Wednesday, January 28, 2026

မိုင်းရယ်မြို့တွင်း လောင်းကစားရုံ ဖွင့်မည့်သတင်းများထွက်ပေါ်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် အတွင်း လောင်းကစားရုံတစ်ခု လာရောက်ဖွင့်လှစ်မည့် သတင်းထွက်ပေါ်လာသည့် အပေါ် ဒေသခံများ စိုးရိမ်နေကြောင်း သတင်းရရှိသည်။

မိုင်းရယ်

ပြီးခဲ့သည့် တစ်ပတ်ခန့်တွင် မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက်အတွင်းတွင် တခြားမြို့ မှ လာသော အဖွဲ့အစည်း တစ်ခုသည် မိုင်းရယ်မြို့အတွင်းတွင် လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းနှင့် တခြားသော လောင်းကစားဆိုင်ရာ လုပ်ငန်းများကို လာရောက်ဖွင့်လှစ်မည်ဆိုသည့် သတင်း ကြားရကြောင်း မိုင်းရယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့အဖွဲ့က လားရှိုးမှာလည်း ဖွင့်ထားတယ်တဲ့၊ အခုတော့ မိုင်းရယ်မြို့ထဲမှာ လာဖွင့်ဖို့ စီစဉ်နေတယ်လို့ ကြားရတယ်၊ အာဏာပိုင်တွေနဲ့လည်း ညှိပြီးပြီတဲ့၊ ဒါပေမဲ့ ရပ်ကွက်ဖက်က လက်မခံသေးဘူး၊ အဲ့ကြောင့် ဆိုင်ခန်းနေရာနဲ့ ပစ္စည်းထားဖို့နေရာပဲချသေးတာ၊ ဖွင့်တော့ မဖွင့်သေးဘူး” ဟု အမည် မဖော်လိုသည့် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလို နိုင်ငံရေး မကောင်းသည့် ကာလနှင့် ပြည်သူများ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရ ချိန်တွင် ယင်းကဲ့သို့ လောင်းကစားဖွင့်ခြင်းသည် မဖြစ်သင့်ကြောင်းလည်း အမှတ် ၁ ရပ်ကွက်မှ ရပ်မိ ရပ်ဖ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလို နိုင်ငံရေး မကောင်းတဲ့ အချိန်မှာ လောင်းကစားဝိုင်း ထပ်ရှိအုံးမယ် ဆိုရင်တော့ မလွယ်ကူတော့ပါဘူး၊ ရှိလာရင် မသွားဘူးဆိုတာ ပြောလို့ ရနိုင်တာ မဟုတ်ဘူး၊ လောင်းတာ ရှိရင် လျော်ရတာလည်း ရှိလာမယ်၊ အဲ့ကနေ ခိုးတာ လုတာကနေ မူးယစ်ဆေးဝါးအဆင့်ထိ ရောက်နိုင်တယ်၊ အဲ့ကြောင့် အာဏာပိုင်တွေ အနေနဲ့ ဒီလောင်းကစားဝိုင်းဖွင့်မယ့် ကိစ္စကို ပြင်းပြင်းထန်ထန် တားမြစ်သင့်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မိုင်းရယ်မြို့နယ်အတွင်း လောင်းကစားဝိုင်းဖွင့်လှစ်မည့် သတင်း ကိစ္စနှင့် ပက်သက်ပြီး မိုင်းရယ်မြို့ ၏ မြို့နယ်ကောင်စီ အဖွဲ့ဝင် ဦးစိုင်းအောင်ညွှန့်ကို ဆက်သွယ်မေးမြန်းရာ ယင်းအကြောင်းအရာ များကို မသိရှိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မသိရပါဘူး၊ ဒီကိစ္စမျိုးက ရှိလာခဲ့ရင်လည်း ကျနော်တို့ခွင့်ပြုမှာမဟုတ်ဘူး၊ ကောလဟာလဘဲ ဖြစ်မှာပါ၊ အခုချိန်ထိတော့ ကျနော်တို့ဖက်က သဘောတူ သိရှိထားရတာ မရှိသေးဘူး” ဟု မိုင်းရယ်မြို့ မြို့နယ် ကောင်စီအဖွဲ့ဝင် ဦးစိုင်းအောင်ညွှန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့အတွင်းတွင် ယခင်ကာလများ၌ လောင်းကစားဝိုင်းများသည် ဘုရားပွဲနှင့် ရာသီပွဲတော်များ၌သာ ရှိလေ့ရှိပြီး ယခု စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း လူနေရပ်ကွက်များအတွင်း ဖွင့်လှစ်ရင် ကြိုးစားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...