ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် ပန်လင်ကျေးရွာအုပ်စု ပန်လင်ကျေးရွာ ဒေသခံ (၆) ဦးကို တပ်ပေါင်းစု (TNLA ,SSPP/SSA) တို့က အောက်တိုဘာ ၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုဖမ်းဆီးခံရသူများသည် ပန်လင်ကျေးရွာ (၆)ဦးသည် ယခင်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် သူများဖြစ်ကြောင်း လက်ရှိမှာ လက်ဖက်ခူးသည့်လုပ်ငန်းကို လုပ်ကိုင်သည့် သူများဖြစ်ကြောင်း ပန်လင်းကျေးရွာမှ အသက် (၄၀)ကျော်ရှိ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့ (၆) ယောက်ကို ဖမ်းဆီးသွားတာ။ သျှမ်းလူမျိုးပါ။ အရင်ကတော့ RCSSမှ တပ်ထွက်လာသူတွေ။ အခုတော့ သူတို့ လက်ဖက်လုပ်ငန်းလုပ်ကြတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။

တပ်ပေါင်းစုမှ ဖမ်းဆီးသွားသည့် (၆)ဦးတွင် အမျိုးသမီး (၂)ဦး နှင့် အမျိုးသား (၄)ဦးပါဝင်ပြီး၊ ထိုသူများသည် RCSS/SSAတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်သဖြင့် RCSS/SSAကို သတင်းပေးဖြစ်မှာ စိုးရိမ်သဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသား က ပြောသည်။

“RCSS ကို သတင်းပေးမှာကို စိုးရိမ်တာကြောင့်လာခေါ်သွားတယ်။ အခုက သူတို့က ဒီရွာပဲ အေးဆေးနေကြပါတယ်။ သူတို့ (တပ်ပေါင်းစု) ဘက်က စိုးရိမ်လို့ပဲ ခေါ်သွားဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်တပ်ဖွဲ့ဝင်များကိုသာဖမ်းဆီးကြောင်း၊ သာမန်ပြည်သူများကို ဖမ်းဆီးသည့် ပေါ်လစီမရှိကြောင်း တအာင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့က သာမန်ပြည်သူတွေကို ဖမ်းဆီးတာမျိုးမရှိဘူး။ စစ်တပ်ဖွဲ့ဝင်တဲ့သူတွေဆိုရင်တော့ ခေါ်ဆောင်ထား တာရှိတယ်။ သာမန်ရှာစားနေတဲ့သူတွေကို ဖမ်းတာမရှိဘူး” ဟု (TNLA) ပြောခွင့်ရ မိုင်းအိုက်ကျော်က ပြောသည်။

ပန်လင်ကျေးရွာဒေသခံများသည် တပ်ပေါင်းစုအတွက် နေ့စဉ်ထမင်း၊ ဟင်းချက်ပြီးပို့ဆောင်နေရ ကြောင်းသိရသည်။

ထိုသို့ ထမင်း၊ ဟင်းပို့ဆောင်ပေးနေသည့် ပြည်သူ (၂) ဦး ပစ်ခတ်ခံခဲ့ရဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...