သျှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုကို အင်အား တရာခန့်ရှိ အစိုးရတပ်မတော်က ယနေ့ တက်တိုက်ခဲ့သည်ဟုသိရသည်။

မိုင်းကိုင်မြို့အားအထက်မှမြင်တွေ့ရပုံ Photo by Google earth

ဇူလိုင် ၉ ရက် မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရသေး ကြောင်း၊ အစိုးရတပ်မတော်ဘက်တွင် မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ ကျိုင်းတောင်း အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၆၉ အင်အား ၉၀ ကျော် ရှိ စစ်ကြောင်းက မိုင်းကိုင်မြို့ ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား တက်ရောက်တိုက်နေသည်ဟု ကြားသိရသည်။

“မိုင်းကိုင်မြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ ဟိုခိုင်း ကျေးရွာအုပ်စုရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ ဟွေ့မွန်ရွာမှာ ဖြစ်တာ တိုက်ပွဲက။ ဒီညနေ ၄ နာရီအထိ မရပ်သေးဘူး။ အဲဒီက ရွာလေးတွေက ရွာသားတွေ ရွာကြီးဘက်ကို ထွက်ပြေးနေတယ် ”- ဟု အသက် ၄၀ ကျော်အရွယ် မိုင်းကိုင်မြို့ခံ အမျိုးသားတဦးကပြောသည်။

အဆိုပါ တိုက်ခိုက်မှု နှင့်ပတ်သက်၍ ဟုတ်မှန်ကြောင်း RCSS/SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ အတည်ပြုသော်လည်း တိုက်ပွဲဖြစ်စေသည့်အကြောင်းအရင်းအသေးစိတ်အား ပြောပြ ခြင်း မရှိပေ။

ဘာဖြစ်လဲမသိဘူး။ အခု အရက်ပိုင်း မှာ လွိုင်လင်အထွက်ဂိတ်၊ လဲချားအထွက် ၊ မိုင်းနောင် အထွက် ၊ ကျေး သီး လမ်းခွဲ က အစ နမ့်ပုတ်ဂိတ်တွေမှာလဲ လုံခြုံးတွေ ပိုမိုချထားတာတွေ၊ စစ်ဆေးမှုတွေ လုပ်နေတယ် – ဟု ကားဆရာ စိုင်အောင်ဝင်း က ပြောသည်။

အဆိုတိုက်ပွဲဖြစ်ပွားနေမှု ဟုတ်မှန်ကြောင်း တိုက်ပွဲအသေးစိတ်မသိရသေးကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် လုံးစိုင်းလုံ ကလည်းပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားသည်။ ထို့အပြင် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် ဖြစ်မြောက်ရေးအတွက်လည်း ပါ၀င်ဆောင်ရွက်နေသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...