Thursday, January 29, 2026

ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် ပန်လင်ကျေးရွာအုပ်စု ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု (TNLA ,SSPP/SSA) တို့က အောက်တိုဘာ ၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံရသူများသည် ပန်လင်ကျေးရွာ (၆)ဦးသည် ယခင်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် သူများဖြစ်ကြောင်း လက်ရှိမှာ လက်ဖက်ခူးသည့်လုပ်ငန်းကို လုပ်ကိုင်သည့် သူများဖြစ်ကြောင်း ပန်လင်းကျေးရွာမှ အသက် (၄၀)ကျော်ရှိ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့ (၆) ယောက်ကို ဖမ်းဆီးသွားတာ။ သျှမ်းလူမျိုးပါ။ အရင်ကတော့ RCSSမှ တပ်ထွက်လာသူတွေ။ အခုတော့ သူတို့ လက်ဖက်လုပ်ငန်းလုပ်ကြတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။

တပ်ပေါင်းစုမှ ဖမ်းဆီးသွားသည့် (၆)ဦးတွင် အမျိုးသမီး (၂)ဦး နှင့် အမျိုးသား (၄)ဦးပါဝင်ပြီး၊ ထိုသူများသည် RCSS/SSAတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်သဖြင့် RCSS/SSAကို သတင်းပေးဖြစ်မှာ စိုးရိမ်သဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသား က ပြောသည်။

“RCSS ကို သတင်းပေးမှာကို စိုးရိမ်တာကြောင့်လာခေါ်သွားတယ်။ အခုက သူတို့က ဒီရွာပဲ အေးဆေးနေကြပါတယ်။ သူတို့ (တပ်ပေါင်းစု) ဘက်က စိုးရိမ်လို့ပဲ ခေါ်သွားဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်တပ်ဖွဲ့ဝင်များကိုသာဖမ်းဆီးကြောင်း၊ သာမန်ပြည်သူများကို ဖမ်းဆီးသည့် ပေါ်လစီမရှိကြောင်း တအာင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့က သာမန်ပြည်သူတွေကို ဖမ်းဆီးတာမျိုးမရှိဘူး။ စစ်တပ်ဖွဲ့ဝင်တဲ့သူတွေဆိုရင်တော့ ခေါ်ဆောင်ထား တာရှိတယ်။ သာမန်ရှာစားနေတဲ့သူတွေကို ဖမ်းတာမရှိဘူး” ဟု (TNLA) ပြောခွင့်ရ မိုင်းအိုက်ကျော်က ပြောသည်။

ပန်လင်ကျေးရွာဒေသခံများသည် တပ်ပေါင်းစုအတွက် နေ့စဉ်ထမင်း၊ ဟင်းချက်ပြီးပို့ဆောင်နေရ ကြောင်းသိရသည်။

ထိုသို့ ထမင်း၊ ဟင်းပို့ဆောင်ပေးနေသည့် ပြည်သူ (၂) ဦး ပစ်ခတ်ခံခဲ့ရဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...