ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ဆိုတာ ဘာမှန်းမသိတဲ့ သျှမ်းမြောက် စစ်ရှောင်များ

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ မှ ဆုံးချက်ချက် ချမှတ်ပြီး စတင်ဆင်နွှဲလာခဲ့ပါတယ်။ ထိုသို့ ဆင်နွှဲလာရာမှ ပြီးခဲ့တဲ့၂၀၀၁ ခုနှစ်တွင် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ ကို ချမှတ်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် အတည်ပြုခဲ့ကြပါတယ်။

ဒါ့ပေမယ့် သျှမ်းပြည်တဝှမ်းမှာတော့ ခေတ်အဆက်ဆက် စစ်ပဋိပက္ခတွေ ဖြစ်ပွားလာတာ ယနေ့ထိတိုင်ပါပဲ။ စစ်ရေး ပဋိပက္ခကြောင့် သျှမ်းပြည်လူထုတွေဟာ ယနေ့ထိ စစ်ဘေးရှောင်နေရပြီး ၂၀၁၆ ခုနှစ်ကစပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

လက်ရှိမှာဆိုရင်လည်း သျှမ်းပြည်တဝှမ်း တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ စစ်ပဋိပက္ခကြောင့် စစ်ရှောင် သောင်းဂဏန်း ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ရောက်တိုင်း သျှမ်းပြည်လူထုက စစ်ဒဏ်ကြောင့် ကူရာမဲ့ ထွက်ပြေး နေရဆဲပါ။

ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေရဲ့ ခံစားချက်ကို သျှမ်းသံတော်ဆင့် မှ မေးမြန်းတင်ဆက်လိုက်ပါတယ်။

ကျောက်မဲမြို့နယ် မိုင်းငေါ့ စစ်ရှောင်စခန်းမှ စစ်ရှောင် လုံးဆန်လူ

ယခုချိန်မှာ အဖြစ်ချင်ဆုံးဆန္ဒက အိမ်ပြန်ချင်တာပဲ၊ စစ်ရှောင်ထွက်ပြေးလာရတာလည်း (၇)လ ကျော်တောင်ရှိသွားပြီ၊ စစ်ရှောင်စခန်းမှာ လာနေရတော့ စားနပ်ရိက္ခာတွေကအစ ခက်ခဲတယ်။ ကိုဗစ်ကာလ ဆိုတော့ အလှူရှင်တွေကလည်း အရမ်းနည်းသွားပြီ။ နောက်ပြီးတော့ ရပ်ရွာလူကြီး လုပ်ခဲ့ဖူးတဲ့သူက နေရပ်ပြန်ဖို့ ဆိုတာ ပိုပြီးခက်ခဲတယ်၊ ခုဆို ရွာမှာ ရောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ရွာလူကြီးအသစ်ကို ပြန်ရွေးထားပြီးပြီ၊ အဲ့ဒါကြောင့် နေရပ်ပြန်ရဖို့က မလွယ်တော့ဘူး။

ငြိမ်းချမ်းရေးနေ့ ဆိုတာကိုတော့ သျှမ်းပြည်သူအနေနဲ့လည်း မျှော်လင့်တယ်၊ လိုချင်တာပေါ့၊ အဲ့လိုပဲ လက်နက်ကိုင်တပ်တွေလည်း နားလည်သဘောပေါက်မယ်ဆိုရင်တော့ ဒေသခံတွေလည်း ကြောက်ရွံ့နေရမှာမဟုတ်ဘူး၊ ထွက်ပြေးရမှာ မဟုတ်ဘူး။ နောက်တစ်ချက်က စစ်ရှောင်တွေကို အထင်လွဲတာတွေလည်း မဖြစ်စေချင်ဘူး။ တစ်ဖက်တပ်ကို အားပေးလို့ ထွက်ပြေးနေတာမဟုတ်ဘူး၊ ထိခိုက်ဒဏ်ရာရမှာ ကြောက်လို့ ထွက်ပြေးခဲ့ရတယ် ဆိုတာ ကိုလည်း လက်နက်ကိုင်တပ်တွေ နားလည်စေချင်တယ်။ ငြိမ်းချမ်းရေး အမြန်ဆုံးရချင်တယ်၊ နေရပ်ကို အရမ်းပြန်ချင်တယ်။

မိုင်းငေါ့ စစ်ရှောင် နန်းလျန်း

တောင်ပလို့ရွာကနေ ထွက်ပြေးလာရတာပါ၊ (၇)လကျော် ရှိနေပြီ၊ အခက်အခဲတွေကတော့ အများကြီးပါပဲ၊ အစားအသောက်လည်းခက်ခဲတယ်။ အိမ်ကို အရမ်းကို ပြန်ချင်နေပြီ၊ ဒါပေမယ့် ဘယ်ချိန်မှ ပြန်ရမယ်ဆိုတာကိုတောင် မစဉ်းစားရဲတဲ့ အနေအထားဖြစ်နေတာ၊ ဘာကြောင့်လဲဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေကြသေးတယ်၊ တကယ်လို့ အိမ်ကို ပြန်ရောက်သွားတယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး ရှာဖွေစားသောက်ရမှာလဲ မသိတော့ဘူး၊ နောက်ပြီးတော့ အဖေနဲ့ အမေလည်း ရှိသေးတယ်၊ တိုက်ပွဲတွေ ထပ်ဖြစ်ပြီး နောက်ထပ်ထွက်ပြေးရမယ် ဆိုရင် ဘယ်လိုမှကို အဆင်မပြေနိုင်တော့ဘူး။


ခုထိ အမေဆို ကျန်းမာရေးမကောင်းသေးဘူး၊ မိသားစုအားလုံး နေမကောင်းဖြစ်ကြတာ၊ အဖေကတော့ နည်းနည်းသက်သာပြီ၊ စစ်ရှောင်တွေကို အမြဲလာကြည့်ပေးတဲ့ ကျန်းမာရေးဆရာမကလည်း နေမကောင်းဖြစ်နေတော့ သူလည်း မလာကြည့်နိုင်ဘူး၊ ရှိထားတဲ့ ဆေးတွေ သောက်ပြီး ဒီတိုင်းနေနေရတယ်။


မိုင်းငေါ့မြို့ထဲမှာ ဆေးခန်းသွားပြဖို့ကလည်း မလွယ်ဘူး၊ အဲ့မှာလည်း ရောဂါဖြစ်တဲ့သူကများတော့ မသွားရဲဘူး၊ အဲ့ကိုသွားရင်လည်း တစ်ခြားရောဂါဖြစ်တယ်ဆိုပြီး ပြောမှာကြောက်တယ်။ အဲ့တော့ အလှူရှင်တွေ လာလှူထားတဲ့ ဆေးတွေကိုပဲ သောက်နေတာ။
တကယ်လို့ သျှမ်းအချင်းချင်း တိုက်ပွဲ မဖြစ်ဘူးဆိုရင် ဘယ်သူမှလည်း သျှမ်းတွေကို လာပြီး အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာတွေလည်း လျော့နည်းသွားနိုင်တယ်လို့ ယူဆတယ်။


ငြိမ်းချမ်းရေးနေ့ ဆိုတာ သူများဆီကနေပဲ ကြားဖူးတာ၊ ကျွန်မတို့ဆီမှာက မရှိဘူး၊ ခုတောင် စစ်ရှောင်ထွက်ပြေးနေရတာ။

နမ့်ဆော့ စစ်ရှောင်စခန်းမှ စစ်ရှောင်ကူညီသူ နန်းနွန်း

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်တော့ လက်ရှိမှာ ပြောချင်တာက စစ်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်ကြဖို့ပါ၊ စစ်ရှောင်တွေလည်း နေရပ်ကို အရမ်းပြန်ချင်နေကြပြီ။ အိမ်ကို စိတ်ပူတာပေါ့။


စစ်ရှောင်တွေရဲ့ အနာဂါတ်အတွက် ပိုပြီး စိုးရိမ်မိတယ်၊ ဘာကြောင့်လဲဆိုရင် ခုချိန် သူတို့တွေ နေရပ်ကို ပြန်သွားကြတယ် ဆိုရင်လည်း အားလုံးက တစ်ကနေ ပြန်စရတော့မှာ၊ တစ်ချို့နေအိမ်တွေ မိုင်းထိမှန်တာတွေလည်း ရှိမယ်၊ လက်နက်ကြီး ထိမှန်ထားတာတွေလည်း ရှိတယ်ဆိုတော့ သူတို့တွေဆိုရင် တစ်ကနေ ပြန်စရတော့မှာ၊ ဒါပေမယ့် စစ်ရှောင်နေရတော့ ပိုက်ဆံက မရှိဘူး၊ ရှာဖွေစားသောက်ဖို့ကို အခက်အခဲ ဖြစ်နေပြီ။ ဒါ့ကြောင့် သူတို့တွေ ဘယ်လို ရှာဖွေစားသောက်ကြမှာလဲ ဒါက တကယ်ကို စိုးရိမ်စရာပါပဲ ။
အခုဆို ကုန်ဈေးနှုန်းလည်း ဈေးတက်၊ နောက်ပြီး စီးပွားရေးတွေကလည်း ကျဆင်းနေတယ်၊ အားလုံးက အခက်အခဲ ဖြစ်နေကြတာဆိုတော့ အလှူရှင်တွေလည်း ရေရှည်ဆိုရင် မလွယ်ဘူး။


အစားအသောက်မှာဆိုရင် တကယ်လို့ ဆန် ရှိထားတယ် ဆိုပေမယ့် နေ့စဉ်စားသောက်ဖို့ ဟင်း ကတော့ ခက်ခဲတာပေါ့။
လက်ရှိ မျှော်လင့်တာကတော့ တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး၊ သျှမ်းအချင်းချင်းလည်း မဖြစ်စေချင်ဘူး၊ ဘယ်သူနဲ့မှ မဖြစ်စေချင်ဘူး၊ ခုဆို တစ်ခြားနေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေကြပြီး အားလုံးက ခက်ခဲနေရတာဆိုတော့ တိုက်ပွဲ အမြန်ဆုံး အဆုံးသတ်ကြဖို့ မျှော်လင့်ပါ တယ်။

နမ့်ဆော့ စစ်ရှောင်စခန်း မှ စစ်ရှောင် နန်းဆာ

ပန်ကွမ်ကျေးရွာဒေသခံတွေပါ၊ စစ်ရှောင်စခန်းကို ရောက်တာ တစ်လကျော်ရှိပြီ၊ တိုက်ပွဲဖြစ်တာနဲ့ပတ်သက်ပြီး ဘာမှကို ပြောချင်စိတ်မရှိတော့ဘူး၊ စိတ်ထဲ မျှော်လင့်တာက အိမ်ကို အမြန်ဆုံး ပြန်ရဖို့ပဲ သိတယ်။ ခုဆို မိသားစုလိုက်ကို ထွက်ပြေးလာရတာ။

နမ့်ဆော့ စစ်ရှောင်စခန်း မှ စစ်ရှောင် လုံးမောင်

စစ်ရှောင်ထွက်ပြေးလာရတာ (၄၅)ရက်ဝန်းကျင်လောက်ရှိပြီ၊ အိမ်ကို အရမ်းပြန်ချင်တာ၊ ဒါပေမယ့် မပြန်ရဲသေးဘူး၊ တိုက်ပွဲကလည်း မကြာမကြာဖြစ်နေသေးတယ်။ နောက်ပြီး လမ်းတွေလည်း ပိတ်ထားသေးတယ် ဆိုတော့ မပြန်ရဲသေးဘူး၊
ဖြစ်နိုင်ရင်တော့ တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး၊ စစ်ရှောင်နေရတာ အရမ်းကို ခက်ခဲလွန်းတယ်၊ အိမ်ကို ပြန်ချင်တယ်၊ ဘယ်တပ်ဖွဲ့မဆို တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး၊ အေးအေးချမ်းချမ်းပဲ နေချင်တယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...