုးသားတစ်ဦးက...

တန့်ယန်းမြို့နယ်က ရွာသူကြီးတဦးပျောက် ရွာသား ၃ ယောက်အား လက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ မိုင်းဟပြည်သူ့စစ်မှ ရွာသား (၃) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၆) ရက်ညက တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု တတ်လျက် ရွာသား (၃) ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့ချိန်ထိ ပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။ “သူတို့ရွာမှာ ကျောက်မီးသွေးတူးဖို့အတွက် ကုမ္ပဏီ နဲ့...