Wednesday, January 28, 2026

မူဆယ်မြို့နယ် (၁၉)ရွာအုပ်စု ရေကြီးရေလျှံမှုဖြစ်

သျှမ်းမြောက် မူဆယ်မြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေလီမြစ်ဘေးရှိ ရှမ်းရွာ (၁၉)ရွာအုပ်စု ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၉ ရက် (ယနေ့)တွင် မူဆယ်မြို့နယ်ရှိ ရွှေလီမြစ်(နမ့်မောဝ်း)ရေးမြင့်တက်ပြီး မြေနိမ့်ပိုင်းကျေးရွာများ ရေဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ရွှေလီမြစ်ရေမြင့်တက်လာပြီး တိန်းလုံရွာ အရှေ့ဘက်( ၁၉ ရွာအုပ်စု အနောက်ဘက်)ထိ ရေတွေ တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တယ်၊ မနေ့ကလည်း နမ့်ပို့ချောင်းရေလျှံပြီး ပန်ခမ်း၊ နောင်ယန်းရွာထိ ရေတွေ ဝင်ရောက်ခဲ့သေးတယ်” ဟု မူဆယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့မနက်တွင် မူဆယ်မြို့နယ် (၁၉)ရွာအုပ်စု မန်အွယ်ရွာရှိ စားသောက်ဆိုင်များတွင်လည်း ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ၄ ရက်၊ ၅ ရက် ဆက်တိုက်မိုးရွာသွန်းသည့်အပြင် တရုတ်ဘက်မှလည်း ဆည်ရေဖောက်ချမှုကြောင့် မြစ်ရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“တရုတ်ဘက်ကနေ ရွှေလီဆည်ရေကို ဖွင့်ချမှာဖြစ်လို့ အနိမ့်ပိုင်းနေတဲ့သူတွေ စိုးရိမ်ရတယ် ဆိုပြီး မနေ့က ပန်ခမ်းက တာဝန်ရှိသူတွေကို မူဆယ်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လာပြီးအသိပေးထားတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ထိုဒေသရှိ တချို့နေရာများတွင် နမ့်ပို့ချောင်းရေ ပြန်ကျသွားသော်လည်း ဒေသခံများ၏ လယ်ထဲတွင် ရေဝင်နစ်မြုပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

ချင်းရိုင်းတွင် ရုတ်တရက်ရေကြီးမှုကြောင့် ဆေးရုံများပိတ်ထားရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်နေပြီး Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်စိုက်ခင်းများနှင့် အများပြည်သူအဆောက်အအုံများစွာ ထိခိုက်မှုများရှိခဲ့ကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်) ညပိုင်းအချိန်မှ စတင်၍ ယနေ့ (ဇွန်လ ၂၇...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...