Wednesday, January 28, 2026

မိုင်းရယ်မြို့နယ်တွင်း လူငယ်များထံ သေနတ် ၉ လက်နှင့် ကျည်များသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုးရယ်မြို့နယ်တွင် လူငယ်(၃)ဦးထံ သေနတ် ၉ လက်နှင့် ကျည်ဆန်များသိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၈ ရက်) နေလယ် ၂ နာရီကျော် တွင် မိုင်းရယ်မြို့ရဲစခန်းမှ ရဲအုပ် အပါအဝင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (မိုင်းရယ်) နှင့် ပူးပေါင်းအဖွဲ့များသည် မိုင်းရယ်မြို့နယ်၊ ဟိုယ ကျေးရွာနှင့် နမ္မတုံးကျေးရွာကြား ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းရယ်မြို့နယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 1J-1547 (Crown Athlete) အဖြူရောင်ယာဉ်အား ရပ်တန်းစစ်ဆေးရာ ယာဉ် ၏ နောက်ခုံကျောမှီအတွင်း သိုဝှက်ထည့်သွင်းသယ်ဆောင်လာသည့် သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်အား ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းရယ်မြို့ ရဲစခန်းမှ စခန်းမှူး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မူးယစ်တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့က မိုင်းရယ်မြို့နယ်နဲ့ ၁၁ မိုင်ခန့်ဝေးတဲ့နေရာမှာ စစ်ဆေးမှုတွေ ပြလုပ်နေတဲ့ချိန် တောင်ဖက်ကနေ မြောက်ဖက်ကို မောင်းနှင်လာတဲ့ ကားစတစ်စီးကို စစ်ဆေးမိတော့ သေနတ်တွေ တွေ့ရတောပေါ့၊ တရားခံကိုလည်း ဖမ်းဆီးရမိပါတယ်၊ ကျား ၂ယောက် မတစ်ယောက်ပါ” ဟု မိုင်းရယ်မြို့နယ် ရဲစခန်းမှ စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ယာဉ်မောင်းနှင်လာသူသည် မူဆယ်မြိုနေ စိုင်းလင်းအောင်ခိုင် ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ ဇနီးဖြစ်သူ နန်းမိုအေး နှင့် နမ့်ခမ်းမြို့နေ စိုင်းစိုးမိုးအောင်တို့က အတူလိုက်ပါလာကြောင်း နှင့် လက်ရှိတွင် တရားမဝင် လက်နက် ဥပဒေ သျှမ်းလက်နက် ပုဒ်မ (၁၂) အရ မိုင်းရယ်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထား ကြောင်းလည်း စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့စီက သေနတ်တို၊ သေနတ်ရှည် အမျိုးအစား မတူတဲ့ သေနတ် ၉ လက်နဲ့ ကျည်တောင့်မျိုးစုံ ၅၉ တောင့်ကို စစ်ဆေးဖမ်းမိပါတယ်၊ တရားမဝင် လက်နက်တွေကို သယ်ဆောင်တယ်၊ လက်ဝယ်ထားရှိတဲ့ အတွက်ကြောင့် သျှမ်းလက်နက် ပုဒ်မ (၁၂) အရ သူတို့ကို အမှုဖွင့် အရေးယူထားပါတယ်၊ မိုင်းရယ် မြို့မ ရဲစခန်းမှာပဲ” ဟု စခန်းမှူးက ပြောသည်။

မိုင်းရယ်မြို့အတွင်း ယခုကဲ့သို့ လက်နက်များကို ဖမ်းဆီးမှုများမရှိသလောက် ရှားပါးလာခဲ့သော်လည်း စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးမှုများ မကြာခဏ ရှိလာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်းပြီး ငွေညှစ်တောင်းခံနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် လားရှိုး-မိုင်းရှူးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ယာယီစစ်ဆေးရေး ဂိတ်တွင် ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ငွေညှစ်တောင်းခံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ်အတွင်း မန်ပုံရွာအနီးရှိ ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ်နှင့် နမ့်ဟ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၂) ခုတို့သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကြမ်းတမ်းစွာ...

မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

0
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး...

မူဆယ် ကားသမားတစ်ဦးကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်သွား

0
သျှမ်းပြည် မူဆယ်မြို့တွင် ယာဉ်မောင်း ကားသမားတစ်ဦးကို အမျိုးသား ၂ ဦးက ခရီးလိုက်ပို့ပေးရန်ဟုဆိုပြီး သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ကားကိုဓားပြတိုက်သွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၆ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ရွှေသမင်ကွက်သစ်ရှိ တရုတ်စာသင်ကျောင်းအနီး၌ အမည်မသိ...

မိုင်းရယ်မြို့နယ်မှ သတ္တုတူးဖော်သည့် နေရာတွင် စစ်ကောင်စီမှ လုံခြုံရေး ယူထားပေး

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျးရွာအုပ်စုတွင် တူးဖော်နေသည့် ခဲ နှင့် ငွေ သတ္တုတွင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးယူထားပေးနေကြောင်း သတင်းရရှိသည်။ အဆိုပါ ငွေ၊ သတ္တုတွင်းတူးဖော်နေသည့် နေရာသည် တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့ နယ်စပ်ရှိ မိုင်းရယ် ဘက်ခြမ်း လွိုင်လိန်းတောင်ခြေ ဟိုယကျေးရွာအုပ်စု၏...

တာချီလိတ်မြို့ ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှသေနတ်ကိုင်ပြီး ခြိမ်းခြောက်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယာဉ်အချင်းချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၉ နာရီဝန်းကျင်တွင် တာချီလိတ် ဝိန်းကျောက်ရပ်ကွက် စိန်ပန်းနီနီ စားသောက်ဆိုင်ရှေ့ ကားလမ်းမကြီးပေါ်တွင် ကား နှင့် ဆိုင်ကယ် ယာဉ်ချင်းတိုက်မိကြရာ တစ်ဖက်မှ သေနတ်ကိုင်ဆောင်ပြီး...