နိုင်ငံရေးအခက် စီးပွားရေးအကြပ် ဆင်းရဲနွံနက်လာတဲ့ ဆီဆိုင် တောင်သူ

“ဒီလ တစ်လစာချေးငွေ ဆပ်ပြီးရင် ကျမ ဆန်ဝယ်ဖို့တောင် မရှိတော့ဘူး၊ အာလူးတွေကလည်း ရောင်းလို့မရသေးတော့ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ဘူး” – လို့ နန်းခမ်း က တိုးတိတ်စွာ ပြောပြပါတယ်။

နန်းခမ်း ဟာ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုထဲရှိ ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ တောင်သူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

တောင်ကြီးမြို့ အရှေ့တောင်ဘက်ရှိ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်း၊ သျှမ်း၊ ကယား၊ ကယန်းလူမျိုးစုတွေ အဓိကနေထိုင်ပေမယ့် တခြားလူမျိုးတချို့လည်း ပူးပေါင်းနေထိုင်တဲ့ ဒေသတခုဖြစ်ပါတယ်။

ထိုဒေသမှာ နေထိုင်သူတွေကတော့ တောင်ယာလုပ်ငန်း၊ ခြံလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြပြီး တောင်ယာမှ ထွက်တဲ့ သီးနှံတွေကို မြို့ပေါ်တက် ရောင်းချကြပါတယ်။

လက်ရှိကာလမှာတော့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ကိုဗစ်-၁၉ ပြသနာတွေကြောင့် တောင်ယာ၊ ခြံထွက်သီးနှံတွေကို မြို့ပေါ်တက် ရောင်းချလို့ မရတော့တဲ့အတွက် နန်းခမ်းတို့ မိသားစုဟာ စားဝတ်နေရေးခက်ခဲမှုကို ရင်ဆိုင်ကြုံတွေ့နေ ရပါတယ်။

နန်းခမ်းဟာ ခြံထွက်သီးနှံတွေ စိုက်ပျိုးရောင်းချပေမယ့် စျေးကွက်မရှိ စျေးမရတဲ့အတွက် မိသားစု ဝင်ငွေ ခက်ခဲမှု၊ ဝမ်းရေးအတွက် ကြပ်တည်းမှုက တနေ့ထက်တနေ့ အခက်ကြုံလာပါတယ်။

“ကျမ က အာလူးစိုက်တယ်။ အရင်ကတော့ အောင်ပန်း၊ ကလော၊ တောင်ကြီးကို တက်ရောင်းတယ်။ အခု ကိုဗစ်တွေ ကြောင့် ရောင်းမရတော့ဘူး။ စျေးမရဘူး” – နန်းခမ်း တယောက် စိတ်ပျက်စွာ ပြောပြပါတယ်။

နန်းခမ်း ဟာ သမီး (၂)ယောက်ရှိပြီး တစ်ယောက်က ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ပြီး ကျန်တဲ့ တစ်ယောက်ကတော့ သူနဲ့အတူ ဆီဆိုင်မြို့နယ်မှာ နေထိုင်ပါတယ်။

အရင်အချိန်ကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သမီးကြီးက တစ်လ ၂ သိန်းခွဲ ပုံမှန်ပို့ပေးမှုကြောင့် လစဉ်ချေးငွေ လုပ်ငန်း ကို ပေးသွင်းနေရတဲ့ တစ်သိန်းခွဲဝန်းကျင် ငွေပမာဏဟာ မပြောပလောက်ခဲ့ပေ။

သို့ပေမယ့် လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ကိုဗစ် -၁၉ မြင့်တက်မှုကြောင့် သမီးကြီးလည်း မိခင်ဖြစ်သူထံ ငွေကြေး မပို့ပေးနိုင်တော့တဲ့အတွက် နန်းခမ်းတယောက် နေ့စဉ်စားသောက်မှုနဲ့ ချေးငွေလုပ်ငန်းကို လစဉ်ငွေသွင်းဖို့ အပူအပင်တွေ ဖြစ်နေရပါတယ်။

”ကျနော်က လယ်ယာ လုပ်ငန်းအတွက် နဲ့ ကျနော့ ညီ နဲ့ ညီမ နှစ်ယောက် ထိုင်းသွားဖို့ ခရီးစရိတ်အတွက် ပိုက်ဆံချေး တယ်။ ပြောထားတဲ့ အတိုင်းကျနော်က အတိုးကော အရင်းရောမပေးနိုင်လို့ အိမ်ဆောက်ဖို့ ကျနော် ဝယ်ထားသစ်တွေ အုတ်တွေ အားလုံးကို ငွေရှင် က အကုန်လာ သယ်ယူသွားတယ်” -ဟု ဆီဆိုင်မြို့ခံ စိုင်းနော် ကလဲ ပြောသည်။

ထိုနည်းတူ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေစေဖို့ နန်းခမ်းတစ်ယောက် ကလဲ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုထံ ချေးငွေ ကျပ် (၂၅) သိန်းကို ချေးယူခဲ့ပြီး တစ်လလျှင် ကျပ်ငွေ တစ်သိန်းခွဲ ပြန်လည်ပေးသွင်းနေရပါတယ်။

“စားဖို့ သောက်ဖို့က ခက်ခဲပေမယ့် ခြံထဲက ဟင်းရွက်တွေ ခူးစားလို့ရတယ်။ ချေးငွေ ပြန်ဆပ်ဖို့ တစ်လ တစ်သိန်းခွဲက တော်တော်လေး ပူရတယ်” – လို့ နန်းခမ်း တစ်ယောက် ညှီးထွားပြီး ပြောလာပါတယ်။

လွန်ခဲ့တဲ့ (၃)နှစ်က စပြီးတော့ ဆီဆိုင်မြို့နယ်အတွင်း အသေးစား ချေးငွေလုပ်ငန်းတွေ ဝင်ရောက်လာခဲ့ပြီး ငွေကြေးလိုအပ်နေတဲ့ တောင်သူလယ်သမားတွေကို ချေးငွေထုတ်ပေးခဲ့ပါတယ်။

“ကျနော်တို့ စိုက်ပျိုးရေးက ဒီနှစ်မဖြစ်ဘူး၊ ကားခနဲ့ အဆင်မပြေတာပေါ့၊ မြို့တက်ပြီး နေ့စားလုပ်ဖို့ကလည်း မြို့ထဲမှာ ဘာအလုပ်မှ မဖြစ်ဘူး၊ ဒီမှာကလည်း ချေးငွေရှိတော့ ရှေ့ဆက်စဥ်းစားရ အရမ်းခက်တယ်” ဟု နောင်ကျောကျေးရွာအုပ်စုရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် ခွန်မြင့်က ပြောပါတယ်။

အသေးစားချေးငွေလုပ်ငန်းများမှာ မူလက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့ရန် အထောက်အကူဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ အခက်အခဲအလွန်ဖြစ်ကာ အကျပ်တွေ့စေကြောင်း ခွန်မြင့်က ပြောပါတယ်။

သျှမ်းပြည်တောင်ပိုင်း ချေးငွေလုပ်ငန်းတစ်ခုမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ၎င်းတို့အနေဖြင့် ချေးငွေများကို ၂ လမှ ၃ လခန့် ရပ်နားပေးခဲ့ပြီး ၃ လ ဆက်တိုက် ပျက်ကွက်သူများကို လုပ်ငန်းစည်းကမ်းအရ တရားစွဲရချင်းဖြစ်ကြောင်း ပြောပြ ပါတယ်။

မူလက ဒေသခံများအနေနဲ့ ချေးငွေတွေကို လစဉ် မိမိတို့ချေးယူထားတဲ့ ပမာဏအလိုက် ပေးသွင်းရန် လွယ်ကူပေမယ့် ယခုကာလမှာတော့ ချေးငွေများ ပုံမှန်ဆပ်နိုင်ရန် ခက်ခဲလာကာ ဒေသခံတွေနဲ့ ကုမ္ပဏီတွေကြား ပြဿနာတွေ ဖြစ်လာခဲ့ကြ ပါတယ်။

“ချေးငွေက သွားမသွင်းရင် သူတို့က အိမ်ထိ လိုက်လာတယ်၊ နောက်ကျလို့လဲမရဘူး၊ တရားစွဲခံရမှာလဲကြောက်တယ်၊ အခုလို ကျပ်တည်းနေတဲ့အချိန် နားလည်ပေးစေချင်တယ်” လို့ နန်းခမ်းက ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလရှည်ကြာလာမှု၊ စစ်တပ်အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်း အလွန်မြင့်တက်လာမှုတို့ကြောင့် နန်းခမ်း တို့လို ချေးငွေယူထားမိတဲ့ နောင်ကျေ ဒေသခံပေါင်းများစွာဟာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။

အခြားဒေသခံတွေရဲ့ ပြောပြချက်အရ ချေးငွေကုမ္ပဏီများဟာ ချေးငွေလစဉ်ပုံမှန်မပေးသွင်းနိုင်သူများကို အတင်းအဓမ္မ ငွေကြေးတောင်းခံမှုများရှိနေပြီး အာဏာသိမ်းစ ဖေဖော်ဝါရီလနှင့် မတ်လတွင်သာ ချေးငွေကောက်ယူမှုများ ခေတ္တရပ်နားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချေးငွေမဆပ်နိုင်လို့ တရားစွဲခံထားရတဲ့ နောင်ကျော ကျေးရွာ ဒေသခံ (၃)ဦး ရှိပါတယ်။ လက်ရှိ တရားစွဲဆိုခံထားရတဲ့ သူတွေကတော့ ကျေးရွာမှာ မနေထိုင်ရဲတော့ဘဲ တခြားဒေသကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကိုဗစ် ကူးစက်ရောဂါမြင့်တက်လာပြီးနောက်ပိုင်းမှာ လမ်းစရိတ် မြင့်တက်လာတဲ့အတွက် ဆီဆိုင်မြို့နယ်ထွက် စိုက်ပျိုးရေးသီးနှံတွေကို တခြားမြို့နယ် တက်ရောင်းရန် အခက်အခဲ ဖြစ်လာစေပါတယ်။

ဒါ့ကြောင့် တောင်သူတွေ မြို့ပေါ်တက် သီးနှံရောင်းဖို့အတွက် အဆင်မပြေမှုတွေဖြစ်လာပြီး စားဝတ်နေရေးအတွက် အကြွေးနွံနစ်ကာ ဒုက္ခရောက်လာကြပါတယ်။

“ကိုဗစ်နောက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေး ပိတ်တာရော၊ လမ်းစရိတ်မြင့်တက်လာတာရော ကျနော်တို့ တောင်သူတွေ မြို့ပေါ်တက်ရောင်းဖို့က ခက်လာတယ်။ ကိုဗစ်ကနေ စလာတဲ့ခက်ခဲမှုက နိုင်ငံရေးနဲ့ဆိုတော့ ပိုပြီးခက်ခဲလာတာ၊ အကြွေးနွံတွေ နစ်တော့တာပဲ” လို့ တောင်ယာလုပ်နေတဲ့ ပအိုဝ်းလူငယ်တစ်ဦးက ဆိုပါတယ်။

အသေးစား ချေးငွေလုပ်ငန်းဟာ မူလက တောင်သူတွေနဲ့ အခြေခံ လူတန်းစားတွေကို စီးပွားချဲ့နိုင်ဖို့အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ကြပေမယ့် လက်ရှိကာလမှာတော့ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုတွေကြောင့် အခြေခံလူတန်းစားတွေကို ပိုပြီး ဝန်ပိစေတယ်လို့ ပအိုဝ်းလူငယ်က ထောက်ပြ ပြောဆိုပါတယ်။

သျှမ်းပြည်တောင်ပိုင်း အသေးစားချေးငွေကုမ္ပဏီတစ်ခုမှ အမျိုးသမီးက အထက်က ညွန်ကြားချက်အတိုင်းသာ လုပ်ဆောင် ရခြင်းဖြစ်ကြောင်းကို “ကျွန်မတို့က အထက်က ခိုင်းတဲ့အတိုင်းလုပ်ရတာ၊ စိတ်မကောင်းပေမဲ့လဲ မတတ်နိုင်ဘူးပေါ့” ဆိုပြီး ပြောပါတယ်။

လယ်ယာ ခြံထွက်သီးနှံ ရောင်းရန်အတွက် စျေးကွက်မရှိတဲ့အချိန် အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေပြတ်နေတဲ့ ကာလမှာ တောင်သူတွေ ပေးသွင်းနေရတဲ့ လစဉ်ငွေကို ခေတ္တရပ်နားထားပေးရန် ဆီဆိုင်တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ဆီဆိုင်မြို့နယ် အတွင်း ချေးငွေအတိုးနှုန်းက ငွေကျပ် ၁၀၀ မှာ အတိုးနှုန်း က နှစ်ကျပ် မှ ကျပ် ၂၀ အထိ ပေးရ တာပါ။ သမဝါယမ နဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် မှာ ၂ ကျပ်နှုန်း၊ အပြင် ငွေချေးနှုန်း က အနည်းဆုံး ၅ ကျပ် မှ ၂၀ ကျပ်အထိ ပေးရပါတယ်။

“စိုက်/ဘဏ်မှာ သွားချေးရင် မိမိပိုင်ဆိုင်မှု ဖြစ်တဲ့ ပုံစံ ၇ ကို သွားအပ်ထားရတယ်။ တစ်ဧက ၁ သိန်းခွဲ ၊ ၁၀ ဧက အတွက် ငွေချေးလို့ရတယ်။ သမ မှာတော့ အဖွဲ့ဝင်ဖြစ်မှ ငွေချေးလို့ရတယ်” – ဟု လယ်သမား စိုင်းခမ်း က ပြောတယ်။

“စိုက်နေကြဟာ ကို အဓိကထားပြီး မစိုက်ဘဲ စျေးကွက်နဲ့ အညီ လေ့လာပြီး စိုက်ပျိုးစေချင်တယ်။ မြေထောက်ပဲ တို့၊ ပဲနီ တို့ ကို ပြောင်းစိုက်စေချင်။ လိုအပ်တဲ့ စိုက်ပျိုးရေး အထောက်အကူပြု တွေလဲ ကျနော်တို့ ပံ့ပိုးပေးလို့ရတယ်။ အဲဒါတွေ စိုက်ရင် ကျနော်တို့ စျေးကွက်ရှာ ပေးလို့ရတယ်” – ဟု တောင်သူဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် FDN က ညှိနှိုင်းရေးမှူး စိုင်းပွန်းဟန် ကပြောသည်။

မြေထောက်ပဲ က နေရာ ဒေသ မရွေး၊ စိုက်ပျိုးရလွယ်ကူ၊ ရိတ်သိမ်းပြီး သိုလှောင်ထားခံပြီး စျေးလည်းကောင်းမွန်ပါတယ်။ တစ်ဧက ပိဿာချိန် ၈၀၀ ထက်မနည်းထွက်ရှိပြီး တစ် ပိဿာ ၂ ထောင်ကျပ် နှုံး အနှိမ့်ဆုံးစျေး ပေါက်ပါတယ်လို့ စိုင်းပွန်းဟန် က တိုက်တွန်းပါတယ်။

သို့ပေမယ့် စိုက်ပျိုးထားတဲ့ သီးနှံ ရောင်းမထွက်သေးတဲ့ ဒီနိုင်ငံရေး အခက်အခဲကာလ၊ ကိုဗစ်ရောဂါပျံ့ပွားနေရတဲ့ကာလ မှာ ထိုင်းရောက်သမီးလေးကလဲ ဝင်ငွေမရှိ၊ မိသားစုအတွက် ပိုက်ဆံမပို့ပေးနိုင်တော့လို့ နန်းခမ်းတယောက် ချေးငွေအ တိုးနှုန်းနွံ့ထဲ တရက်ထက်တရက် နစ်လာနေတဲ့ ဘဝ မှာ ထွက်လမ်းရှာဖို့ အမှောင်ထု လွမ်းနေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...