အာဏာသိမ်းတပ် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာ အတွင်းရှိ လူနေ ရပ်ကွက်များဖက်သို့ အာဏာသိမ်းတပ်မှ သေနတ်သဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦးက ထိခိုက်ဒဏ်ရာရှိသွားကြောင်း သိရသည်။

Photo CJ-အာဏာသိမ်းတပ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည့်မိုးညှင်းမြို့နယ် မိုင်းနောင်ရွာသူတဉီး

သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ ခွဲကျော် အချိန်ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း သွားရောက်အခြေချလှုပ်ရှား  အမှတ် (၁၁) ခြေမြန်တပ်ရင်း  မှ လက်နက်ကြီးငယ်ဖြင့် မိုင်းနောင် ကျေးရွာ အတွင်းသို့ ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦးက ထိခိုက်ဒဏ်ရာ ရှိသွားကြောင်း နေအိမ်အချို့လဲ ထိခိုက်ပျက်စီးကြောင်းကြားသိရသည်။

ခုံးကနေ ကျည်ရှပ်ထိတဲ့ တစ်ယောက်ရှိတယ်၊ အမျိုးသမီးတစ်ဦးပါ၊ အခုတော့ ဆေးရုံရောက် သွားပြီ၊ ရွာထဲကို စစ်ကောင်စီက ဗုံးနဲ့ လှမ်းပစ်သေးတယ် ဗုံးက မပေါက်လို့၊ ဗုံးသာ ပေါက်သွားရင် တော့ ထိခိုက် မှုက ဒီထက်ပိုများ လာနိုင်တယ်” ဟု မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သားများမှ သေနတ်များဖြင့် ကျေးရွာ ရပ်ကွက်တွင်းသို့ မဆင်မခြင် ရမ်းသမ်း ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုများ ခံယူနေကြောင်းသိရသည်။

“ည အချိန်မှာ ပစ်တာပါ၊ ရုတ်တရက်ကြီးဆိုတော့ ထွက်ပြေးတိမ်းရှောင်ချိန်မရနိုင်ဘူးလေ၊ ပြီးတော့ ညကြီးလည်း ဖြစ်နေတော့၊ ကလေးငယ်တွေရာ၊ နို့တိုက်မိခင်တွေရော၊ ထိခိုက်သွားတဲ့သူတော်တော် များတယ်၊ ၅ ဦးကတော့ ထိချက်ပြင်းတယ်လို့ ဆိုရမယ်” ဟု အမည်မဖေါ်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

အကြောင်းရင်း မသိရဘဲ စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းနောင်ကျေးရွာ အိမ် ၄ လုံးထိမှန်ကြောင်း၊  ​သွပ်ခေါင်မိုးများ၊ ထရံနှင့် ပြတင်း​ပေါက်များ ​ပေါက်ပြဲသွား​ကြောင်း သိရသည်။

အမှတ် ၁၁ ခြေမြန်တပ်ရင်း (ခမရ ) သည် စစ်ကိုင်းတိုင်းဒေသကြီး ရွာတောင်မြို့အခြေစိုက် အမှတ် ၃၃ တပ်မဌာနချုပ်  လက်အောက်ခံ ရွှေဘိုမြို့တွင်အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

မြန်မာ့သတ္တုတွင်းကြောင့် မြစ်ရေညစ်ညမ်းမှု ထိုင်းပြည်သူ့ပါတီ တရုတ်သံရုံးနှင့် ဆွေးနွေး

0
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများ ညစ်ညမ်းမှုသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိကြောင်း ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိရသဖြင့်၊ အစိုးရအနေဖြင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် ဦးဆောင်ဖြေရှင်းပေးရန် အတိုက်အခံ ပြည်သူ့ပါတီ (People's Party) က တိုက်တွန်းကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်တွင် ပြည်သူ့ပါတီခေါင်းဆောင် နတ်သဖွန် (Natthaphong...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...