အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာသင်တန်း တောင်ကြီးတွင် သျှမ်းအဖွဲ့စုပေါင်းပြုလုပ်

ကျောင်း ပညာဆက်လက်သင်ကြားရန်အခွင့်အလမ်းနည်းပါးသော ကျေးလက်ဒေသခံ အမျိုးသမီးများအား မိမိခြေပေါ် ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တခုခုတတ်မြောက်စေရန်ရည်ရွယ်ကာ သျှမ်းအသင်းအဖွဲ့အချို့စုပေါင်းကာ တောင်ကြီးမြို့တွင် သင်ကြားပေးနေသည်ဟုသိရသည်။

အမျိုးသမီးအသက်မွေးဝမ်းကျောင်းပညာသင်တန်း တောင်ကြီးတွင် သျှမ်းအဖွဲ့စုပေါင်းပြုလုပ်

အဆိုပါသင်တန်းကို တိုင်းရင်းသားငြိမ်းချမ်းရေး အရင်းအမြစ် စီမံချက် EPRP နှင့် We Are Tai အဖွဲ့တို့ ပူးပေါင်းကာ ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ် ကြောင်း၊ ယခု သင်တန်းတွင် ဆရာမ ၃ ဦး သင်တန်းသူ ၁၇ ဦး ရှိကြောင်းသိရသည်။

ဇွန်ထဲမှာ အခြေခံအဖြစ် ညအိပ်ဝတ်စုံလေးတွေ ၊ ဘောင်းဘီလေးတွေ၊ ရင်စေ့ ရိုးရိုးအကျီလေးတွေချုပ်တဲ့ နည်းသင်ပေးတယ်။ ဇူလိုင်လမှာတော့ တိုင်းရင်းသူဝတ်စုံလေးတွေချုပ်တဲ့နည်းပေါ့ သင်ပေးရပါတယ်။ ပအို၀်း၊ တောင်ရိုး၊ ဓနု၊ သျှမ်း အမျိုးသမီးရိုးရာဝတ်စုံချုပ်နည်းသင်ပေးမယ်။ နောက်ဆုံးသြဂုတ်လထဲမှာတော့ မြန်မာ အမျိုးသမီးဝတ် ထိုင်မသိမ်းတွေ၊ ဘော်ကြယ်စီတာတွေချုပ်တဲ့နည်းသင်ပေးမယ်။ – ဟု သျှမ်းစာပေယဉ်ကျေးမှုမှ ဆရာမ နန်းနွန်းမိုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုသင်တန်းသည် ဒုတိယအကြိမ် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးသင်တန်းဖြစ်ပြီး – သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ ဆီဆိုင်မြို့၊ ညောင်ရွှေမြို့၊ တီကျစ်တိုက်နယ် က အပြင် သျှမ်းပြည်မြောက်ပိုင်း မှ ကျောက်မဲမြို့၊ သိန္နီမြို့၊ နမ္မတူမြို့တို့မှ သျှမ်း ၊ တောင်ရိုး၊ ဓနု ၊ ပအိုဝ်း ၊ အင်း တိုင်းရင်းသူ များ ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ်သင်တန်းကို ယမန်နှစ်က ကျင်းပရာတွင် သင်တန်းသူ ၁၄ ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...