Sunday, May 19, 2024

အာဏာသိမ်းတပ် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာ အတွင်းရှိ လူနေ ရပ်ကွက်များဖက်သို့ အာဏာသိမ်းတပ်မှ သေနတ်သဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦးက ထိခိုက်ဒဏ်ရာရှိသွားကြောင်း သိရသည်။

Photo CJ-အာဏာသိမ်းတပ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည့်မိုးညှင်းမြို့နယ် မိုင်းနောင်ရွာသူတဉီး

သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ ခွဲကျော် အချိန်ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း သွားရောက်အခြေချလှုပ်ရှား  အမှတ် (၁၁) ခြေမြန်တပ်ရင်း  မှ လက်နက်ကြီးငယ်ဖြင့် မိုင်းနောင် ကျေးရွာ အတွင်းသို့ ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးက ထိခိုက်ဒဏ်ရာ ရှိသွားကြောင်း နေအိမ်အချို့လဲ ထိခိုက်ပျက်စီးကြောင်းကြားသိရသည်။

ခုံးကနေ ကျည်ရှပ်ထိတဲ့ တစ်ယောက်ရှိတယ်၊ အမျိုးသမီးတစ်ဦးပါ၊ အခုတော့ ဆေးရုံရောက် သွားပြီ၊ ရွာထဲကို စစ်ကောင်စီက ဗုံးနဲ့ လှမ်းပစ်သေးတယ် ဗုံးက မပေါက်လို့၊ ဗုံးသာ ပေါက်သွားရင် တော့ ထိခိုက် မှုက ဒီထက်ပိုများ လာနိုင်တယ်” ဟု မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သားများမှ သေနတ်များဖြင့် ကျေးရွာ ရပ်ကွက်တွင်းသို့ မဆင်မခြင် ရမ်းသမ်း ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုများ ခံယူနေကြောင်းသိရသည်။

“ည အချိန်မှာ ပစ်တာပါ၊ ရုတ်တရက်ကြီးဆိုတော့ ထွက်ပြေးတိမ်းရှောင်ချိန်မရနိုင်ဘူးလေ၊ ပြီးတော့ ညကြီးလည်း ဖြစ်နေတော့၊ ကလေးငယ်တွေရာ၊ နို့တိုက်မိခင်တွေရော၊ ထိခိုက်သွားတဲ့သူတော်တော် များတယ်၊ ၅ ဦးကတော့ ထိချက်ပြင်းတယ်လို့ ဆိုရမယ်” ဟု အမည်မဖေါ်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

အကြောင်းရင်း မသိရဘဲ စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းနောင်ကျေးရွာ အိမ် ၄ လုံးထိမှန်ကြောင်း၊  ​သွပ်ခေါင်မိုးများ၊ ထရံနှင့် ပြတင်း​ပေါက်များ ​ပေါက်ပြဲသွား​ကြောင်း သိရသည်။

အမှတ် ၁၁ ခြေမြန်တပ်ရင်း (ခမရ ) သည် စစ်ကိုင်းတိုင်းဒေသကြီး ရွာတောင်မြို့အခြေစိုက် အမှတ် ၃၃ တပ်မဌာနချုပ်  လက်အောက်ခံ ရွှေဘိုမြို့တွင်အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article