၁၀ တန်းထူးချွန်အောင်မြင်သည့် ကျောင်းသားများအား တောင်ကြီး သျှမ်းစာ၊ယဉ် အဖွဲ့မှ ဆုချီးမြှင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုမှ ဦးစီးကာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် သျှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုပွဲ အခမ်းအနား တရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် သျှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုမှ ဂုဏ်ပြုပွဲ ကျင်းပ

ဂျုလိုင် ၁၅ ရက်နေ့က တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှု ခန်းမတွင်  တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် သျှမ်းတိုင်းရင်းသား ကျောင်းသား/သူ စုစုပေါင်း ၈၀ နှင့် ၆ ဘာသာဂုဏ်ထူးရှင် ၃ ဦးတို့ ကို ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

တောင်ကြီးသျှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်း မှ တွဲဖက်အတွင်းရေးမှူးစာရင်းစစ် လုံးစိုင်းနွတ် က “ဘာလို့ ဒီလိုဂုဏ်ပြုပွဲ လုပ်ပေးရတာလဲဆိုတော့ ဒီထက်ပိုပြီး ကြိုးစားမှုရှိလာအောင် ဘာလို့လဲဆိုတော့ ခုမှ ၁၀ တန်းပဲအောင်သေးတာ ရှေ့ဆက်တက်မယ့် တက္ကသိုလ်တွေ ရှိသေးတယ်၊ ဒါကြောင့် သူတို့ အများကြီး ကြိုးစားရအုံးမယ် အဲ့ကြောင့်  ဂုဏ်ပြုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ သျှမ်းလူမှုအဖွဲ့အစည်း ၂၈ ဖွဲ့ထဲမှ ဆယ်တန်းအောင် ကျောင်းသား/သူ ၈၀ ဦးကို ဂုဏ်ပြုပေးကြောင်း သိရသည်။

“ကျနော်တို့ တောင်ကြီးမြို့ပေါ်က သျှမ်းလူမှုအဖွဲ့အစည်းအားလုံး ၂၈ ဖွဲ့ထဲက သူတို့ သား/သမီးတွေကို ဂုဏ်ပြုတာပါ ၊ လေးကြိမ်မြောက်ရှိသွားပါပြီ ဒီနှစ်ပါရင် ။ ဆယ်တန်းအောင် ကျောင်းသား/သူ တွေ ဒီနှစ်ပိုများတယ်။ ပြောရမယ်ဆို ကျနော်တို့ သျှမ်းတိုင်းရင်းသား ကျောင်းသား/သူတွေ ပညာရေးပိုင်းကို ပိုပြီးစိတ်ဝင်စားလာကြတယ် ပိုများလာတယ် လို့ ပြောလို့ရတယ်” ဟု တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ စိုင်းတင် က ပြောသည်။

၆ ဘာသာဂုဏ်ထူးရှင် နန်းမောက်ဟျိုးငင်း က “ မိဘတွေရဲ့ အားပေးမှုတွေကြောင့်၊ ကြိုးစားမှုကြောင့် ဆရာ/ဆရာမတွေ ရဲ့ ဂုဏ်ကျေးဇူးကြောင့် အောင်မြင်ကြောင်း ” ပြောသည်။

“စာ ကို ပုံမှန်ကြည့်တယ် တစ်နေ့စာ တစ်နေ့ ပုံမှန်ကြည့်တယ်၊ ဆေးကျောင်းတက်မယ် ။ ဘာကြောင့် ဆရာဝန်လုပ်ချင်တာလဲဆိုတော့ လူနာတွေကို ဆေးကုပေးရတာ ကုသိုလ်လဲရတယ် ။ မိဘလည်း ဆေးကျောင်းတက်ဖို့ အားပေးတယ် ။ ” ဟု ၄င်းကပြောသည်။

သျှမ်းစာပေယဉ်ကျေးမှုမှ ဦးစီးကျင်းပသည့် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူ များအား ဆုချီးမြှင့်ခြင်းအခမ်းအနားမှာ လေးကြိမ်မြောက်ရှိသွားကြောင်း သိရသည်။

ယခုနှစ်တွင် ကျောင်းသား/သူ များ ၁၀ တန်းအောင်ချက်ပိုများကြောင်း သိရသည်။

၂၀၁၄ – ၂၀၁၅ ခုနှစ်တွင် တောင်ကြီးမြို့ပေါ်ရှိ သျှမ်းတိုင်းရင်းသား တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား/သူ ၄၅ ဦးရှိပြီး ၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၅၄ ဦး၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၅၈ ဦး နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၈၀ ဦး ဂုဏ်ပြုရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...