Wednesday, January 28, 2026

တစ်လကျော် ပိတ်ထားသည့် လားရှိုးမြို့တွင်းစျေးများကို အကန့်အသတ်နဲ့ ပြန်ဖွင့်မည်

ကိုဗစ် တတိယလှိုင်း ပျံ့နှံကူးစက်မှု မြင့်မားမှုကြောင့် တစ်လကျော် ပိတ်ထားသည့် လားရှိုးမြို့တွင်းမှ စျေးများကို အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လွတ်မည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ လ တွင် ပိတ်ခဲ့ရသည့် လားရှိုးမြို့တွင်း စျေးများအနက် ဆန်ဆိုင်၊ ဆီဆိုင်၊ သား/ငါး ဆိုင်များ နှင့် ဆေးဝါးပစ္စည်းများကို ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း လားရှိုးမြို့နယ် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပိတ်ထားတာလည်း ကြာပြီဆိုတော့ ပြန်ဖွင့်တာပါ၊ ပြီးတော့ နိုင်ငံတော် ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်းပြန်ဖွင့်မှာ ဖြစ်ပါတယ်၊ သြဂုတ်လ ၁ ရက်နေ့ကနေစပြီး နံနက်ပိုင်း ကနေ နေ့လည် ၁၂ ထိ ဖွင့်လှစ် ရောင်းချသွားမှာဖြစ်ပါတယ်” ဟု ဦးကျော်ဇင် ကပြောသည်။

လက်ရှိ ပြန်လည် ဖွင့်လှစ်မည့် စျေးဆိုင်များတွင် ဆန်ဆိုင်၊ ဆီဆိုင်၊ သား/ငါး ဆိုင်များ နှင့် ဆေးဝါး ပစ္စည်းရောင်းချ ဆိုင်များမှ လွဲပြီး ကျန်သည့် စျေးဆိုင်များကို မူလအတိုင်း ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ပြည်သူတွေ အတွက် အဓိကလိုအပ်နေတဲ့ ဆိုင်တွေပဲ အရင်တွေ ပြန်ဖွင့်ပေးပါတယ်၊ ကုန်စိမ်းစျေးတွေ ကိုတော့ မဖွင့်ခိုင်းသေးဘူး၊ အခုဖွင့်တဲ့ စျေးသည်တွေကိုလည်း စျေးရောင်းကဒ်နဲ့ လာဝယ်တဲ့သူတွေကို လည်း စျေးဝယ်ကဒ်ပေးထားတယ်” ဟု ဦးကျော်ဇင်က ပြောသည်။

လားရှိုးမြို့အတွင်း ကိုဗစ် – ၁၉ တတိယလှိုင်းတွင် ရောဂါပိုးတွေ့လူနာများ များပြားလာသဖြင့် ဈေးများ အား ဇွန်လ ၂၃ ရက်မှ စတင်ကာ ယာယီပိတ်သိမ်းထားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၇ ရက်တွင် လားရှိုးမြို့အား Stay at Home သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...