Monday, October 14, 2024

မူဆယ် မိုးကုတ်ဝိပဿန တရားစခန်း ကိုဗစ်(၅၉ )ဦးတွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မိုးကုတ်ဝိပဿနာ တရားစခန်း တစ်ခုမှာ ကိုဗစ်-၁၉ ကူးစက် လူနာ (၅၉) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့နယ် (၁၀၅) မိုင် အထွက် မော်တောင်းဘုန်းကြီးကျောင်း မိုးကုတ်ဝိပဿနာ တရားစခန်းတွင် သြဂုတ် (၈) ရက်နေ့က သံသယ လူနာ အဖြစ် စစ်ဆေးကြည့်ရာ ဦဇင်းအပါအဝင် ကပီယ အထိ ကူးစက်မှု ရှိခဲ့ကြောင်း သတင်းရရှိသည်။

“အဲ့ကျောင်းက သီလရှင် တစ်ပါး မန္တလေး ကနေ ပြန်လာရင်းနဲ့ စဖြစ်တာထင်တယ်။ အဲ့သီလရှင် တစ်ပါးက ဆုံးသွားတော့ စစ်ဆေးကြည့်တာ positive အတည်ပြု လူနာဖြစ်နေတယ်။ အဲ့ဒါနဲ့ ကျောင်းက ဦးဇင်းတွေ သီလရှင်တွေ စစ်ကြည့်တော့ ၅၈ ဦးလောက် (positive) ဖြစ်တယ်” ဟုမူဆယ်မြို့နယ် သဒ္ဒါဖြူစင် ပရဟိတ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အတည်ပြု လူနာ (၅၈) ဦးကို မူဆယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ကျောင်းကိုလည်း lockdown ပြုလုပ်ထားလိုက်ကြောင်း ပရဟိတ တစ်ဦး ကပြောသည်။

“မူဆယ် ပြည်သူ့ ဆေးရုံသံယာဆောင်မှာ ဆေးကုသမှု ခံယူနေတယ်။ ဦးဇင်း ၊ ကိုရင်၊ သီလရှင်၊ ယောဂီ ၊ ကပီယ အားလုံး ကူးကြတာ။ လက်ရှိ ကျောင်းကိုတော့ ပိုးသတ်ဆေးတွေ သွားဖြန်းပေးထားပါပြီ” ဟု သဒါဖြူစင် ပရဟိတ တစ်ဦး ကပြောသည်။

မိုးကုတ် ဝိပဿနာ တရားစခန်းမှာ ဦးဇင်း (၁၃) ပါး၊ ကိုရင် (၂၄) ပါး၊ သီလရှင် (၉) ပါး၊ အမျိုးသမီး ယောဂီ (၆) ဦး ၊ အမျိုးသားယောဂီ (၅) ဦး နှင့် ကပီယ (၁) ဦး တို့ စုစုပေါင်း (၅၈) ဦးတို့သည် လက်ရှိ ဆေးကုသမှု ခံယူနေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article