Wednesday, January 28, 2026

ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပြီး ထပ်မံပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး ကျေးရွာတွင် ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၃ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့မနက်တွင် စစ်ကောင်စီတပ် တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်း အုတ်တံတိုင်များ၊ နေအိမ်များ ပျက်စီးသွားရကြောင်း သိရသည်။

“စစ်ကောင်စီတွေ ဒီနေ့မနက်အစောကြီးဘဲ သောင်းကျန်းတာ။ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာပေါ့။ နေအိမ်တချို့ပျက်စီးသွားတယ်။ အုတ်တံတိုင်းတွေရော အကုန်ပျက်တယ်။ ကျနော်တို့တွေ မနက်အစောကြီး စစ်ဘေးရှောင်ထွက်ပြေးလာကြရတာ” ဟု မျက်မြင်တွေ့သူက ပြောသည်။

စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေပြည်အေးကျေးရွာရှိ ဆေးခန်းလည်း ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် ရွှေပြည်အေးကျေးရွာမှ ဒေသခံများသည် ပင်လောင်းမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

ထိုစစ်ရှောင်များထဲတွင် ကျန်းမာရေးမကောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။

“ရုတ်တရက် မနက်အစောကြီး ထပြီးထွက်ပြေးလာတာလေ။ တချို့က မနက်စာတောင်မစားရသေးဘူး။ အဝတ်တွေကို မယူရသေးတာလည်း ပါတယ်။ ဝတ်စရာတွေ ဘာမှ မရှိတဲ့သူကော အများကြီးပါလာတယ်။ နေမ‌ကောင်းတဲ့သူတွေလည်းပါတယ်။ လူဘဲ ထွက်ပြေးလာခဲ့ကြတာ” ဟု ယနေ့မနက် စစ်ရှောင်လာသည့် သူက ပြောသည်။

ယနေ့ မနက် တိုက်ပွဲကြောင့် ရွှေပြည်အေးကျေးရွာမှ ဒေသခံ (၂၇၀)ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ (၂၆)ရက် ည (၅)နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့များက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...