Friday, January 30, 2026

ကျောက်မဲ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ယနေ့ စက်တင်ဘာ (၃) ရက် နေ့လည် (၂) နာရီခွဲ ဝန်းကျင်က ကျောက်မဲမြို့ ဗဟိုဈေး တောင်ဘက်တိုက်တန်းအနီးရှိ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ

ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသား တစ်ဦး ကားအဖြူရောင်ဖြင့် ရောက်လာပြီး သေနတ်တိုတစ်လက်ဖြင့် ကမ္ဘောဇဘဏ်ထဲသို့ ဝင်သွားကာ ဓားပြတိုက်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ ပြောပြချက်အရသိရသည်။

“အသေးစိတ် အချက်လက်တော့ ကျနော်တို့လည်း မသိရသေးဘူး။ စစ်ကောင်စီ လက်အောက်ခံ စစ်တပ် နဲ့ ရဲ တွေတော့ ဘဏ်မှာ ရောက်နေပြီ” ဟု ကျောက်မဲဒေသခံ တစ်ဦး ကပြောသည်။

ကျောက်မဲမြို့သည် တိုင်းရင်းသားလက်နက်ကိုင် များပြားသည့် ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားသည့် နယ်မြေဒေသလည်း ဖြစ်သည်။

“သူများတွေပြောနေတယ် ငွေလာထုတ်တာကို အငြိမ်မထုတ်ဘူး။ လက်နက်ကိုင်ပြီး ကားယားကားယား နဲ့ ငွေလာထုတ်နေတယ် လို့ ပြောသံကြားနေရတယ်” ဟု ကျောက်မဲဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိအချိန်ထိ ငွေမည်မျှပါသွားသည်ကို မသိရှိရသေးပေ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီးတွေမှာလည်း ဘဏ်မှာ မကြာခဏ ဓားပြ တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း”...
Ming_Families_Sentence_Death_in_China

ကိုးကန့်‘မြီ’မိသားစုအပါအဝင် ၁၁ ဦးကို ကျားဖြန့်မှုဖြင့် တရုတ်သေဒဏ်စီရင်ကွပ်မျက်

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ သေဒဏ်ချမှတ်ပြီးနောက် စီရင်ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မ ညှင်းပမ်းနှိပ်စက်မှု၊ လူသတ်မှုတို့ဖြင့်...