Tuesday, January 27, 2026

လင်းခေးမြို့ နမ့်တိန်းချောင်း အုပ်စုဖွဲ့ ရေဆင်းချိုး မပြုလုပ်ရန် တားမြစ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ရှိ နမ့်တိန်းချောင်းအတွင်း ဒေသခံများ အုပ်စုဖွဲ့ ရေဆင်း ချိုးခြင်း မပြုလုပ်ကြရန် ကျန်းမာရေးအဖွဲ့က တားမြစ်ညွှန်ကြားကြောင်း သိရသည်။

ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး လင်းခေးမြို့နေ ပြည်သူများအနေဖြင့် နမ့်တိန်းချောင်းအတွင်းသို့ လူအများ တစ်စုတစ်ဝေးတည်း ရေးဆင်းချိုးခြင်းမပြုရန် မြို့ နယ် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဩဂုတ်လ ၁ ရက်နေ့မှာ အစည်းအဝေး ပြုလုပ်ညှိနှိုင်းပြီး ယင်းကဲ့သို့ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ရေဆိပ်ကို မသွားဖို့ လုံးလုံးကြီးတားမြစ်လိုက်တာတော့ မဟုတ်ဘူး၊ တချို့က သွားရင်လည်း တစ်အုပ်စုကို ၁၀ ယောက်လောက်ရှိတယ်၊ အဲ့ကို ကျန်းမာရေးဖက်က မဖြစ်စေချင်ဘူး၊ မဖြစ်သင့်ဘူးပေါ့၊ အဲ့ကြောင့် သွား ရင် လူစုလူဝေးနဲ့ မသွားဖို့ သူတို့က တားမြစ်ထားတာပါ” ဟု လင်းခေးမြို့နေ စိုင်းဆေဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ထုတ်ပြန်ထားမြစ်ချက်များကို လိုက်နာလုပ်ဆောင်ခြင်းမရှိဘဲ ချိုးဖောက်မှုများပြုလုပ်ပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

“အဓိကတော့ ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့ အနေနဲ့ တားမြစ်ထားတာပါ၊ ရေသွားချိုးတဲ့ တချို့ သူတွေဆိုလည်း နမ့်တိန်းချောင်းဘေးမှာ ဘီယာဝိုင်းပြီး သောက်တာလည်းရှိနေသေးတယ်၊ အဲ့လိုတွေမြင်ရတော့ ကျန်းမာရေးဖက်က လူစုလူဝေးမပြုဖို့ကို လိုက်နာမှု မရှိရင် အရေးယူခံရမယ်ဆိုပြီး ထုတ်ပြန်ထား တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

လင်းခေးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်မှ ယမန်နေ့ ဩဂုတ်လ ၂ ရက်အထိ COVID-19 အတည်ပြုလူနာ ၁၃၀ ဦး တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ၄၃ ဦးက ရောဂါသက်သာပျောက်ကင်းကာ လက်ရှိတွင် ဆေးရုံ၌တက်ရောက် ကုသဆဲလူနာ ၈၇ ဦး ကျန်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေးမြို့တွင် စစ်ကော်မရှင်ဝန်ထမ်းများမှ မြို့နေလူထု အိမ်ထောင်စုစာရင်း စစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လင်းခေးမြို့နယ်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည်။ ထို့ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး လင်းခေးမြို့ရှိ စစ်ကော်မရှင်...

လင်းခေးမြို့ အမျိုးသားတစ်ဦး လက်လုပ် သေနတ်ဖြင့် ပစ်သတ်ခံရ

0
သျှမ်းပြည် လင်းခေးမြို့တွင် ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူယစ်ဆေးဝါးသုံးစွဲသော အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် လက်လုပ် သေနက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးသည် လက်လုပ်သေနတ်ဖြင့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ

0
သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...