တရုတ်နိုင်ငံမှာ ၆ လကြာ ဖမ်းဆီးခံရတဲ့ ကျောက်မဲမှ အမျိုးသမီးတစ်ဦး ပြန်လွတ်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စခန်းသာကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး တရုတ်နိုင်ငံတွင် ၆ လကျော်ကြာ ဖမ်းဆီးခံထားရပြီးနောက် နိုဝင်ဘာ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

င်

ထိုအမျိုးသမီး နန်းဆိုင်ပွဲ သည် တရုတ်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်ပြီး အလုပ်သွားရောက်လုပ်ကိုင်ရာမှ ဖမ်းဆီးခံရကြောင်း သိရသည်။

“သူအခုတော့ အိမ်ပြန်ရောက်လာပါပြီ။ တရားမဝင် ဝင်ရောက်လို့ဆိုပြီး ဖမ်းခံရတာပါ။ ၆ လလောက် ထောင်ကျခံရတယ်။ အိမ်နဲ့လည်း သူတို့ အဆက်အသွယ် မပေးလုပ်ဘူး။ တစ်ချို့ပစ္စည်းတွေလည်း မရလာဘူး။ အိမ်ရောက်လာလို့တော့ ဝမ်းသာပါပြီ” ဟု နန်းဆိုင်ပွဲ၏ မိခင်ဖြစ်သူက ပြောသည်။

နန်းဆိုင်ပွဲသည် တရုတ်နိုင်ငံမှာ ထောင်ကျနေချိန်တွင် ညှင်းပန်းနှိပ်စက်ခံရခြင်းမရှိသော်လည်း ထောင်မှပြန်ထွက်လာချိန်တွင် သူမ၏ ငွေနှင့် အဝတ်စားများကို ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။

“ထောင်ထဲမှာတော့ နှိပ်စက်ခံရတာတွေတော့မရှိပါဘူး။ ဖမ်းခံရတဲ့သူ အများစုက မြန်မာနိုင်ငံသားတွေပါ။ ဒါပေမဲ့ ကျမပြန်ထွက်လာတော့ ကျမရဲ့ ပိုက်ဆံတွေပြန်မရဘူး။ အဝတ်အစားလည်း မရဘူး။ ထောင်ကနေထွက်လာတာ ဖုန်း ပြန်ရခဲ့တယ်” ဟု နန်းဆိုင်ပွဲက ပြောသည်။

နန်းဆိုင်ပွဲသည် ဧပြီ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ စန်တုံမြို့ တွင် ဖမ်းဆီးခံရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ပြည်သူများက နေ့စဉ် မြန်မာ – ထိုင်း၊ မြန်မာ – တရုတ် နယ်စပ်တွင် တရားမဝင် ခိုးဝင်လျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...