လားရှိုးမြို့နယ်အတွင်း ကား၊ ဆိုင်ကယ် ခိုးမှု လုယက်မှု နှင့် ဓါးပြတိုက်မှု တိုးများလာ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း  ခိုးဆိုးလုယက်မှု နှင့် ဓါးပြတိုက်ယူမှုများ များပြားလာသောကြောင့် ပြည်သူများက မိမိတို့ အသက်အိုးအိမ် လုံခြုံရေး  အတွက် စိုးရိမ်နေကြောင်း သိရသည်။

Photo Credit to Car Owner-သြဂုတ်လ ၉ ရက်နေ့က ခိုးခံရသော လားရှိုးရပ်ကွက် ၇ မှ အိမ်စီးကား

ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင်  ခန့်က လားရှိုးမြို့စျေးကြီးအနီးရှိ စျေးဆိုင် ဖွင့်လှစ်ရောင်းချရန်အတွက် သွားသည့် အမျိုးသမီးတစ်ဉီးသည် လားရှိုးမြို့မ စျေးကြီးအရောက်တွင် ဓါးထောက်ပြီး ဆိုင်ကယ်လုခံရကြောင်း သတင်းသိရသည်။

“သူတို့ဆိုင်လေးကလည်း လားရှိုးမြို့မစျေးနားမှာပဲ၊ နေ့တိုင်းလည်း သူတို့ ညီအစ်မ နှစ်ယောက်သွား ဖွင့်တယ်၊ ဒီမနက်ရောက်တော့ ဓါးထောက်ပြီး ဆိုင်ကယ်လုခံရတယ်တဲ့၊ ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး၊ လားရှိုးမှာက ဒီလို လုယက်မှုတွေ များသာထက်ပိုများလာပြီ” ဟု အဆိုပါ ဓါးထောက်ပြီး ဆိုင်ကယ်လုခံရ သည့် အမျိုးသမီးနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်း ဖွင့်လှစ်ထားသည့် ဖုန်းအရောင်း ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး အနည်းဆုံး ဖုန်းအသစ် စက်စက် ၈ လုံးခန့်ပါသွားခဲ့ကြောင်းလည်း သိရ သည်။

ထို့အတူ  သြဂုတ်လ ၉ ရက်နေ့ နံနက် ၃ နာရီ အချိန်  လားရှိုးမြို့ ရပ်ကွက် ၇ ရှိ နေအိမ်ဝန်းထဲ ရပ်ထားသည့် အိမ်စီးကား တစ်စီး  ခိုးခံရကြောင်း ကားပိုင်ရှင်ဖြစ်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားကအိမ်ဝန်းထဲ သေချာသော့ခတ်ပြီးတော့ ရပ်ထားတာ၊ ဘယ်လိုလုပ်ပြီး ခိုးယူသွားလည်း ဆိုတာ မပြော တတ်အောင်ပဲ၊ သူခိုးတွေက လားရှိုးမြို့တွင်းတော်တော်သောင်းကျန်း နေတယ်၊မူးယစ်ဆေးတွေ လည်းတအား ပေါများနေတယ်” ဟု အခိုးခံရသည့် ကားပိုင်ရှင် ဖြစ်သူအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း လားရှိုးမြို့အတွင်းတွင် ကိုဗစ်-၁၉ တတိယလှိုင်း ပိုးတွေ့ လူနာမြင့်တက်မှုဒဏ်များအပြင်  နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် မကြာခဏ လုယက်မှု၊ ခိုးမှုများ လည်း ရင်ဆိုင်နေရသည့် အတွက် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...