Wednesday, January 28, 2026

ကလောမြို့ ကိုဗစ်လူနာနှင့် ထိတွေ့မှုရှိ ဝန်ထမ်းများ ကွာရန်တင်းဝင်ရန် ခွင့်ရက်မပေး

သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ်အတွင်း ကိုဗစ် လူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့် ဌာနဆိုင်ရာ အချို့မှ ဝန်ထမ်းများသည် ကွာရန်တင်းဝင်ရန် အတွက် အထက်အရာရှိများနှင့် အလုပ်ရှင် သူဌေးများက ခွင့်ရက်များ မပေးသဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ကလောမြို့ရှိ OK $ ရုံးတွင် အလုပ်လုပ်ဆောင်ကြသော အတူနေ ဝန်ထမ်များအနက်မှ ၄ ဦးထက်မနည်းတွင် ကိုဗစ် – ၁၉ ကူးစက်ခံနေရသော်လည်း ရုံးတွင်း ပိုးသတ်ဆေးဖြန်းမပြုလုပ်သည့် အပြင် ပိုးတွေ့ဝန်ထမ်းများ နှင့် အတူနေထိုင်သည့် ဝန်ထမ်းများအား ကွာရန်တင်း ပြုလုပ်ထားရှိစေခြင်းများလည်း မရှိကြောင်း အဆိုပါ ရုံးမှ ဝန်ထမ်းတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ ကလောမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က သြဂုတ် ၁ ရက်မှာ အဲ့ရုံးက ပိုးတွေ့လူနာ တစ်ယောက်ထပ်တိုးတယ်၊ အခုဆို အဲ့ရုံးမှာက ပိုးတွေ့ လူနာ ၄ ဦးထက်မနည်းရှိနေပြီ၊ သူတို့ အလုပ်ရှင်နဲ့ သူတို့အထက်အရာရှိတွေက ဝန်ထမ်းတွေရဲ့ ကျန်းမာရေး အတွက် လုပ်ဆောင်မှုဘာမှမရှိဘူး၊ ရုံးမှာဆေးဖြန်းတာတောင်မရှိဘူး၊ ဝန်ထမ်းတွေကိုလည်း ကွာရန်တင်း မလုပ်ခိုင်းတဲ့ အပြင် ခွင့်ရက်တောင် မပေးဘူး” ဟု ကလောဒေသခံတစ်ဦး ဆိုသည်။

လက်ရှိမှာ အဆိုပါရုံးကို ဆက်လက်ဖွင့်လှစ်နေသည့်အတွက် ရုံးဝန်ထမ်းများမှတစ်ဆင့် မြို့တွင်းသို့ ရောဂါပိုး ပျံ့နှံ့ကူးစက်မှာလည်း ဒေသခံများ စိုးရိမ်နေကြောင့် သိရသည်။

“ရုံးဝန်ထမ်းများမှာ ကလောမြို့နဲ့ အောင်ပန်းမြို့ ဒေသခံများဖြစ်ကြတယ်၊ သူတို့ကနေ တစ်ဆင့်မြို့တွင်း ကူး စက်မှုတွေကလည်း များလာနိုင်တယ် အဲ့ကြောင့် ဝန်ထမ်းတချို့က ခွင့်တာင်းကြတယ်၊ မရတော့ တချို့ က အလုပ်ထွက်ချင်ကြတယ်၊ ထွက်ရင်လည်း ပြီးခဲ့တဲ့ ၇ လပိုင်းက သူတို့ရဲ့ လုပ်အားခ မရမှာလည်း စိုးရိမ် နေကြတယ်” ဟု ၎င်းက ဆိုသည်။

ကလောမြို့ရှိ OK $ ရုံးသည် wave money ကဲ့သို့သော mobile money ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပြီး ကလောမြို့နှင့် အောင်ပန်းမြို့တွင်း အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းရယူကာ ဝန်ထမ်းများ၏ ရပိုင်ခွင့်များအား ချိုးဖောက်လျက်ရှိကြောင်းလည်း ကလောဒေသခံ အသက် ၃၅နှစအရွယ် အမျိုးသမီး တစ်ဦးကပြောသည်။

“ကလောက အလုပ်ရှားတယ် တခြားအလုပ်တွေသိပ်မရှိဘူး အဓိက က ဟိုတယ်နဲ့ စားသောက်ဆိုင်ပဲရှိတယ်၊ အောင်ပန်းကဆိုလည်း ကုန်စိမ်းပွဲရုံတွေနဲ့ ဆိုင်မှာပဲ အလုပ်ရနိုင်တယ်လေ၊ Lonkdown လို့သာ ဆိုတယ် အောင်ပန်းကကုန်စိမ်းဈေးမှာ စည်ကားနေတာပဲ” ဟု ၎င်း အမျိုးသမီးကဆိုသည်။

လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အကျိုးအမြတ်သာမကြည့်ဘဲ တာဝန်ယူမှု တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ကြပါရန် တောင်းဆိုလိုကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...

ကလောမြို့ ချောင်းရေတက်ရေကြီးမှုဖြစ်

0
သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းက ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ယနေ့နေ့ညပိုင်းတွင် ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အဆက်မပြတ် ရွာသွန်းနေသည့် မိုးကြောင့် ချောင်းရေ မြင့်တက်လာရာ မြို့လယ်ပိုင်း ရပ်ကွက် (၄)...

ပထမဆုံးအကြိမ် ထနော့အမျိုးသားနေ့ အခမ်းအနားကို ကလောမြို့နယ်တွင် ကျင်းပပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လှ ကျေးရွာတွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထနော့လူမျိုး အများဆုံးနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်သော ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာတွင် ပြီးခဲ့သည့် (မတ်လ ၈ ရက်)တွင် ထနော့အမျိုးသားနေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ဒေသခံ...