Tuesday, January 27, 2026

မိုင်းရယ်မြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် လယ်ပေါင်းများစွာ ရေလွှမ်း

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချောင်းများ ရေလျှံကာ လယ်ကွက်ပေါင်းများစွာ ရေလွှမ်းမှုကြောင့် လယ်ပိုင်ရှင်များ ဒုက္ခရောက်နေ ကြရကြောင်း သတင်း သိရသည်။

Photo CJ-မိုင်းရယ်ရှိ ချောင်းရေလျှံမှုကြောင့်လယ်ယာမြေများ ရေလွှမ်းပျက်စီးဆုံးရှုံး

မိုင်းရယ်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ကာ မိုးများအဆက်မပြတ် ပြင်းထန်စွာ ရွာသွန်း နေမှုကြောင့် နားခိုချောင်းရေ နှင့် နမ့်ယိုင်ချောင်းတို့က ချောင်းရေလျှံပြီး အဆိုပါ ချောင်းဘေး   တစ်လျှောက်ရှိ လယ်ကွက်များကို ရေလွှမ်းခဲ့ရသည့်အတွက် လယ်သမားများက ဒုက္ခ ရောက်နေကြ ကြောင်း သိရသည်။

“လယ်ကွင်းတွေကတော့ ရေပြင်ကြီးလိုပဲ ဖြစ်သွားတယ်၊ ခုက ဒီမိုင်းရယ်ချောင်း တစ်လျှောက် အနိမ့်ပိုင်းမှာ ရှိနေတဲ့ လယ်ဧက ၃၀ ဝန်းကျင်လောက်ကတော့ ရေလွှမ်းထားပြီ၊တချို့လယ်ကွက်တွေက တစိတ်တပိုင်းပဲ ပါတယ် ဆိုပေမယ့် တချို့ကတော့ လယ်ကွက်တစ်ခုလုံး ရေလွှမ်းတာ” ဟု မိုင်းရယ်မြို့နေ လယ်သမားကြီး ဦးစိုင်းမောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့အတွင်းရှိ ချောင်းများအားလုံးနီးပါးသည် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး နားခိုကျေးရွာဖက်ရှိ နားခိုချောင်းသည်လည်း ချောင်း  ရေလျှံတက်လာကာ ချောင်းဘေး တစ်လျှောက်ရှိ လယ်ကွက်များ  အတွင်းရေ၀င်သွားသည့်အပြင် လမ်းတံတားများ နှစ်မြှုပ်သဖြင့် နားခိုရွာသားများ သွားလာရေး ခက်ခဲနေကြောင်းသိရသည်။

“ မိုးက အဆက်မပြတ်ရွာနေတာ သုံးရက်လောက်ရှိပြီ၊ ခု နားခိုချောင်းရေက ဆိုလည်း လမ်းတွေကိုမြှုပ်သွားတဲ့ ထိ လျှံတက်လာတာ၊ ဒီချောင်း တစ်လျှောက်ရှိတဲ့ လယ်တွေ အကုန်ရေလွှမ်းတာ၊ ဧကပေါင်း ၂၀၀ ကျော် လောက်ရှိတယ်၊ အခုက လမ်းတွေတံတားတွေလည်း ရေအောက်ရောက်နေတော့ သွားဖို့လာဖို့လည်း မတတ်နိုင်ဘူး၊ ကျန်းမာရေးအတွက် အရေးပေါ်ဖြစ်လာပြီဆိုရင်တောင် ဆေးရုံကိုသွားလို့ မရတော့ဘူး” ဟု နားခို ကျေးရွာနေ လယ်ပိုင်ရှင် စိုင်းရွက်ဆိုင်မိန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

Photo CJ-မိုင်းရယ်ရှိ ချောင်းရေလျှံမှုကြောင့်လယ်ယာမြေများ ရေလွှမ်းပျက်စီးဆုံးရှုံး

ယခုနှစ်တွင် နိုင်ငံရေး အခြေအနေ နှင့် ရောဂါကူးစက်မှုကြောင့်  လယ်ပိုင်ရှင်တချို့ လယ်များ  မစိုက်ပျိုးနိုင်ကြကြောင်း သိရသည်။

“ဒီနှစ်မှာ နိုင်ငံရေး အခြေအနေနဲ့ ရောဂါတွေ တအားများလို့ ကောက်စိုက်ခရော၊ အလုပ်သမားခရော အရမ်းများတယ်၊ မြေသြဇာဖိုးတွေကလည်း အရင်နှစ်တွေထက် နှစ်ဆစျေးတက်လာတယ်၊ အဲ့ကြောင့် တချို့လယ်တွေဆို မစိုက်နိုင်ကြဘူး၊ ဒီတိုင်းပစ်ထားလိုက်တဲ့ လယ်တွေ များတယ်၊ အဲ့လို ဒုက္ခများစွာကို အံတုပြီး လုပ်ဖြစ်ခဲ့တဲ့လယ်တွေကလည်း ခုလိုမျိုးရေလွှမ်းတာခံလိုက်ရတယ်” ဟု စိုင်းယွက်ဆိုင်မိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းသဖြင့်  မိုင်းရယ်မြို့နယ်အတွင်း လယ်ဧက ရာဂဏန်းများစွာ  ရေလွှမ်းခံရသည့် အတွက် လယ်သမား အများအပြား ဒုက္ခရောက်နေကြသည်ဟု သိရသည်။

“ တိုင်းပြည် ကြီးက မငြိမ်မသက်ဖြစ်နေရချိန်မှာ ကပ်ရောဂါဆိုးကြီးကလည်း ဖြစ်နေတယ်လေ၊ အခုဆို စိုက်ပျိုးရေးတွေပျက် စီးပွားရေးတွေလည်း ထိခိုက်ကုန်ပြီ၊ လယ်သမားတွေဆိုတာ ရှိလို့ လုပ်နေကြတာ မဟုတ်ဘူး၊ အခုလို လယ်တွေ ပျက်စီးကုန်တော့ ကျနော့် အပါအဝင် တချို့မိသားစုတွေကလည်း ရပ်တည် နိုင်ဖို့ ခက်ခဲသွားပြီ၊ အဲ့ကြောင့် အနယ်အရပ်ရပ်က စေတနာရှင်များ ကျနော်တို့ မြို့က ဒုက္ခရောက်နေတဲ့ လယ်သမားတွေကို မေတ္တာထားပြီး ကူညီပေးဖို့ တောင်းဆိုလိုပါတယ်” ဟု လယ်ကွက်များရေလွှမ်းခံရသည့် အသက် ၆၀ ကျော် အရွယ် အဖိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ်အတွင်း လွန်ခဲ့သည့် ၁၀ နှစ်ကျော် က တကြိမ်ရေရလွှမ်းခံရပြီး ၁၀ စုနှစ်အတွင်း ယခုရေကြီးရလျှံမှုသည် ဆုံးရှုံးမှုအများဆုံး ရေကြီးရေလျှံမှု ဖြစ်သည်ဟု ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...