ဖယ်ခုံမြို့ စစ်ကောင်စီ ရမ်းသမ်းပြီး ထပ်မံပစ်ခတ်၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေး ကျေးရွာတွင် ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၃ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့မနက်တွင် စစ်ကောင်စီတပ် တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်း အုတ်တံတိုင်များ၊ နေအိမ်များ ပျက်စီးသွားရကြောင်း သိရသည်။

“စစ်ကောင်စီတွေ ဒီနေ့မနက်အစောကြီးဘဲ သောင်းကျန်းတာ။ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာပေါ့။ နေအိမ်တချို့ပျက်စီးသွားတယ်။ အုတ်တံတိုင်းတွေရော အကုန်ပျက်တယ်။ ကျနော်တို့တွေ မနက်အစောကြီး စစ်ဘေးရှောင်ထွက်ပြေးလာကြရတာ” ဟု မျက်မြင်တွေ့သူက ပြောသည်။

စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေပြည်အေးကျေးရွာရှိ ဆေးခန်းလည်း ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် ရွှေပြည်အေးကျေးရွာမှ ဒေသခံများသည် ပင်လောင်းမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိနေကြောင်း သိရသည်။

ထိုစစ်ရှောင်များထဲတွင် ကျန်းမာရေးမကောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။

“ရုတ်တရက် မနက်အစောကြီး ထပြီးထွက်ပြေးလာတာလေ။ တချို့က မနက်စာတောင်မစားရသေးဘူး။ အဝတ်တွေကို မယူရသေးတာလည်း ပါတယ်။ ဝတ်စရာတွေ ဘာမှ မရှိတဲ့သူကော အများကြီးပါလာတယ်။ နေမ‌ကောင်းတဲ့သူတွေလည်းပါတယ်။ လူဘဲ ထွက်ပြေးလာခဲ့ကြတာ” ဟု ယနေ့မနက် စစ်ရှောင်လာသည့် သူက ပြောသည်။

ယနေ့ မနက် တိုက်ပွဲကြောင့် ရွှေပြည်အေးကျေးရွာမှ ဒေသခံ (၂၇၀)ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ (၂၆)ရက် ည (၅)နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့များက တဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...