မိုင်းကိုင်မြို့နယ် သျှမ်းတပ်(၂)တပ် တိုက်ပွဲဆက်ဖြစ် စစ်ရှောင် (၂၀၀၀)ကျော် ထွက်ပြေးနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ မိုင်းခွန်ကျေးရွာအုပ်စုမှာ သျှမ်းတပ် (၂) တပ် တိုက်ပွဲဆက်လက် ဖြစ်ပွားသဖြင့် စစ်ရှောင်များ (၂၀၀၀) ကျော် ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇူလိုင် (၁၃) ရက်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲဆက်လက်ဖြစ်ပွားသဖြင့် မိုင်းခွန်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၅) ရွာခန့် မိုင်းကိုင်မြို့နယ်ရှိ ဝမ်ဟွေ့လုံကျေးရွာအုပ်စုမှာ စစ်ရှောင် စုစုပေါင်း (၂၀၀၀) ကျော်ခန့် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မိုင်းခွန်ကျေးရွာအုပ်စု က ထွက်ပြေးလာတဲ့ ပြည်သူတွေ ဖြတ်လေးဖြတ် က သူတို့ ကြုံဖူးတဲ့အတွက် သူတို့အရမ်းစိုးရိမ် ကြတယ်။ မနေ့က တိုက်ပွဲ တစ်နေ့လုံးဖြစ်လို့ ဒေသခံတွေလည်း မနေရဲလို့ အကုန် ထွက်ပြေး လာကြပြီ” ဟု မိုင်းကိုင်စစ်ရှောင် ကူညီပေးနေသည့် အမျိုးသား တစ်ဦးကပြောသည်။

လက်ရှိ ဝမ်ဟွေ့လုံကျေးရွာအုပ်စုမှာ စစ်ရှောင်စခန်း (၄) ခုထားရှိပြီး တစ်ချို့ စခန်းမှာဆို လူဦးရေ (၉၀၀) ကျော်ခန့်ရှိသည့်အတွက် နေရာအထိုင်အခင်းမလုံလောက်သဖြင့် ရွက်ဖျင်တဲထိုးပြီး နေထိုင်ရကြောင်း သိရှိရသည်။

“စစ်ရှောင်တွေက ခုလောလောဆယ် မိုးကာတွေ၊ ဆေးဝါးတွေ၊ စားနပ်ရိကာတွေ လိုအပ်နေတယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် သူတစ်ဦးကပြောသည်။

လွိုင်ဟွန်းတောာင်ကို အကြောင်းပြပြီး တလကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် သျှမ်းတပ် (၂) တပ်ကြောင့် အရပ်သား (၂) ဦး ကျည်ထိမှန်ခဲ့ပြီး စစ်ဘေးရှောင်များ ယနေ့ ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပေ။

လွိုင်ဟွန်းတောင် တိုက်ပွဲကြောင့် လက်ရှိချိန်ထိ ကျေးသီးမြို့နယ်ရှိ စစ်ရှောင် (၂၀၀၀) ကျော်နှင့် မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင် (၂၀၀၀)ကျော် နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲရပ်တန့်ရေးအတွက် သံဃာတော်များ၊ ပြည်သူများက အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း သျှမ်းတပ် (၂) တပ်မှ နားထောင်ခဲ့ခြင်း မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...