Tuesday, January 27, 2026

အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာသင်တန်း တောင်ကြီးတွင် သျှမ်းအဖွဲ့စုပေါင်းပြုလုပ်

ကျောင်း ပညာဆက်လက်သင်ကြားရန်အခွင့်အလမ်းနည်းပါးသော ကျေးလက်ဒေသခံ အမျိုးသမီးများအား မိမိခြေပေါ် ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တခုခုတတ်မြောက်စေရန်ရည်ရွယ်ကာ သျှမ်းအသင်းအဖွဲ့အချို့စုပေါင်းကာ တောင်ကြီးမြို့တွင် သင်ကြားပေးနေသည်ဟုသိရသည်။

အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာသင်တန်း တောင်ကြီးတွင် သျှမ်းအဖွဲ့စုပေါင်းပြုလုပ်

အဆိုပါသင်တန်းကို တိုင်းရင်းသားငြိမ်းချမ်းရေး အရင်းအမြစ် စီမံချက် EPRP နှင့် We Are Tai အဖွဲ့တို့ ပူးပေါင်းကာ ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ် ကြောင်း၊ ယခု သင်တန်းတွင် ဆရာမ ၃ ဦး သင်တန်းသူ ၁၇ ဦး ရှိကြောင်းသိရသည်။

ဇွန်ထဲမှာ အခြေခံအဖြစ် ညအိပ်ဝတ်စုံလေးတွေ ၊ ဘောင်းဘီလေးတွေ၊ ရင်စေ့ ရိုးရိုးအကျီလေးတွေချုပ်တဲ့ နည်းသင်ပေးတယ်။ ဇူလိုင်လမှာတော့ တိုင်းရင်းသူဝတ်စုံလေးတွေချုပ်တဲ့နည်းပေါ့ သင်ပေးရပါတယ်။ ပအို၀်း၊ တောင်ရိုး၊ ဓနု၊ သျှမ်း အမျိုးသမီးရိုးရာဝတ်စုံချုပ်နည်းသင်ပေးမယ်။ နောက်ဆုံးသြဂုတ်လထဲမှာတော့ မြန်မာ အမျိုးသမီးဝတ် ထိုင်မသိမ်းတွေ၊ ဘော်ကြယ်စီတာတွေချုပ်တဲ့နည်းသင်ပေးမယ်။ – ဟု သျှမ်းစာပေယဉ်ကျေးမှုမှ ဆရာမ နန်းနွန်းမိုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုသင်တန်းသည် ဒုတိယအကြိမ် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းဖြစ်ပြီး – သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ ဆီဆိုင်မြို့၊ ညောင်ရွှေမြို့၊ တီကျစ်တိုက်နယ် က အပြင် သျှမ်းပြည်မြောက်ပိုင်း မှ ကျောက်မဲမြို့၊ သိန္နီမြို့၊ နမ္မတူမြို့တို့မှ သျှမ်း ၊ တောင်ရိုး၊ ဓနု ၊ ပအိုဝ်း ၊ အင်း တိုင်းရင်းသူ များ ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ်သင်တန်းကို ယမန်နှစ်က ကျင်းပရာတွင် သင်တန်းသူ ၁၄ ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

0
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်သူ မြန်မာအပါအဝင် ဝန်ထမ်းအမျိုးသမီး ၁၇ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ Chet Yot လမ်းပေါ်ရှိ တရားမဝင်အနှိပ်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၁ ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် ထိုင်းလူဝင်မှု...

“မုဒိမ်းမှုကို ဥပေက္ခာပြုနေကြတယ်”

0
“တခါတလေ အသက်မရှင်ချင်တော့ဘူး။ ကလေးမျက်နှာကြောင့်သာ အားတင်းပြီး နေနေရတာ” လို့ မငယ်က သူ့သားလေးကိုကြည့်ရင်း လေသံတိုးတိုးလေးနဲ့ ပြောလာပါတယ်။ မငယ်သည် အသက် နှစ်နှစ်အရွယ်ရှိ သားငယ်ကို ပွေ့ချီရင်း၊ ဆူပူရင်း၊ ငြီးတွားရင်းနဲ့ စိတ်ပျက်ဝမ်းနည်းနေပါတယ်။ သူဟာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး၊ မိဘနှစ်ပါးကို နေ့စားလိုက်ရင်း ရှာဖွေကျွေးမွေးနေပါတယ်။...