Wednesday, January 28, 2026

တောင်ကြီးမြို့နယ်ရှိ တချို့မြို့များ မီးကြိုးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းရှိ တစ်ချို့မြို့များ မီတာခ မပေးဆောင် သဖြင့် မီးကြိုးဖြတ်ခံရကြောင်း စုံစမ်းသိရသည်။

လက်ရှိ မီးမီတာမဆောင်သည့် တောင်ကြီးမြို့နယ် ရှိ ရွှေညောင်မြို့ နှင့် ညောင်ရွှေမြို့ မှနေအိမ်များ မီးကြိုးဖြတ်ခံရ ကြောင်း သတင်းရရှိသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် မီတာဖတ်လာသည့် ဝန်ထမ်းတစ်ဦးသည် မီတာများ ပေးဆောင်ကြရန်၊ မဆောင်ပါက မီတာကြိုးကို ဖြတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုပြီး မီးကြိုးကို တက်ဖြတ်လိုက်ကြောင်း အမည်မဖော်လိုသည့် ညောင်ရွှေမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မီတာဆောင်ဖို့ လာပြောဝောာ့ ခုချက်ချင်းမဆောင်ရင် မီတာဖြတ်မယ်ဆိုပြီး အိမ်ရှေ့က ဓါတ်တိုင်ကို တက် ပြီး ချက်ချင်းဖြတ်သွားတယ်၊ ချက်ချင်းသွားဆောင်ပေး မဆောင်ရင် မီတာကြိုးအဖြတ်ခံရမယ် ဆိုပြီးလေ သံ မာမာနဲ့ပြောသွားတယ်” ဟု ညောင်ရွှေမြို့နေ ပြည်သူတစ်ဦး က ဆိုသည်။

အဆိုပါ မီတာဖတ်ဝန်ထမ်းများ ယူဆောင်လာသည့် မီတာစာရွက်များသည်လည်း အရည်အသွေး အချက်အ လက်များ ဘာမှမပါရှိသည့် ပလာစာရွက်ပေါ်တွင် မီတာယူနစ်နှင့် ပေးဆောင်ရမည့် ငွေပမာဏများကိုသာ ရေးသားထားသည့် စာရွက်သာ ဖြစ်ကြောင်းလည်း သိရသည်။

“ကျမတို့ အိမ်မှာ မီတာဆောင်ဖို့ကျတော့ လာပြောပြီး မီတာစာရွက်တော့ မပေးဘူး၊ မေးတော့ ရုံးမှာသွား တောင်းပါတဲ့၊ ရုံးကလူတွေကို သွားမေးတော့ ရပ်ကွက်ရုံးကို အကုန်ပေးလိုက်ပြီတဲ့၊ မီတာခ ဘယ်လိုဆောင် ရမလဲဆိုတော့ စာရွက်ပေါ် ချရေးပေးလိုက်တာ” ဟု ညောင်ရွှေမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ပြောသည်။

အလားတူပင် ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်အတွင်း ဇူလိုင်လ ၂၅ ရက်နောက်ဆုံးထားပြီး မီတာခများပေးဆောင်ပေးရန် နှင့် မပေးဆောင်ပါက မီတာကြိုး ဖြတ်ခံရမည်ဟု မီတာဖတ်သည့် ဝန်ထမ်းက ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။

ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ပျံ့နှံမှု တတိယလှိုင်းကြောင့် ပြည်သူများ စားဝတ်နေရေး နှင့် ကျန်းမာရေးအ တွက် အဖက်ဖက် ခက်ခဲနေချိန်တွင် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများ၊ မီတာဖတ်ဝန် ထမ်းများက ဤကဲ့သို့ ပြည်သူများကို မီတာခ ပေးဆောင်ရန် ဖိအားပေးခြိမ်းခြောက်ပြောဆိုမှုများသည် မပြုလုပ်သင့်ကြောင့် မအင်းသူလေး (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားဖို့တောင် အနိုင်နိုင်ရုံးကန်နေရတဲ့ အခုလိုချိန်မှာ ဒီလိုခြိမ်းခြောက်တောင်းဆိုတာ မလုပ်သင့်ပါဘူး၊ ပြည် သူတွေကို သနားညှာတာတယ်ဆိုရင် အခုလိုချိန်မှာ ပြည်သူတွေ ဘယ်လိုနေရတယ်၊ ဘယ်လို ရှာဖွေစား သောက်နေရလဲဆိုတာ လေ့လာတတ်ရမယ်လို့မြင်တယ်၊ ကျမတို့ ညောင်ရွှေမြို့က နိုင်ငံခြားသား တွေနဲ့ အဓိက မှီခိုလုပ်ကိုင်ကြတာလေ၊ အခုဆို အဆင်မပြေမှုတွေက အများကြီးပါ” ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...