Wednesday, May 1, 2024

လင်းခေးခရိုင် ကိုဗစ် ကူးစက်ခံရသူ (၃၁၉ )ဦးရှိ

Must read

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ရှိ (၅) မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၃၁၉) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။

လင်းခေးခရိုင်တွင် ရှိသော ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၃၁၉) ဦးမှာ လင်းခေးမြို့နယ် (၁၄၀) ဦး၊ ကျိုင်းတောင်းမြို့နယ် (၅၉) ဦး ၊ မိုးနဲမြို့နယ် (၆၁) ဦး ၊မောက်မယ် မြို့နယ် (၄၃) ဦး နှင့် မိုင်းပန်မြို့နယ် (၁၆) ဦး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကျိုင်းတောင်း ၊ မိုးနဲ နဲ့ မောက်မယ်တော့ သေဆုံးသူတွေ ရှိတယ်။ ကျန်တဲ့ (၂) မြို့နယ်တော့ သေဆုံးသူ မရှိဘူး” ဟု မိုင်းပန် ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျိုင်းတောင်းမြို့နယ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၃) ဦးရှိပြီး သြဂုတ် (၅) ရက်နေ့ကလည်း (၂) ဦး သေဆုံးသွားကြောင်း ကျိုင်းတောင်း ဒေသခံ တစ်ဦးကပြောသည်။

“လင်းခေးက ဒေသခံတွေလည်း အိမ်ပြင်မထွက်ကြတော့ ထိန်းလို့ရသွားပြီလို့ ပြောလို့ရတယ်။ မနေ့က လူနာသစ် (၁) ဦးပဲ တွေ့တော့တယ်။” ဟု လင်းခေးဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိ ကိုဗစ်-၁၉ တတိယလှိုင်းသည် သျှမ်းပြည်မြောက်ပိုင်းတွင် ကူးစက်သူ များပြားပြီး သေဆုံးသူ နေ့တိုင်းနီးပါး ရှိကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article