၀ တပ် NCA လက်မှတ်ထိုးလျှင် ၀ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲ တက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ အနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုး လျှင် လာမည့်နှစ်အတွင်း ပန်ဆန်းတွင် ကျင်းပမည့် နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲသို့ တက် ရောက် မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၂ ရက် မြောက်ပိုင်းမဟာမိတ်များ နှင့်တွေ့ဆုံစဉ် ပြော ကြားလိုက်သည်ဟု သိရသည်။

ဇူလိုင် ၁၂ ရက် ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံစဉ်

၂၀၁၈ ဇူလိုင်လ ၁၂ ရက်နေ့ က နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် ရ ဖွဲ့အား နှစ်ဖွဲ့ခွဲကာ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ၀ တပ် UWSA ၊ မိုင်းလား NDAA၊ ကချင် KIA နှင့် သျှမ်း SSPP တို့အားတဖွဲ့၊ ကိုးကန့် MNDAA ပလောင် TNLA ရခိုင် AA တို့အား တဖွဲ့အဖြစ် ခွဲကာ တွေ့ဆုံကြသည်ဟု ဆိုသည်။

လာမည့်နှစ် ၂၀၁၉ ထဲမှာ ဆို ၀ တပ် ဖွဲ့ ငြိမ်းချမ်းရေး ယူလာတာ နှစ် ၃၀ ပြည့်ပြီလေ။ ဒါကို ဦးသိန်းစိန် အစိုးရ က တောင် ဂုဏ်ယူပြီးပြောတယ်။ အဲအချိန်ကျရင် ၀ တွေ ပွဲလုပ်မယ် ဒါကို ဒေါ်စုကို ဖိတ်တာ။ ဒေါ်စုက ၀ အနေနဲ့ NCA လက်မှတ်ရေးထိုးရင် လာတက်မယ်။ မထိုးရင်တော့ မလာရဲဘူးတဲ့ – နေပြည်တော် ရောက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် အရာရှိကြီးတဦးကပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် အဆင့်မြင့်ကိုယ်စားလှယ်များသည် တရုတ်အစိုးရ ကြားဝင်ကူညီမှုဖြင့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် အဖွင့်အခမ်းအနား တက်ရောက်ခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့ အဖွင့်အခမ်းအနားအပြီး တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က bi-lateral လက်မှတ်ရေးထိုးထားသည့် ၀ ၊ မိုင်းလား၊ ကေအိုင်အေ နှင့် အက်စ်အက်စ်ပီပီ တို့ ကိုလက်ခံတွေ့စုံပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လက်ရှိတိုက်ပွဲဝင်နေသည့် ကိုးကန့် MNDAA ၊ ပလောင် TNLA နှင့် ရခိုင် AA တို့ကိုလက်ခံတွေ့ဆုံသည်။

တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များသည် လက်ရှိ သွားနေသည့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA လမ်းကြောင်းက အလုပ်မဖြစ်တော့ကြောင်း၊ သည့်အတွက် အဆိုပါ လမ်းကြောင်းဖြင့်မသွားဘဲ တခြားနည်းလမ်းဖြင့် နိုင်ငံရေး တိုက်ရိုက်ဆွေးနွေးလိုသည်။ နိုင်ငံရေး ဆွေးနွေးရန်လည်း ၄င်းတို့ အဖွဲ့ ရ ဖွဲ့အား ကိုယ်စားပြုသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (Federal Political Negotiation and Consultative Committee :FPNCC) တရပ်အား ၂၀၁၇ ခု နှစ်က ဖွဲ့စည်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

0
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...