မုံးကိုးမြို့ စစ်ရှောင်နှင့် ပရဟိတသမား (၁၀၀) ကျော် ကိုဗစ် ကူးစက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့အတွင်းရှိ စစ်ရှောင်များနှင့် ပရဟိတ (၁၀၀ )ကျော် ကိုဗစ်-၁၉ ကူးစက်ခံ နေရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၂၃) ရက် အထိ မုံးကိုးမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းတွင် တည်းခိုနေထိုင် ရသည့် စစ်ရှောင် (၉၇) ဦး နှင့် ပရဟိတ သမား( ၅) ဦးတို့ ကိုဗစ်-၁၉ ကူးစက်မှု ရှိလာကြောင်း မုံးကိုးမြို့နေ စစ်ဘေး ရှောင်များကို ကူညီထောက်ပံ့ပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က စစ်ရှောင်စခန်းက ဖျားတဲ့သူတွေ၊ နေမကောင်းဖြစ်တဲ့သူတွေကို ကိုဗစ် ရှိမရှိ စစ်ဆေးတာ ၁၈ ဦးတွေ့တယ်၊ ဒါက အရမ်းနေမကောင်းဖြစ်နေတဲ့ သူတွေကိုပဲ ရွေးစစ်ထားတာ၊ အခုဆို စစ်ရှောင်စခန်းက လူနာတွေကို ထားဖို့အတွက် နေရာက တော်တော်ခက်ခဲလာပြီ” ဟု စစ်ရှောင်ကူညီနေသည့် အမျိုးသား တစ်ဦးက ဆိုသည်။

မုံးကိုးမြို့ရှိ စစ်ဘေးရှောင်များကို ပထမအကြိမ်တွင် ဆေးစစ်ရာ ၃၇ ဦး၊ ဒုတိယအအကြိမ်တွင် ၄၂ ဦး၊ တတိယအကြိမ်တွင် ၁၈ ဦး နှင့် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတုတ္ထအကြိမ် စစ်ဆေးရာ ၁၈ ဦးတွေ့ရှိခဲ့ကြောင်း နှင့် လက်ရှိတွင် စစ်ရှောင်စခန်းမှ ကိုဗစ် – ၁၉ အတည်ပြု ပိုးတွေ့လူနာများ တချို့သည် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသပေးနေလျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

“အခုဆို စစ်ရှောင်စခန်းမှာ ကိုဗစ် လူနာတွေကို ထားဖို့တော့တော်တော်ခက်ခဲလာတယ်၊ အဲ့ကြောင့် စစ်ရှောင် စခန်းက ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးကို ပြည်သူ့ဆေးရုံကို ပို့ထားရတယ်” ဟု ၎င်းက ပြောသည်။

စစ်ရှောင်စခန်းတွင် ယင်းကဲ့သို့ ကိုဗစ် – ၁၉ ရောဂါကူးစက်မှု များလာသည့် အတွက်ကြောင့် တိုက်ပွဲငြိမ် သက် ခြင်းမရှိသေးသော်လည်း မန်ခွမ် ဇွပ်ရာရွာ၊ နောင်လျန်ရွာ၊ နမ့်ဟာရွာတို့ မှ မိသားစု ၁၇ စုမှာ နေရပ် ပြန်သွားကြကြောင်းလည်း သိရသည်။

မုံးကိုးမြို့ ဒေသအတွင်းတွင် ဩဂုတ်လ ကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ဒေသခံ ကျေးရွာနေ ပြည်သူ ၇၀၀ ကျော်ခန့်က မုံးကိုးမြို့ပေါ်ရှိ ဘာသာရေး ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...