တိုက်ပွဲဖြစ်ပွားရာ မိုင်းကိုင်ဘက်သို့ စစ်အင်အားအပြိုင်ဖြည့်နေမှု သျှမ်းလူထုစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်းနယ်စပ် သီပေါမြို့နယ် နှင့် မိုင်းကိုင် မြို့နယ်အတွင်း အစိုးရတပ် အင်အားအများအပြား ဖြည့်တင်းသကဲ့သို့ သျှမ်းပြည်တပ်မတော် နှစ်ခုစလုံးလည်း အင်အားပိုမိုဖြည့်တင်း နေသည်ဟု ဒေသခံတပ်မှူးများပြောပြချက်အရသိရသည်။

ကျောင်းလွယ်စက်ကနေပြီး တိုက်ပွဲဖြစ်ပွါးသည့်နေရာဘက်ကို လှမ်းမြင်ရပုံ (Photo by SSM)

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် နှင့် ကျေးသီးမြို့နယ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက် မဲခရိုင် သီပေါမြို့ နယ်အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ အင်အားဖြည့် ကာ ဒေသအတွင်း လှုပ်ရှား သကဲ့သို့ သျှမ်းပြည်တပ်မတော် RCSS/SSA , SSPP/SSA တို့ဘက်မှလည်း မိမိကိုယ်ကိုခုခံကာကွယ်ရန် အင် အားတိုးချထားနေကြောင်း ဒေသအတွင်း တပ်မှူးများပြောပြချက်အရသိရသည်။

အစိုးရတပ်က ရမခ တိုင်းလက်အောက်ခံတပ်တွေ၊ ရလခ တိုင်းလက်အောက်ခံတပ်တွေ အပါအဝင် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းအချို့ သီပေါမြို့နယ် နှင့် မိုင်းကိုင်မြို့နယ်ဘက်သို့အင်အားတိုးချကာ သျှမ်းပြည်တပ် မတော် RCSS/SSA စစ်ကြောင်းများအား လက်နက်ကြီးများပစ်ခတ် ပိုက်စိတ်တိုက်ရှာဖွေသောကြောင့် ယမန် နေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားကာ စစ်ဘေးရှောင် ၆၀၀ ကျော် တိုးများလာနေကြောင်း ဒေသခံ များ ပြောပြချက်အရသိရသည်။

“မနေ့က ဟမ်းငိုင်း လွယ်စက်တော်ကျောင်းမှာ ၅၀ ကျော်ထပ်ရောက်တယ်။ အခု စစ်ဘေးရှောင်က ၆၀၀ ကျော်သွားပြီ။ ဒီအချိန် က စိုက်ချိန် ပျိုးချိန်လေ။ ဒီချိန်မစိုက်ပျိုးရင် မိုးကုန်ရင် ဒေသခံတွေဘာနဲ့သွားစားမလဲ။ ဒေသခံတွေက စပါး၊ ပြောင်း တို့ဘဲ အားထားစိုက်တာ ။ သူတို့တွေ အိမ်အရမ်းပြန်ချင်နေကြတယ်။ တိုက်ပွဲ အမြန်ဆုံးရပ်ပေးပါ အကူအညီလဲ တအားလိုအပ်နေတယ် ” – ဟု မိုင်းကိုင်မြို့နယ် ပြည်နယ်လွွှတ်တော်ကိုယ် စားလှယ် စိုင်းလုံ ကပြောသည်။

ကျေးသီးမြို့ သုဝဏ္ဏသီရိ ဟုန်းထမ်းကျောင်းတိုက်သို့လဲ အိမ်ထောင်စု ၆ ခု လူဦးရေ ၂၀ ခန့် ထပ် ရောက်လာ သည်ဟု ကျေးသီးမြို့ခံတဦးကပြော၏။

“ခမရ တပ် ၅၆၉ က နောင်တောင်းကျောင်း ထဲကနေပြီး လက် နက်ကြီးနဲ့ ဟိုပစ်ဒီပစ်လုပ်နေတာ ။ ဒါကြောင့် ကျမတို့ရွာမှာ မနေရဲလို့ထွက်ပြေးတာ ”- ဟု ကျေးသီးရောက် စစ်ဘေး ရှောင်ကလေးအမေ တဦးက ပြောသည်။

“အဲဒီဒေသ ဘက်က တောင်ပေါ် ပိုင်းမှာ ကျနော်တို့ အခြေချ လှုပ်ရှားတဲ့ နေရာလေ။ မြေနှိမ့်ပိုင်းမှာ RCSS/SSA တပ်ရှိတယ်။ အစိုးရတပ်ကနေ ကျနော်တို့ဆီကို ဦးတည်မလာဘူးလို့မပြောနိုင်ဘူး ။ ဒါ့ကြောင့် ပြင်သင့် သလောက် တော့ အင်အားတွေ တိုးချထားတယ် ”- ဟု ဒေသအတွင်း SSPP တပ်မှူးတဦး ကပြောသည်။

အစိုးရတပ်မတော် စစ်ကြောင်းများအနေဖြင့်လည်း ယမန်နေ့နံနက်ပိုင်း အင်အားဖြည့်ရင်း အချင်းချင်းမှားယွင်း ပစ်ခတ်မှုလည်းရှိကြောင်း၊ တုံလောဝ်ကျေးရွာ အုပ်စု မှ ဟိုခိုင်းကျေးရွာအုပ်စု အသွား တုန်ကျိုင်း ကျေးရွာ အနီးတွင် အချင်းချင်း မှားယွင်းပစ်ခတ်တိုက်ခိုက်သောကြောင့် ကျေးလက်ဒေသခံများ ကြောက်လန့်ကာ တုံလောဝ်ရွာမသို့ ထွက်ပြေးတမ်းရှောင်ကြသေးကြောင်းဒေသခံများ ပြောပြချက်အရသိရသည်။

ဇူလိုင် ၃-၅ ရက်နေ့ အထိ နေပြည်တော်တွင် ကျင်းပသည့် JMC-U အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက နယ်မြေကျူးကျော်လှုပ်ရှားသည့် မည်သည့်တပ်ဖွဲ့ကိုမဆို တိုက်ခိုက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် RCSS/SSA ကိုယ်စားလှယ်များထံပြော ကြားသည့်နောက်ပိုင်း စစ်ရေးပြင်ဆင်လာခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် နယ်မြေ ကျူးကျော်လှုပ်ရှားတာတွေမရှိသကဲ့သို့ မည်သည့် သဘောတူညီချက်တွင်မှ နယ်မြေသတ်မှတ် သဘောတူလက်မှတ်ရေးထိုးထားတာမရှိကြောင်း၊ တပ်မတော် ခေါင်းဆောင်ပိုင်းအနေဖြင့် ယခု ပြောကြားချက်သည် စစ်ရေးအရ စိန်ခေါ်လိုက်ခြင်းသာ ဖြစ်ကြောင်း RCSS/SSA ပိုင် တိုင်းဖှရီးဒမ်း ၀ဲပ်ဆိုဒ်တွင် ဖေါ်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...