Tuesday, January 27, 2026

မိုးကုတ် မြေပြိုမှုတွင် အလောင်း (၅)လောင်းပြန်တွေ့၊ (၆)ဦးပျောက်ဆုံးနေဆဲ

မိုးကုတ်မြို့တွင် ယနေ့ ဩဂုတ် (၂၄) မနက်ပိုင်း (၆) ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ပြည်သူ(၁၁)ဦးမြေပိခဲ့ပြီး အလောင်း(၅)လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မိုးကုတ် မြေပြိုမှု

လက်ရှိမှာ မြေပိခံရသည့် အလောင်း (၅)လောင်ကိုသာ တူးဖော်တွေ့ရှိခဲ့ပြီး၊ ကျန် (၆)ဦးကို ဆက်လက်တူးဖော်ရှာဖွေနေဆဲ ဟု မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။

“ မနေ့က မိုးအရမ်းကြီးတယ်။ အဲကြောင့် မြေပြိုသွားတာပါ။ အခုတော့ (၅) ယောက်ပဲ တွေ့သေးတယ်။ ဆက်ရှာနေသေးတယ်။ အခုက ကျနော်တို့ အရှေ့ပိုင်း မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့ကိုလည်း ထပ်ခေါ်ထားတယ်” ဟု မိုးကုတ်မြို့ အရှေ့ပိုင်း မိုးကုတ်လူမှုကယ်ဆယ်ရေးအဖွဲ့က သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုးကုတ် မြေပြိုမှု

မိုးသည်းထန်စွာရွာသွန်မှုကြောင့် မြေပြိုမှုဖြစ်ပွားကာ တောင်အောက်ရှိ အိမ်များမြေပိကာ ပျက်စီးခဲ့ပြီး နေအိမ်ထဲနေသည့်သူများ မြေပိနေကြောင်း သိရသည်။

“ သူတို့တောင်အောက်မှာနေတာ။ တောင်ကတော့ မြေတောင်ပဲ။ မိုးကအရမ်းကြီးလာတယ်။ အဲကြောင့် တောင်ကပြိုသွားတာထင်တယ်။ အဲအောက်မှာ ဘယ်နအိမ်ရှိလည်းတော့မသိဘူး။ နီးစပ်တဲ့သူတွေပြောပြချက်အရတော့ လူက ၁၁ ယောက်လောက်ရှိတယ်လို့ပြောတယ်။ ကျနော်တို့ကလည်း အသေးစိတ်မသိရသေးဘူး။ လောဆယ်တော့ (၅) ယောက်တွေ့ထားပြီ။” ဟု မိုးကုတ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

မိုးကုတ် မြေပြိုမှု

မိုးကုတ်မြို့တွင် မိုးရာသီတွင် မြေပြိုမှု မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၂ ရက်နေ့တွင် ရေကြီးမြေပြိုမှုကြောင့် အသက် (၅) ကလေး အပါဝင်လူ(၃) ဦး မြေပိပြီးသေဆုံးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးကုတ်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာတစ်ပါးပျံလွန်၊ အမျိုးသမီးတစ်ဦး သေဆုံး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့အရှေ့ပိုင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) လွတ်လပ်ရေးနေ့ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ရတနာသီရိ ဘုန်းကြီးကျောင်းနှင့် အထက(၄)...

မိုးကုတ်မြို့ကို ဆုတ်ခွာရမည့် TNLA မှ ဒေသခံကျောက်တူးခွင့် လုပ်ကွက်ခွဲဝေချပေးနေ

0
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် မိုးကုတ်မြို့ရှိ ဂေါက်ကွင်းနေရာတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒေသခံများကို ကျောက်တူးခွင့် လုပ်ကွက်ခွဲဝေ ချထားပေးနေကြောင်း သတင်းရရှိသည်။ မိုးကုတ်မြို့မှ မကြာခင် ဆုတ်ခွာမည်ဟု ကြေညာထားသည့် TNLA တပ်ဖွဲ့သည် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး ၎င်းတို့ထိန်းချုပ်စဉ် အကြီးအကျယ် ကျောက်တူးဖော်မှု...

မိုးကုတ်မြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ အရပ်သားထိခိုက်မှုရှိ

0
သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ( အောက်တိုဘာလ ၁ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးသို့ သွားသည့် လမ်းဘက်သို့...

မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေ

0
လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲကာ ဖိအားပေးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၅ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာရပ်ကွက်ရှိ...

TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့ကို စစ်ကော်မရှင်က ထပ်မံဗုံးကြဲ

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူရှိကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၁၈ ရက်) ယနေ့ နေ့လည် ၃ နာရီကျော်အချိန်တွင် TNLA ထိန်းချုပ်ထား သော မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ် နာရီစင်အနီးကို...