ကျောက်မဲက မိုင်းထိဒဏ်ရာရသူ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုလအတွင်း မိုင်းနင်းမိကာ ဒဏ်ရာရရှိထားသည့် အမျိုးသား တစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သွားကြောင်း သတင်းရရှိသည်။

ထိုအမျိုးသားသည် ကျောက်မဲမြို့ ပန်လင်ကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၃)ရက်နေ့က မိုင်းနင်းမိကာ ဒဏ်ရာရရှိထားသူဖြစ်ပြီး ပန်လင်ရွာဘုန်းကြီးကျောင်းတွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားကြောင်း ဒေသခံထံမှ သိရသည်။

“ရွာဘုန်းကြီးကျောင်းရဲ့ အောက်ထပ်မှာ ကြိုးဆွဲချသေဆုံးနေတာ၊ ဘယ်ချိန်ကတည်းက သေနေတာလဲတော့ မသိဘူး၊ မနက်ပိုင်း ကိုရင်တွေ ထပြီး ကျောင်းပေါ်သွားတဲ့အချိန်မှာ တွေ့တာ” ဟု ပန်လင်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူသည် အသက် (၃၁)နှစ်ရှိ မိုင်းအိုက်ညီဖြစ်ပြီး သြဂုတ်လ (၂၄)ရက် မနက်ပိုင်းတွင် အဆုံးစီရင်ခဲ့ကြောင်း ၎င်းသည် ယခုလအတွင်း လက်ဖက်ခြံအနီး မှိုသွားရှာစဉ် မိုင်းနင်းမိကာ မျက်လုံးနှင့် ဝမ်းဗိုက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာ ရခဲ့သူဖြစ်ကြောင်း သိရသည်။

ထို့အပြင် လတ်တလောတွင် အလုပ်အကိုင်အဆင်မပြေခြင်းနှင့် ယခင်က မူးယစ်ဆေးဝါး သုံးစွဲဖူးသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူက အလုပ် သိပ်အဆင်မပြေဘူးလို့ကြားတယ်၊ ကြုံရာကျဘမ်းပဲ လုပ်နေတာ၊ ဒီလထဲ မိုင်းထိဒဏ်ရာရထားတော့ အလုပ်မလုပ်နိုင်ဘူး၊ အရင်က မူးယစ်ဆေးလည်း သုံးဖူးတယ်”ဟု ပန်လင်ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းအိုက်ညီ တွင် အမျိုးသမီးနှင့် ကလေးငယ် (၂)ဦးရှိပြီး ၎င်းမိသားစုအတွက် စားနပ်ရိက္ခာတစ်ချို့ကို ကျေးရွာမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း၊ အဆိုပါတိုက်ပွဲကြောင့် ပန်လင်ကျေးရွာမှ မိုင်းထိဒဏ်ရာရထားသူတို့သည် မြို့ပေါ်ရှိ ဆေးရုံဆေးခန်းသို့ လာရောက်ကုသနိုင်ခြင်းမရှိပဲ ကျေးရွာတွင်သာ ဆေးကုသနေတာဖြစ်ကြောင်း ကြားသိရသည်။

“ရွာအနီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်နေလို့ ရွာအဝင်အထွက်လမ်းတွေ ပိတ်ထားရတယ်၊ မိုင်းနင်းမိတဲ့သူတွေလည်း မြို့ပေါ်ကို လာပြီး ဆေးမကုနိုင်ဘူး၊ ရွာက ကျန်းမာရေးဝန်ထမ်းတွေနဲ့ပဲ ကုသနေရတာ” ဟု ပန်လင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပန်လင်ကျေးရွာတွင် မိုင်းနင်းမိကာ ဒဏ်ရာရထားသူ (၃)ဦးထိ ရှိနေပြီး ထိုကျေးရွာတွင်သာ ဆေးကုသနေတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့နယ်တွင် (၂)လအတွင်း မိုင်းနင်းမိကာ ဒဏ်ရာရရှိသူ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁)ဦး စုစုပေါင်း (၆)ဦးထိရှိခဲ့ပြီး အမျိုးသား (၁)ဦးမှာ မိုင်းနင်းမိသည့်နေရာတွင် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။