Wednesday, January 28, 2026

ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်း မြေပြိုမှုဖြစ်ပွား

သျှမ်းမြောက် ကျောက်မဲမြို့နယ် ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ − မိုင်းငေါ့လမ်းပိုင်း တွင် သြဂုတ်လ (၁၈)ရက်နေ့ နေ့လည်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်း(ယာယီ)ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး၊ လမ်းကို ယာယီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ခုရက်ပိုင်း မိုးက နေ့တိုင်းရွာနေတော့ မြေပြိုပြီး လမ်းပိတ်သွားတယ်လို့ ကြားတယ်၊ ဒီနေ့ နေ့လည်ပိုင်းကမှ လမ်းပြန်ပွင့်သွားတာ” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါလမ်းသည် သြဂုတ် (၁၉)ရက် ယနေ့ နေ့လည်ပိုင်းတွင် ပုံမှန်သွားလာလို့ ရနေပြီဖြစ်သော်လည်း သွားလာမှု အလွန်နည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။

“မိုင်းငေါ့ကလည်း ဝင်ထွက်မှုတွေ စစ်ဆေးနေတယ်၊ သွားရင်လည်း (၁၄)ရက် Q ဝင်ရတယ်၊ နောက်ပြီး ဒီရက်ပိုင်းတိုက်ပွဲဖြစ်ပွားမှုတွေ ပြင်ထန်လာတဲ့အတွက် အသွားအလာ အရမ်းကို နည်းသွားပြီ”ဟု မိုင်းငေါ့ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် ကျောက်မဲ − မိုင်းငေါ့ လမ်းပိုင်းသည် နှစ်စဉ် မိုးရာသီရောက်တိုင်း မြေပြိုကျမှု ဖြစ်ပွားတတ်ပြီး သွားလာမှုသတိထားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

တောင်ကြီး-လွိုင်လင်လမ်းပိုင်း မြေပြိုမှုကြောင့် (၁၅)ရက်ကြာ ညဘက်သွားလာခွင့် ပိတ်မည်

0
သျှမ်းပြည် တောင်ကြီး-လွိုင်လင်လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့ မေလ (၂၀)ရက်မှ ဇွန်လ (၃)ရက်နေ့အထိ (၁၅)ရက်ကြာ ညပိုင်း ကားဖြတ်သန်း သွားလာခွင့် ယာယီပိတ်မည်ဟု စုံစမ်းသိရှိရသည်။ တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမပေါ် ဟိုပုံးနှင့် မိုင်းပွန်ကြား နောင်ခါးကျေးရွာ၊ ထမ်စမ်းဂူ၊ လွယ်ဝိုးတုတ်ကျေးရွာ ကြား (၆)မိုင်ရှိသည့်...

သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ

0
ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက်...

ကလော ရေကြီးမြေပြိုမှု အလှူရှင်မရောက်သည့် ကျေးရွာများရှိနေဆဲ

0
မိုးရွာသွန်းမှု မြေပြိုမှုအရှိန်ကြောင့် မြေနီလမ်းသည် ရွှံ့နွံများနှင့် ပြည့်နှက်နေသည်။ အချို့နေရာတွင် မြေပြိုမှုများရှိသကဲ့သို့ အချို့နေရာတွင် လမ်းပြတ်တောက်ကာ သွားရလာရ ခက်ခဲနေပါတယ်။ ထိုနေရာသည် သျှမ်းပြည်တောင်ပိုင်း ကလောမြို့နှင့် (၁) နာရီခန့် ကားဖြင့် သွားလာရသော လွန်းထိုးကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့...

ကလော ရေဘေးသင့်ပြည်သူများအတွက် အဝတ်အစားများ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံခြင်း ၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ ကာ နေအိမ်အများပြားပျက်စီးကာ လူသေဆုံးမှုများလည်း ရှိကြောင်းသိရသည်။ ထိုသို့ ရေကြီးတာကြောင့် ကလောဒေသခံ ထောင်နှင့်ချီ ရေဘေးသင့်နေပြီး...