Wednesday, January 28, 2026

သျှမ်းတောင် ပုံးအင်းဒေသတွင် ကိုဗစ်ပိုးရှိသူ (၁)ဦး ပထမဆုံးတွေ့

သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းရှိ ပုံးအင်းဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံရသူ (၁)ဦး ပထမဆုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

“အရင်ရက်တွေကလည်း နေမကောင်းဖြစ်တယ်လို့တော့ ကြားတယ်၊ သူ့ကိုသူ သံသယဝင်နေလို့ ဘန်းယဉ်မှာ သွားစစ်ကြည့်တာ၊ ကိုဗစ်ပိုးတွေ့တာပဲ” ဟု ပုံးအင်းဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လူနာသည် အသက် (၅၀)အရွယ် အမျိုးသားဖြစ်ပြီး ပုံးအင်းဒေသ ဝမ့်နောက်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ယခင်ရက်က အခြားရွာသို့ စပါးလိုက်ဝယ်ဖူးကြောင်း သိရသည်။

“သူက စပါးရောင်းဝယ်တဲ့သူဆိုတော့ အရင်ရက်တွေက တစ်ခြားရွာတွေမှာ စပါးတွေ လိုက်ဝယ်သေးတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ပုံးအင်းဒေသတွင် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကာလအတွင်း ကိုဗစ်ကူးစက်ခံရသူ မရှိခဲ့ပဲ ယခု တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

ယခုတွင် ကိုဗစ်ပိုးရှိသူကို နေအိမ်တွင်သာ ကန့်သတ်ထားပြီး ၎င်းရွာအဝင်အထွက်လမ်းများကိုလည်း ပိတ်ထားပြီဖြစ်ကြောင်း၊ ပုံးအင်းဒေသနှင့်ထိစပ်နေသည့် ဘန်းယဉ်၊ နောင်မွန်နှင့် ဆီဆိုင်မြို့တို့တွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေကြောင်း သိရသည်။

ပုံးအင်းဒေသတွင် ကျေးရွာပေါင်း (၅၅)ရွာခန့်ရှိပြီး ကိုဗစ်ပိုး စတင်တွေ့ရှိရပြီဖြစ်သည့်အတွက် ကျေးရွာများတွင် ဧည့်သည်လက်ခံခြင်း မပြုလုပ်ကြရန်နှင့် တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ကြရန် တာဝန်ရှိသူက အသိပေးထားကြောင်း သိရသည်။

ပုံးအင်းဒေသသည် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ကျောက်တလုံးမြို့နယ်ထဲတွင် တစ်စိတ်တစ်ဒေသစီ ပါဝင်နေပြီး ကုန်းလမ်း၊ ရေလမ်းဖြင့်သွားလာနိုင်သည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်းဒေသတွင် မိုးကြီး၍ နွေစပါး ဧကပေါင်း ရာနှင့်ချီ နစ်မြှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နွေစပါးစိုက်ခင်းများ ဧကပေါင်း ရာနှင့်ချီ ရေနစ်မြှုပ်သွားခဲ့ကြောင်း ပုံးအင်းတောင်သူများက ပြောသည်။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုနှင့် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စု အတွင်းရှိ နွေစပါးစိုက်ခင်း...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ပုံးအင်းဒေသ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်ဖုန်း ၆ လုံး ခိုးခံရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်ရက်ထဲ ကိုရင်များ၏ လက်ကိုင်ဖုန်း ၆ လုံး ခိုးခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၄) ရက် နံနက်ပိုင်း ၁၁ နာရီတွင် ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားတစ်ဦးက နောင်စန့်ရွာရှိ...

ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို PNO မှ ဆက်တိုက် ဖမ်းဆီးမှုပြုလုပ်ပြီး ငွေတောင်းခံနေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူ့စစ် PNO မှ ဆက်တိုက်ဖမ်းဆီးနေပြီး ငွေတောင်းခံနေကြောင်း စုံစမ်းသိရသည်။ . ပအိုဝ်းပြည်သူ့စစ် PNO သည် ပုံးအင်းဒေသရှိ မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများကို လိုက်လံဖမ်းဆီးပြီး တစ်ဦးကို ကျပ်သိန်း ၄၀ ကျော် တောင်းခံလျက်ရှိကြောင်း...

ပုံးအင်းဒေသ နေ့စား စပါးရိတ် အလုပ်သမားရှားပါးမှု ကြုံနေရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် စပါးရိတ်သိမ်းဖို့အတွက် နေ့စားအလုပ်သမားရှားပါးလာကြောင်း စုံစမ်းသိရသည်။ ယခု ဇူလိုင်လ သီတင်းပတ်မှစ၍ ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ နောင်စန့်ရွာရှိ မိုးစပါးများကို စတင်ရိတ်သိမ်းနေရာ နေ့စားလိုက် အလုပ်သမားရှားပါးလာသဖြင့် စပါးရိတ်သိမ်းစက်ကို အားကိုးကာ ရိတ်သိမ်းနေရကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ စပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားလိုက် အလုပ်သမား...