သီပေါမြို့နယ် သျှမ်းတပ် (၂)တပ် တိုက်ပွဲ ထပ်မံဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယနေ့ (ဇူလိုင် ၂၂ )ရက် မနက် (၇ )နာရီဝန်ကျင်းတွင် RCSS/SSA နှင့် SSPP/SSAတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ် နောင်အန်ကျေးရွာ အနီးတဝှက်တွင် သျှမ်းတပ် (၂)တပ် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ နောင်အန်ဖက်က ဖြစ်တာပါ။ အရင်ကလိုပဲပေါ့။ တိုင်းရင်းသားအချင်းချင်းတိုက်ပွဲဖြစ်တာ။ တိုက်ပွဲက ဒီနေ့မှ ပြန်ဖြစ်တာ။ တိုက်ပွဲဖြစ်တာ မိနစ် ၃၀ ခန့်လောက်ရှိတယ်။ ” ဟု သီပေါမြို့နယ် စစ်ရှောင်းများကိုကူညီးပေးနေသည့် အမျိုးသမီးတဦးက ပြောသည်။

သီပေါမြို့နယ်တွင် တိုက်ပွဲများ ၁ လကြာ ရပ်တန့်ခဲ့သော်လည်း ယနေ့ တွင်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိ သီပေါမြို့နယ် တိုက်ပွဲသည် သျှမ်းတပ်(၂) တပ်တိုက်ပွဲဖြစ်ကြောင်း၊ တိုက်ပွဲရက်ရှည်ကြာသွားနိုင်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

“ ဒီနေ့တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ ကျနော်တို့နဲ့ SSPP တို့နဲ့ပဲဖြစ်တာ။ သူတို့ဖက်က စစ်ထိုးလာလို့ ကျနော်တို့တိုက်ပွဲဖြစ်ရတာ။ သူတို့အင်အားအများတက်လာတော့ ကျနော်တို့ ဒီတိုက်ပွဲက ရက်ရှည်သွားနိုင်တယ်။” ဟု ၎င်း RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

ဆက်လက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရာတွင် ဖုန်းလက်ကိုင်ဖြေကြားခြင်းမရှိပေ။

ယခုရက်ပိုင်းတွင် သျှမ်းစစ်တပ် (၂) တပ်သည် ကျေးသီးမြို့နယ်၊ ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။


“ သီပေါဘက်ကတော့ တိုက်ပွဲမဖြစ်တာ ၁ လလောက်တော့ရှိနေပြီ။ သီပေါတိုက်ပွဲရပ်တော့ ကျေးသီး လွိုင်ဟွန်းတောင်ဘက်ဖြစ်တယ်။ မနေ့တနေ့ကတော့ ကျောက်မဲမိုင်းငေါ့ဖက် တိုက်ပွဲပြန်ဖြစ်တယ်။ တစ်နေရာတိုက်ပွဲရပ်ရင်တစ်နေရာဖြစ်နေတယ်” ဟု သီပေါမြို့ အမျိုးသားတဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း သျှမ်းပြည်နယ်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း၊ တိုင်းရင်းသားလက်နက်ကိုင်းများနှင့် စစ်ကောင်စီ တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

တိုက်ပွဲကြောင့် စစ်ရှောင် သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီးစားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...