Wednesday, January 28, 2026

မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေ တရုတ် – မြန်မာငွေလှဲသည့် အမျိုးသမီး တစ်ဦး ဓားပြ တိုက်ခိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်က ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟော်တယ် မှာ အသက် (၄၅)နှစ် ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး ဓါးခုတ်ခံရပြီး ငွေလုခံရကြောင်း သိရသည်။

“ မူဆယ်ဆေးရုံမှာ သွေး (၃) ပုလင်း သွင်းရပြီး ညာဘက်လက်မှာ (၈) ချက် ချုပ်ရတယ်။ ငွေဘယ်လောက်ပါ သွားလဲတော့ မသိရသေးဘူး” ဟု မူဆယ်ဒေသခံ တစ်ဦးကပြောသည်။

လက်ရှိ နိုင်ငံရေးအခြေနေအရ တရုတ်- မြန်မာ ငွေလှဲသူအနေဖြင့်လည်း သူခိုး ဓားပြများကိုလည်း သတိထားရမည်ဖြစ်ပြီး မူဆယ်ဒေသခံ များက ပြောဆိုသည်။

“Lockdown လုပ်ကတည်းက ငွေလဲှတဲ့သူတွေက သိပ်ပြီး အရေးမစိုက်ဘူး။ မူဆယ်မှာက ဒီလိုဖြစ်စဉ် မကြာခဏဖြစ်တယ်။ ဖြစ်ရင် ငွေလှဲတဲ့သူပဲဖြစ်တယ်။ ဒီလိုနိုင်ငံရေးအခြေနေနဲ့က သတိထားရမယ်” ဟု မူဆယ်ဒေသခံ တစ်ဦးကပြောသည်။

တရုတ်-မြန်မာ နယ်စပ် မှာရှိသည့် မူဆယ်မြို့သည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံရေး မငြိမ်တက်မှုများ ဖြစ်ပေါ်ခြင်း၊ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများပြားလာခြင်း၊ စသည့် အကျိုးဆက်များ လာသောကြောင့် သူခိုး ဓားပြများလည်း များပြားလာရခြင်း ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မိုင်းရယ် LGBT တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် အသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့တွင် LGBT တစ်ဉီး ဓားခုတ်ဒဏ်ရာဖြင့် အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက်၌ နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အောင်ခေး (ခေါ်) အေးတိုင်း သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဝမ်မော်ကျေးရွာဘက်သို့...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...