ကျောက်မဲ တိုက်ပွဲဆက်ဖြစ်နေ နားမွန်းစစ်ရှောင်စခန်း ပြောင်းရွှေ့ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ဆက်ဖြစ်နေပြီး လက်နက်ကြီးကျမှာ စိုးရိမ်သည့်အတွက် နားမွန်းစစ်ရှောင်များ စခန်းပြောင်းရွှေ့နေထိုင်ရကြောင်း သတင်းရရှိသည်။

နားမွန်းစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည် တစ်ဦး အပါအဝင် စစ်ရှောင် (၃၀)ကျော် ရှိနေပြီး ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေသည့်အတွက် ရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ရတာဖြစ်ကြောင်း သိရသည်။

“အရင်က စာသင်ကျောင်းမှာနေတာ၊ ချိုင့်ဝှမ်းနေရာဖြစ်တော့ ကြောက်ရတယ်၊ ပြီးခဲ့တဲ့ ၂ ရက်က တိုက်ပွဲပြင်းထန်တယ်လေ၊ လက်နက်ကြီးတွေ ကျမှာစိုးရိမ်လို့ နေရာပြောင်းလိုက်ရတယ်၊ ရွာဘုန်းကြီးကျောင်းက ဇရပ်ထဲ ပြောင်းနေကြတာ” ဟု စစ်ရှောင်များကို ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုထဲတွင် နားမွန်း၊ ဗြိန်းခါး၊ မိုင်းတင်းနှင့် နမ့်စော့စစ်ရှောင်စခန်းတို့ ရှိပြီး စစ်ရှောင် (၃၀၀)ကျော် ခိုလှုံနေတာဖြစ်သည်။

ထိုဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၂)ရက်နေ့မှ စပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များ အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်လာခဲ့တာဖြစ်ကြောင်း သိရသည်။

“မနေ့ကတော့ အသံမကြားရဘူး၊ ဒီနေ့ ပန်စလော့ အပေါ်ပိုင်းမှာ ပစ်ကြတယ်လို့ ကြားတယ်၊ မနက် ၇ နာရီ လောက်မှာ ပစ်တဲ့အသံ ကြားရတာ” ဟု မိုင်းတင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာ (၂၇)ရက် မနက်အစောပိုင်းက နောင်ပစ်ကျေးရွာအုပ်စုအနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သည့် RCSS နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (၂)လဝန်းကျင်ကတည်းက နောင်စိန်၊ ပန်လင်၊ လွယ်ကုန်၊ မောက်ငါးစန့်၊ ပန်စလော့၊ ဟူးကွက်၊ ကြိမ်းလောနှင့်အခြားကျေးရွာ အနီးတဝိုက်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးပေ။

“သူတို့က အိမ်အရမ်းပြန်ချင်နေပြီ၊ စစ်ရှောင်လာတာ (၂)လကျော်ရှိပြီလေ၊ ပြန်ချင်တယ် ဆိုပြီး ပြောတယ်၊ တစ်ချို့ဆို မျက်ရည်တောင်ကျတယ်” ဟု စစ်ရှောင်ကူညီသည့် ကျောက်မဲ ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးသည့် ကြူရှောနှင့် ဟူးဆွန်ကျေးရွာအုပ်စုတွင် စစ်ရှောင် (၁၆၀၀)ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...